ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

javascript

ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်း ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။


“နည်းပညာပိုင်း အကူအညီကို ပေါင်းစပ်နိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဂျပန်ခရီးစဉ်မှာ အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ အကူအညီပေးမှုနဲ့အတူ ဂျပန်နိုင်ငံ JICA အကူအညီနဲ့ Mapping ကို ရေးဆွဲ ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အခုလည်း ဆောင်ရွက်နေတဲ့ အခြေအနေက လာမယ့် နှစ်ဆန်းပိုင်းလောက်မှာ အဆုံးသတ်နိုင်ဖို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။


ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအား ယခင်အစိုးရ လက်ထက်က စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြိုးစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် မြေပုံထွက်ရှိရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မြေပုံထွက်ရှိလာပါက ၎င်းကို ကြည့်ရှုကာ တိကျသည့် ဆုံးဖြတ်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


“အုပ်ချုပ်ရေးစနစ်တစ်ခုကို ဆောင်ရွက်တဲ့ နေရာမှာလည်း ဘယ်နေရာကို ဘယ်လို ထိန်းချုပ်ထားရမယ်။ ဘယ်နေရာကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ အခြေအနေတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် နားမလည်ထားဘူးဆိုရင် အချိန်မရွေး အုပ်ချုပ်ရေးစနစ်က ကျဆုံးသွားမှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အားလုံး မြို့ပြကြီး စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် အခြေအနေတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့အတွက် ဒီနေ့ Mapping ရေးဆွဲရေးက အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။ ဒီအပေါ်ကနေမှီပြီး အားလုံး ညှိညှိနှိုင်းနှိုင်း ပေါင်းစပ်ပြီးတော့ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် JICA Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Source : Eleven Media Group

#condo #flat #house #villa #residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor #leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.