ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ဂျပန်ကုမ္ပဏီတစ်ခု ဟိုတယ်နှင့် အိမ်ရာလုပ်ငန်းတွင် ဒေါ်လာသန်း ၄၀၀ ခန့် မြှုပ်နှံမည်

javascript

ရန်ကင်းမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေတွင် ဂျပန် Kajima ကုမ္ပဏီက ဟိုတယ်နှင့် အိမ်ရာလုပ်ငန်း ဆောက်လုပ်ရန် ကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရင်း နှီးမြှုပ်နှံမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ န ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။


အဆိုပါစီမံကိန်းသည် ရန် ကင်းလမ်းနှင့် ဆရာစံလမ်းထောင့် တွင်ရှိပြီး နှစ် ၇၀ ကြာ လုပ်ကိုင် ခွင့်ရရှိမည်ဖြစ်ကာ ပြည်တွင်း၌ ရာခိုင်နှုန်းပြည့် ဂျပန်နိုင်ငံသားပိုင် ဆိုင်သော ကြီးမားသည့် စီမံကိန်း တစ်ခုဖြစ်သည်။


‘‘မြေက အစိုးရပိုင်မြေပါ။ ရင်းနှီးမြှုပ်နှံမှုမှာ အစိုးရမပါဘူး။ ပုဂ္ဂလိကသီးသန့် ရင်းနှီးမြှုပ်နှံတာ ပါ ’’ဟု ဦးမြင့်နိုင်က ပြောသည်။


အဆိုပါ စီမံကိန်းတွင်အထပ် ၂၀ ပါ ဟိုတယ်တစ်ခုအပါအဝင် အထပ်မြင့်အဆောက်အအုံ သုံးခုပါဝင်ပြီး စီမံကိန်းပြီးစီးပါကကြမ်းခင်းဧရိယာပမာဏ ၁၇၀,၀၀၀ စတုရန်းမီတာ (၄၂ ဧကကျော်) ရှိလာမည်ဟု ဂျပန်ကုမ္ပဏီကဆို သည်။


ယင်းအဆောက်အအုံသည် မြို့ပြအစိတ်အပိုင်းတွင် ပါဝင်နေ ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန် ဆောင်ရွက်ချက် လည်း ပါဝင်မည်ဖြစ်သည်။


ထို့အပြင် သဘာဝဘေး ကာ ကွယ်ရေးအတွက် အစားအစာနှင့် ရေသိုလှောင်မှု စနစ်များလည်း ပါဝင်မည်ဟုဆိုသည်။ ယခုစီမံ ကိန်းသည် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ Kajima ကုမ္ပဏီက လုပ်ကိုင်ခွင့်ရပြီး ဂျပန်မြို့ပြယဉ်ကျေးမှုတစ်ခုကို အာရှနိုင်ငံတစ်ခုတွင် ဖြန့်ကြက် ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ဆိုထားသည်။


စီမံကိန်းအတွက် ရင်းနှီးမြှုပ် နှံမှုကော်မရှင်က ရန်ကင်းနှင့် ဆရာစံလမ်းထောင့်ရှိ မြေကွက် ကိုးကွက်တွင် အိမ်ရာလုပ်ငန်း ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ၂၀၁၇ ဇူလိုင် ၁၁ ရက်တွင် ခွင့်ပြုခဲ့ကြောင်း ကော်မရှင်ကထုတ်ပြန် သည်။


အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်ကုမ္ပဏီတို့သည် နိုဝင်ဘာ ၁၈ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။


Source : 7Daydaily

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.