ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

Hallmark ဟိုတယ်လုပ်ငန်းစုုကို ပေါင် ၇၅ သန်းဖြင့် Top Land ဝယ်ယူ

javascript

ဗြိတိန်၏အကြီးပုဂ္ဂလိကပိုင် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သည့် Top Land သည် Hallmark ဟိုတယ်များကို ပေါင် ၇၅ သန်းဖြင့် ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်မှဖော်ပြသွားခဲ့သည်။ Hallmark ဟိုတယ်လုပ်ငန်းစုတွင် ကြယ်လေးပွင့်အဆင့်ရှိပြီး အခန်းပေါင်း ၇၃၀ ပါဝင်သည့်ဟိုတယ် ၈ လုံးပါဝင်ပြီး ၂၀၀၇ ခုနှစ်ကစ၍ Bridge Point စီးပွားရေးလုပ်ငန်းစုမှ ပေါင် ၅၅ သန်းဖြင့်ဝယ်ယူပိုင်ဆိုင်ထားခဲ့သည်။ ယခုအခါ Bridge Point လုပ်ငန်းစုသည် Top Land သို့လွှဲပြောင်းရောင်းချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ Top Land ကုမ္ပဏီသည် ယခင်ကတည်းက ဗြိတိန်တစ်ဝှမ်း၌ ဟိုတယ် ၂၂ လုံး အထိပိုင်ဆိုင်ထားခဲ့ပြီး ယခုအခါ Hallmark ဟိုတယ်များကို ထပ်မံဝယ်ယူလိုက်ခြင်းဖြင့် စီးပွားရေးအင်အားတိုးချဲ ့လိုက်ခြင်းဖြစ်သည်။ Top Land ၏ ဟိုတယ်လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ လီယွန်နယ်ဘင်ဂျမင်က “ဟိုတယ်လုပ်ငန်းဟာ ကျွန်တော်တို့ လုပ်ငန်းစုအတွက် စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပါပဲ။ ဒီလုပ်ငန်းမှာ အကျိုးအမြတ်အများဆုံးရရှိနိုင်မယ်လို့လည်း ကျွန်တော်တို့ယံကြည်ထားပါတယ်”ဟု ဆိုခဲ့သည်။


Credit: Shwesathtagan 

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.