ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

မန္တလေးကို Smart City အဖြစ်ပြုလုပ်ရန် ပြင်သစ်ကူညီမည်

javascript
မန္တလေးမြို့ကို Smart City အဖြစ် ပြုလုပ်ရန် ပြင်သစ်နိုင်ငံမှလိုအပ်သော နည်းပညာ၊ ငွေကြေးများကူညီပေးသွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီ ဒုတိယမြို့တော် ဝန်ဦးရဲမွန်က ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။

''Smart City အဖြစ် ပထမဆုံး Clean City ဖြစ်အောင် Green City ဖြစ် အောင် အရင်လုပ်နေရတုန်းပါ။ Clean City ကိုသွားနေတဲ့အချိန်မှာ Smart City ကိုပါ ဖြစ်အောင်လုပ်၊ ကျန်တဲ့ကိစ္စတွေကိုလည်း တစ်ခါတည်းတွဲလုပ်သွားရမှာပေါ့။ အဲဒီအတွက် ပြင်သစ်ကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကို အကုန်လုပ်ပေးမယ်။ Smart City
တစ်ခုဖြစ်ဖို့က တော့ သူ့ရဲ့ကဏ္ဍပေါင်းစုံက တိုးတက်ရ မယ်ဆိုတော့ နည်းနည်းတော့ ကျယ်ပြန့်ပါတယ်''ဟု ယင်းက ရှင်းပြသည်။

Smart City အဖြစ် ပြောင်းလဲရန်အတွက် အကူအညီပေးမည့် ပြင်သစ်နိုင်ငံအနေဖြင့် ယင်းတို့၏ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်အကြောင်း၊ ဂေဟစနစ်နှင့်လိုက်လျောညီထွေမည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန် ပြုလုပ်ထားပုံ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုကိုအန်တုနိုင်ရေး စသည်တို့ ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရှင်းပြထားကြောင်းလည်း သိရသည်။ 

''မန္တလေးကို Clean City ဖြစ်စေ ဖို့ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အမှိုက်သိမ်းစနစ် အဆင့်မြှင့်တင်ခြင်းဆိုတာ လေးကိုတော့ လုပ်နေပါတယ်။ ဒါကတော့ ရပ်ကွက်တွေမှာ ပြည်သူလူထုတွေကို အမှိုက်ကို အိတ်ကလေးတွေနဲ့ပစ်ဖို့ စပြီး လုပ်နေပါတယ်။ ပြည်သူကိုပညာပေးပြီး တော့ ပြည်သူလူထုက ပူးပေါင်းပါဝင်လာ ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဒီအမှိုက် ကို ခွဲခြားစွန့်ပစ်တဲ့နည်းကို ဆက်သွားမယ်"ဟု ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
မန္တလေးမြို့တွင် အဆောက်အအုံ များကို စီမံချက်ဖြင့် တောက်လျှောက်လုပ် ဆောင်နေကြောင်း၊ ယခုအခါ မြေသားလမ်းများကို ကျောက်ချောလမ်းအဖြစ် လုပ်ဆောင်ပြီး ယင်းမှတစ်ဆင့် ကတ္တရာ၊ နိုင်လွန်ကတ္တရာလမ်း စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ၁ ရက်က မန္တလေး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြင်သစ် နိုင်ငံမှတာဝန်ရှိသူများ ပူးပေါင်းဆွေးနွေး မည့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံ ခန့်ခွဲမှုဖိုရမ်ကို (SMART & SUS-TAINABE CITIES FRANCE-MYANMAR) ကျင်းပပြုလုပ်ခဲ့သေးကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ အောက်တွင် ပုသိမ်ကြီးမြို့နယ်တစ်ခုမှ လွဲ၍ မြို့နယ်ခြောက်မြို့နယ်ရှိပြီး လူဦးရေ မှာ ၁ ဒသမ ၅ သန်းရှိကြောင်း မန္တလေး မြို့ စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ သိရသည်။ 

Source : Pyi Myanmar

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.