ရန်ကုန်-ဒလ တံတားစီမံကိန်း တည်ဆောက်စဉ် ကာလအတွင်း
အများပြည်သူသွား လာရလွယ်ကူစေရေးအတွက် လမ်း ဖောက်ရန် လိုအပ်သည့်အကျယ် အဝန်းကိုမြေရှင်များထံမှ လေးနှစ်တာ
မြေငှားခဲ့ကြောင်းသိရသည်။
ယင်းမြေငှားရမ်းခ ပေးအပ်ပွဲ ကိုမတ်လ ၁၆ရက်တွင်
ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ကမာကဆစ် အနောက် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး မြို့ပြတည် ဆောက်ရေးအဖွဲ့(၂) တံတားဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၊ ဦးတင်ဦးက ""ဒီနေ့လျော်ကြေးပေးတာက တံတား တည်ဆောက်မယ့် ဧရိယာမီတာ ၄၀ အတွင်းမှာပါနေတဲ့ မလွတ်ကင်းတဲ့ ၈ပေ၃လက်မအတွက်ကို လေးနှစ်စာ ငှားရမ်းခပေးအပ်တာရယ်။ အဲဒီ ဧရိယာအတွင်းက အဆောက်အအုံ ရယ်၊ ဆိုင်ခန်းတွေအတွက်ပေးတာ ပါ။ တံတားတည်ဆောက်နေတဲ့အ တွင်းမှာ သွားလို့လာလို့ရအောင် ပြည်သူတွေ
အတွက် တည်ဆောက် ရေး ကာလလေးနှစ်အတွင်းလမ်း ဖောက်ပေးဖို့ပါ။ တံတားပြီးတာနဲ့ ခြံစည်းရိုးပြန်ကာလို့ရပါပြီ""ဟု ဒီမို ကရေစီတူဒေးသို့ပြောသည်။
ပထမအကြိမ်အဖြစ် တံတား စီမံကိန်းအတွင်း ကျရောက်နေသော မြေ ၇ ပေ ၃ လက်မအတွက် သက်ဆိုင် ရာပိုင်ရှင်များအား လျော်ကြေးကို ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ကျပ် သန်း ၁ဝဝဝ ကျော်ပေးပြီးဖြစ်ကြောင်း ယခုဒုတိယအကြိမ်အဖြစ် လမ်းဖောက် လုပ်ရန် ၈ပေသုံးလက်မအတွက်ငှား ရမ်းခနှင့် အဆိုပါဧရိယာအတွင်းရှိ အဆောက်အအုံများ ဖျက်ပေးရခြင်း အတွက် လျော်ကြေးပေးခြင်းဖြစ် ကြောင်း စည်ပင်ပိုင်မြေအတွင်းရှိ မလွတ်ကင်းသည့် အဆောက်အအုံ များ ဆိုင်ခန်းများအတွက်လည်း
လျော်ကြေးပေးမည်ဖြစ်ကြောင်း ၄င်း က ဆက်လက်ပြောသည်။
""ပထမတစ်ခါက ကျွန်တော် တို့ကမြေသိမ်းတဲ့အတွက် လျော်ကြေး
ပေါ့နော်။ ကျွန်တော်တို့ကစည်ပင် လမ်းပေ ၁ဝဝရဲ့တစ်ဖက်တစ်ချက်စီ ကမြေ၁၅ပေ၆လက်မသိမ်းတာ။ပေနဲ့တွက်ရင် အကြမ်းဖျင်းအားဖြင့် ၁၅ပေ၆လက်မဆိုတဲ့ အထဲမှာ ရပေ သုံးလက်မကအပြီး သိမ်းတာဖြစ်ပြီး တော့နောက်က ၈ ပေသုံးလက်မက ငှားတာပါ""ဟု ဦးတင်ဦးကပြော သည်။
တံတားကိုကိုရီးယားအဖွဲ့မှ ဒီဇိုင်းထုတ်လုပ်နေပြီး ယင်းဒီဇိုင်း ထုတ်ခြင်းမှာ
၈ လခန့်ကြာမည် ဖြစ်ကြောင်းတံတားကို ၂၀၁၈ ဇန် နဝါရီတွင် စတင်တည်ဆောက်နိုင် မည်ဟု ခန့်မှန်းကြောင်း၄င်းကပြော သည်။
""သင်္ကြန်ကျော်ပြီးရင်တော့ ကျွန်တော်တို့ကြားတာက ရုံးချုပ် လူကြီးတွေ အစီအမံနဲ့တံတားစီမံ ကိန်းနေရာတွေကို ခြံစည်းရိုးခတ် ဖို့အစီအစဉ်ရှိပါတယ်။ အဆောက် အအုံနဲ့ပတ်သက်ပြီး လျော်ကြေးပေး ပြီးသွားပြီဆိုတဲ့အခါမှာ လျော်ကြေး ယူထားတဲ့ အဆောက်အအုံပိုင်ရှင် တွေက ကိုယ့်အဆောက်အအုံကိုရွှေ့ ထားဖို့လိုတာပေါ့။ ဖယ်ထားပေးရ မယ်။ သင်္ကြန်ကျော်ပြီးနောက်ပိုင်းမှာခြံစည်းရိုးခတ်မယ်။ ဒီဧရိယာ အတွင်းမှာ ကိုရီးယား-မြန်မာချစ်ကြည် ရေး တံတားတည်ဆောက်ရေးစီမံ ကိန်း၊ စီမံခန့်ခွဲမှုရုံးလာဆောက် မှာပါ""ဟုဦးတင်ဦးကပြောသည်။
ယင်းသို့ငှားရမ်းမည့် အိမ်ထောင်စု၆၈စုရှိပြီး ငှားရမ်းခ
ကုန်ကျ ငွေစုစုပေါင်းကိုမူ မတ် ၁၇ ရက်မှသာ သိနိုင်မည်ဟုသိရသည်။
မတ်လ၁၆ရက်နေ့တွင် မြေ ငှားရမ်းခငွေ လာရောက်ထုတ်သူများ
ရှိသော်လည်း လာရောက်ထုတ်ယူ ခြင်းမရှိသေးသူများရှိသလို အချက် အလက်မပြည့်စုံသဖြင့် မတ် ၁၇ ရက် ကျမှကျန်ရှိသူများအား ဆက်ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားစီမံကိန်းနှင့် ပတ်သက်ပြီးမြေငှားရမ်းခ လာရောက် ထုတ်ယူသူ ဦးတင်အောင်မြင့်က""လျော်ကြေးအပိုင်းလည်း ဘာမှပြော စရာမရှိပါဘူး။ လက်ခံတယ်။ အဓိက ကတံတားဖြစ်ဖို့ပဲ။ ကျွန်တော်လည်း အများနည်းတူဖျက်ပေးရမှာပါ။ ဒီ တံတားစီမံကိန်းက အခုမှမဟုတ်ဘူး။ အရင်ခေတ်အဆက်ဆက်က တည်းက တံတားထိုးမယ်ဆိုတာ
ပြောနေတာကြာပြီ။အခုအကောင် အထည်တကယ်ပေါ်လာတော့
ဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်""ဟု ဒီမိုကရေစီတူဒေးသို့
ပြောသည်။
ဒီမိုကရေစီတူဒေး၏ မတ်လ ၁၆ ရက်စုံစမ်းမှုအရ မြေငှားရမ်း ခြင်းအပေါ် ကန့်ကွက်သူမရှိကြောင်း သိရသည်။
တံတားတည်ဆောက်မှုမှာ ၂၀၂၁ ခုနှစ်ဇွန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ယင်းတံတားကို ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ EDCF Loan မှ ချေးငွေအမေရိကန်ဒေါ် လာသန်း ၁၃၇ ဒသမ ၈၃၃နှင့် ပြည် တွင်းလိုအပ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၄၁သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်းခန့် မှန်းကုန်ကျစရိတ်
(အမေရိကန်ဒေါ် လာ) ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျ မည်ဖြစ်ကြောင်းသိရသည်။
Source : Democracytoday
Facebook comments