ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို CB ဘဏ်က ချေးငွေပေးမည်

javascript

ပည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) ကုန်ထုတ်လုပ်ငန်းများအ တွက် CB ဘဏ်မှ ကျပ်သန်းပေါင်း ၄၃၀၀ ကျော်(ယူရို ၃ သန်းကျော်) ကို ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့ ဆူးလေရှန်ဂရီလာ ဟို တယ်၌ ချေးငွေကို သြဂုတ်လမှ စတင် ချေးပေးမည်ဖြစ်ကာ SME လုပ်ငန်း ရှင်များသို့ ထုတ်ချေးရာတွင် ချေးငွေသက်တမ်းမှာ ၁ နှစ်မှ ၅ နှစ်အထိ ကာလ တိုနှင့် ကာလရှည် ၂ မျိုး ဖြစ်ကြောင်း၊ လုပ်ငန်းရှင် တဦးလျှင် မြန်မာကျပ်ငွေ သိန်းပေါင်း ၁ ထောင် အထိ CB ဘဏ်သို့ လျှောက်ထား ချေးယူနိုင်ကြောင်း၊ အပေါင်ပစ္စည်းပေးစရာ မလိုဘဲလည်း ချေးယူနိုင်မည် ဖြစ်သည်။


ပြုလုပ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ကူညီထောက်ပံ့ပေးမည့် ချေးငွေ အမျိုးစားသစ် မိတ်ဆက်ပွဲမှ သိရသည်။


CB ဘဏ်၏ အသေးစားနှင့် အလတ်စား ချေးငွေဌာနခွဲ တာဝန်ခံ Saw Dino Ku က ” ဒီချေးငွေက ဂျာမနီနိုင်ငံ KFW bank က မြန်မာနိုင်ငံ အစိုးရကို ပံ့ ပိုးငွေပေးထားတာ ဖြစ်ပါတယ်။ ဒါကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဌာနေ အာက်ကနေ တဆင့် CB ဘဏ်ကို ပေးတာဖြစ်တယ်။ ကျနော်တို့ CB ဘဏ် ကနေ ဒီချေးငွေ ၄ ဒသမ ၄၅ သန်းကို သြဂုတ်လထဲမှာ တနိုင်ငံလုံး မှာ ရှိတဲ့ SME လုပ်ငန်းရှင်တွေကို စတင်ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ SME လုပ်ငန်း များအတွက် ယူရို ၃ ဒသမ ၃ သန်းချေး ပေးမှာပါ။ အဲဒီထဲက ၁ ဒသမ ၁၅ သန်းကိုတော့ Bank လုပ်ငန်းဆိုင်ရာ နည်းပညာပိုင်းတွေမှာ ဂျာမနီနိုင်ငံက အကူညီပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။


ဆက်လက်၍ Saw Dino Ku က”ဘာလို့ဆိုတော့ ချေးငွေရဲ့ ၇၅ ရာခိုင်နှုန်း က မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းမှာ ရင်းနှီးမြှုပ်နှံ ရမယ်ဆိုတော့ သူတို့နဲ့ ကိုက်ညီတာက ကုန်ထုတ်လုပ်တဲ့ SME လုပ်ငန်းတွေက ပိုကိုက်ညီပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်း က လည်ပတ်နေတဲ့ ငွေကြေးမှာ အသုံးပြုသွား မှာ ဖြစ်ပါတယ်။ အတိုးနှုန်းက အပေါင်ပစ္စည်းထားပြီး ချေးရင် တနှစ်ကို ၈ ဒသမ ၅ ရာခိုင်နူန်းဖြစ်တယ်။ အပေါင်ပစ္စည်း မပါဘဲ ချေးမယ်ဆိုရင် ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်’’ ဟု ပြောသည်။


SME လုပ်ငန်းရှင်များ အနေဖြင့် အပေါင်ပစ္စည်းထားရှိပြီး ချေးငွေ ထုတ်ချေး လျှင် မရွှေ့ပြောင်းနိုင်သော အိမ်ခြံမြေ လုပ်ငန်းများကို ထားရှိပြီး ချေးယူရ မည် ဖြစ်ကြောင်း သိရသည်။

သမဝါယမဘဏ် (CB Bank) က ပြည်တွင်းလုပ်ငန်းရှင်များသို့ ထုတ်ချေး မည့် ချေးငွေများကို ၃ ဒသမ ၅ ရာခိုင်နူန်းဖြင့် စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီး ဌာနသို့ ၁၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။


German Embassy Development Counsellor အာရှေ့အာရှနှင့် ပစိ ဖိတ်ဒေသဆိုင်ရာ အရာရှိ ဖြစ်သူ Dr.Katharia Spiess က “ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍတွေကို ချေးငွေ စီမံကိန်းလုပ်ထားတာတွေ ရှိတယ်။ အဲဒါအ တွက် မြန်မာအစိုးရ ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍရေး ဝန်ကြီးဌာနကိို ထား လိုက်တယ်။ အဲဒီက တဆင့် CB ဘဏ်ကို ရွေးချယ်လိုက်တာက SME လုပ် ငန်းတွေမှာ ရှေ့ပြေးနေတဲ့ ဘဏ်ဖြစ်တဲ့ အတွက် ရွေးချယ်တာ ဖြစ်တယ်’’ ဟု ပြောသည်။


ဂျာမနီနိုင်ငံအနေဖြင့် မြန်မာအစိုးရသို့ ၁၉၉၈ ခုနှစ်မှ စတင်ပြီး ထောက် ပံ့ငွေ ပေးခဲ့သည်မှာ ယူရိုငွေ ၉၀ မီလီလျှံ ရှိပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ SME လုပ်ငန်းများအတွက် အစီအစဉ်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။


ယခုထုတ်ချေးပေးသည့် ချေးငွေ၏ အကျိုးသက်ရောက်မှု အခြေအနေပေါ် မူတည်ပြီးချေးငွေများကို အစိုးရချင်း သဘောတူညီမှုနှင့် ငွေကြးပမာဏ တိုးြ မင့် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် SME လုပ်ငန်းများကို ပထမ အဆင့် အနေနှင့် ထုတ်ချေးပေးပြီး ဒုတိယအဆင့်အနေဖြင့် ထပ်မံ ထုတ်ချေးပေးရန် ၅ နှစ်စီမံကိန်း ကို မြန်မာ အစိုးရနှင့် သဘောတူညီချက် စာချုပ်များ ချုပ်ဆိုသွားမည် ဖြစ်သည်။


Source : Irrawaddy

#realestate #property #lease #buy #sell #apartment #condo #flat#house

#villa #residence #office #commercial #residential #realtor #agency#agent

#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.