ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

တံတားစီမံကိန်း အသက်ဝင်လာသော်လည်း ဒလအိမ်ခြံမြေစျေး ငြိမ်သက်

javascript

ရန်ကုန် ဒလမြစ်ကူးတံတား အကောင်အထည်ဖော်မှု စတင် အသက်ဝင်လာသော်လည်း ဒလအိမ်ခြံမြေ စျေးကွက်မှာမူ အရောင်းအဝယ် သွက်လက်လာခြင်းမရှိတော့ ဟု အိမ်ခြံမြေရောင်းဝယ်ရေး အကျိုးဆောင်းများက ပြောသည်။ စျေးကအမြင့်ပိုင်းမှာရှိပေမဲ့ အရောင်းအဝယ်က ခပ်အေးအေးပဲ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဒုတိယဥက္ကဌ ဦးစိုင်းခွန်နောင်က ပြောသည်။ ရန်ကုန်-ဒလတံတားစီမံကိန်း ဧရိယာနှင့် မလွတ်ကင်း သည့် အဆောက်အအုံ များကို စက်တင်ဘာမှ စတင်ကာ ဖျက်သိမ်းဆောင်ရွတ်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် တံတားတည်ဆောက်ရေး စတင်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုထားသည်။ တံတားက ဆောက်မယ်၊ ဆောက်မယ် ခဏခဏ သတင်းတွေ ထွက်နေပေမဲ့ ဝယ်မယ့်သူတွေက စောင့်ကြည့်အခြေအနေမျိုး ဖြစ်နေတယ်ဟု ဒလမြို့အခြေအနေမျိုး ဖြစ်နေတယ် ဟု ဒလမြို့ အခြေစိုက် အောင်မိသားစု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမြင့်ကပြောသည်။ လွန်ခဲ့သော ငါးနှစ်က ဒလအိမ်ခြံမြေ မြန်မာနှင့် ကိုးရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ရန်ကုန်-ဒလတံတား တည်ဆောက်ရေးစီမံကိန်း အစီအစဉ်သည် ၂၀၁၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။၂၀၁၃ ခုနှစ်တွင် ရန်ကုန် ဒလမြစ်ကူးတံတားတည်ဆောက်မည့် သတင်းများကြောင့် ဒလအိမ်ခြံမြေစျေးနှုန်းများ အလျင်အမြန်မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။ သို့သော် တံတားစီမံကိန်းသည် လှုပ်ရှားမှုများ ရှိမလာဘဲ အသံများ တိတ်ဆိတ်သွားပြန်ရာ ဒလအိမ်ခြံမြေစျေးမှာ ထက်ဝတ်ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပြီး ဝယ်ယူမည့်သူ မရှိသလောက် ဖြစ်ပွားခဲ့သည်ဟု ၂၀၁၃-၂၀၁၄ ခုနှစ်က ဝန်းကျင်အခြေအနေကို အိမ်ခြံမြေအကျိုးဆောင်များက ပြန်းပြောင်းပြောကြသည်။ '' ဟိုတုန်းကတော့ အိမ်ရှေ့မှာ ကားတံခါးဖွင့်ပြီး ရောင်းမလားလို့တောင် မေးတဲ့အထိကို ပွဲကြမ်းခဲ့တယ်။အခုတော့ အဲလိုမျိုးမရှိတော့ဘူး '' ဟု ဒလမြို့အခြေစိုက် အောင်မိသားစု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမြင့်ကပြောသည်။ တံတားစီမံကိန်း ပြန်အသက်ဝင်ယခင်အစိုးရလက်ထက်တွင် ရပ်နားခဲ့သည့် ဒလတံတားစီမံကိန်းမှာ လက်ရှိအစိုးရလက်ထပ်တွင် ပြန်လည်အသက်ဝင်လာခဲ့ပြီး မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်ဖြင့်ပင် ဒလတံတားတည်ဆောက်ရေးကို ဆက်လက်အကောင်အထည်ဖော်မည်ဟု အစိုးရက ၂၀၁၆ ခုနှစ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် တံတားတည်ဆောက်ရေးစီမံကိန်း အတွက် တံတားဧရိယာနှင့် မလွတ်ကင်းသည့်မြေနေရာနှင့် အဆောက်အအုံများကို လျော်ကြေးပေးပြီး စတင်ရှင်းလင်းမေပြီဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို နှစ်ကုန်တွင်စတင်ရန် မျှော်မှန်းထားပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်မှန်းထားသည်။ ဘာကြောင့် အရောင်းအဝယ်အေး တစ်ချိန်က တံတားစီမံကိန်း သတင်းကြောင့် ဒလအိမ်ခြံမြေစျေးကွက် လှုပ်လှုပ်ခက်ခက်ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ တံတားစီမံကိန်းလုပ်ငန်းများ အမှန်တကယ် စတင်နေသော်လည်း ယခင်ကဲ့သို့ အရောင်းအဝယ်အများ အပြားမဖြစ်တော့ပေ။ '' တချို့လည်း ပိုက်မိထားတော့ အောက်စျေးနဲ့ဆိုရင် မရောင်းချင်ကြဘူး ။ဆက်ကိုင်ထားတာပေါ့ တချို့နေရာတွေလည်း ဟိုတုန်းကတည်းက ဝယ်ပြီးသားတွေလည်း ဖြစ်ကုန်ပြီလေလို့ '' အောင်မိသားစုအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမြင့်ကပြောသည်။ အိမ်ခြံမြေစျေးကွက် တစ်ခုလုံး အရောင်းအဝယ် လည်ပတ်မှု နည်းပါးနေသဖြင့် လည်း ဒလအိမ်ခြံမြေစျေးကွက်မှာလည်း ဆက်စပ်သက်ရောက်သည့် အနေဖြင့် စျေးကွက်များစွာ လှုပ်ရှားမှုမရှိခြင်း ဖြစ်နိုင်ကြောင်း ဦးစိုင်းခွန်နောင်က သုံးသပ်သည်။ ဒလမြို့နယ်၏ အိမ်ခြံမြေအရောင်းအဝယ် အေးလျက် ရှိသော်လည်း စျေးနှုန်းများမှာမူ လျော့ကျသွားခြင်းမရှိဘဲ နေရာအချက်အချာကျမှုအပေါ် မူတည်ကာ မြင့်မားသည့်စျေးများ ပေါက်နေဆဲဖြစ်သည်။ '' အရင်လိုမျိုး အရောင်းအဝယ်တွေကြမ်းဖို့ မရှိတော့ပါဘူး။ကြိုက်ရောင်း၊ကြိုက်ဝယ်တွေပဲရှိမယ် '' ဟုဦးမြင့်ကပြောသည်။


Source : Myanmar Times

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.