ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

တံတားတည်ဆောက်ရန် ကျိန်းသေပြီဖြစ်သော်ငြား ဒလအိမ်ခြံမြေ စျေးကွက်ငြိမ်သက်နေဆဲ

javascript

ကိုရီးယား မြန်မာချစ်ကြည်ရေးအဖြစ်တည်ဆောက်မည့် ဒလတံတားဆောက်လုပ်ရေးစီမံကန်းသည် တရားဝင် အတည်ပြုလိုက်ပြီဖြစ်သော်လည်း တံတားအနီးပတ်ဝန်းကျင်နှင့် ဒလမြို့နယ်ဘက်တွင် အိမ်ခြံမြေ စျေးများလှုပ်လှုပ်ရှားရှားမရှိသေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။


ဒလဘက်ကမ်းဖြစ်သော ကွမ်းခြံကုန်းမြို့နယ်ဘက်တွင် အိမ်ခြံမြေထက် လယ်ယာမြေဝယ်ယူသူများရှိနေ ကြောင်း၊ တံတားတည်ဆောက်မည့်နေရာနှင့် အနီးတစ်ဝိုက်ရှိ လယ်မြေများကို ဝယ်ယူလိုသူများရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောသည်။


''တံတားတည်ဆောက်ဖို့ သေချာသွားပြီဆိုတော့ ရောင်းချင်တဲ့သူတွေကတော့ နဲနဲလှုပ်ချင်တယ်၊ ဒါပေမဲ့အဝယ်ကပါးနေတော့ သိပ်လှုပ်လှုပ်ခတ်ခတ်မရှိသေးဘူး၊ ဝယ်မယ့်သူလည်းမရှိတော့ စျေးအများကြီးခေါ်လို့မရဘူး'' ဟု ဒေါ်မို့မို့အောင်က ဆိုသည်။


၂ဝ၁၄ ခုနှစ်ခန့်က ဒလဘက်ကမ်း လမ်းမနှင့်နီးသောနေရာရှိလယ်မြေများမှာ တစ်ဧကလျှင် ငွေကျပ်သိန်း၁,ဝဝဝ ခန့်အထိ မြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင်ယင်းလယ်မြေများမှာ တစ်ဧကလျှင် ငွေကျပ်သိန်း ၅ဝဝ ခန့်ခေါ်စျေးရှိကြောင်း လမ်းအတွင်းဘက်လယ်မြေများမှာ သိန်း ၁၅ဝမှ ၂ဝဝ ကြားရှိကြောင်း ၄င်းက ဆိုသည်။တံတားတည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မြို့ကိုအနီးဆုံးလာရောက်နိုင်မည်ဖြစ်သဖြင့် အထိုက်အလျောက်စျေးတက်ခြင်းများရှိနိုင်ကြောင်း၊ သို့သော် လူနေမှုစနစ်အတွက်အရေးကြီးသော ရေ၊ မီး အဆင်ပြေမှ ဝယ်သူ များစိတ်ဝင်စားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။


ယခင်က အစိုးရ၏ စီမံကိန်းတစ်ခုခု လုပ်မည်ဟုသတင်းထွက်သည်နှင့် မကြာမီမှာပင် အိမ်ခြံမြေစျေးများထိန်း၍မရနိုင်လောက်အောင် ထိုးတက်ခဲ့သည်များရှိသော်လည်း ယခုနောက်ပိုင်းတွင် စျေးကွက်အခြေအနေ ငြိမ်သက်လျက်ရှိကြောင်း ဒလအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုဇော်က ပြောသည်။


''တံတားတည်ဆောက်ဖို့ သေချာသွားပေမဲ့ စျေးကတော့ အရမ်းလှုပ်ခတ်နေတာ မရှိပါဘူး၊ နည်းနည်းတော့ စျေးတက်လာတယ်၊ ဒါပေမဲ့ အရင်တုန်းကလိုတော့ ချက်ချင်းကြီး ထိုးတက်လာတာမျိုးမရှိပါဘူး''ဟု ကိုဇော်ကဆိုသည်။


စျေးလှုပ်ခတ်မှု မရှိခြင်းမှာ အဝယ်အေးနေခြင်းကတစ်ကြောင်း၊ အိမ်ခြံမြေစျေးကွက်မှာ ယခင်ကတည်းက အေးစက်နေခြင်းကြောင့်တစ်ကြောင်း ဖြစ်နိုင်ကြောင်းလည်း ၄င်းက မှတ်ချက်ပေးသည်။


ယခင်က ငွေကျပ် သိန်း ၃ဝဝ ခန့်ရှိသော ပေ ၂ဝ ပေ ၆ဝ ရှိသော မြေကွက်ကို ယခု သိန်း ၄ဝဝ နှင့် ၅ဝဝ ဝန်းကျင်ခန့် စျေးခေါ်မှုများရှိကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က အိမ်ခြံမြေစျေးများ သုံးကြိမ်ခန့် ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့ပြီးနောက် အိမ်ခြံမြေစျေးများ ငြိမ်သက်သွားခဲ့ရာ ယခုအချိန်ထိပင် ဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။


တံတားတည်ဆောက်ခြင်းကို ယခုလာမည့် ဧပြီလတွင် စတင်မည်ဖြစ်သည့်အတွက် တံတားပတ်ဝန်းကျင်ရှိ မြေယာလျော်ကြေးပေးခဲ့ပြီးသော အဆောက်အအုံများမှာ ယခုလကုန်တွင် အပြီးသတ်ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။


ထို့ပြင် တံတားစီမံကိန်းအူကြောင်း မီတာ ၄ဝ အတွင်း မလွတ်ကင်းသည့် အဆောက်အအုံနှင့် မြေကွက်များအတွက် မြေယာလျော်ကြေးများကိုလည်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ဒလမြစ်ကူးတံတား အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား ဖြစ်ပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီး ချင်းရ၅ တန်ရှိကြောင်း၊ စုစုပေါင်းတံတားအရှည်မှာ ၆,၁၄၄ပေရှည်လျားပြီး ပင်မတံတားအရှည်မှာ ၁,၉၃၆ ပေရှိကြောင်း၊ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၉ မီတာရှိပြီး အကျယ်မှာ ၃၂ဝ နှင့် တန်ချိန်တစ်သောင်းခွဲ ပင်လယ်ကူးသင်္ဘောကြီးများအောက်မှ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း လမ်းတံတားဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။


အဆိုပါ တံတားကို ကိုရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၄၁ သန်း ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ တံတားကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


Source : The Myanmar Times

#realestate #property #lease #buy #sell #apartment #condo #flat#house

#villa #residence #office #commercial #residential #realtor #agency#agent

#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.