ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ရန်ကုန်မြို့ ရှိ ဆောက်လုပ်ဆဲတိုက်ခန်း ကွန်ဒိုတွေရဲ့ အရစ်ကျငွေပေးချေမှု အခြေအနေ

javascript

ရန်ကုန်မြို့ရဲ့ ဆောက်လုပ် ဆဲ တိုက်ခန်းတွေရဲ့ ငွေပေးချေမှု အခြေ အနေ၊ အရစ်ကျငွေပေးချေ မှု ပုံစံနဲ့ ဆောက် လုပ်ပြီး စီးမယ့် ခုနှစ်ကိုဖော် ပြပေးလိုက်ပါ တယ်။


+++ Bagan Apartment +++


အမှတ် ၆၁၇ Apartment မှာ ပုဂံလမ်း (၅) ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပြီးတော့ ငွေပေးချေမှု စနစ်မှာ ၃၀ ရာခိုင်နှုန်း လက်ငင်းပေး ချေရမှာ ဖြစ်ပြီး 

ကျန်ငွေကို ကမေıာဇဘဏ် သို့မဟုတ် စီဘီဘဏ် နဲ့ ချိတ်ဆက်ပြီးတော့ ငါးနှစ်အရစ်ကျပေးချေရမှာ ဖြစ်ကြောင်း သိရပါ တယ်။


ပရောဂျက်ကို ၂၀၁၈ ခုနှစ် အောက်တို ဘာလ စတင်မှာ ဖြစ်ပြီး ၂၀၁၉ ဒီဇင် ဘာလ မှာ ပြီးစီးမယ်လို့ ခန့်မှန်းထား ကြောင်း သိရပါတယ်။ အထပ်ပေါင်း ခြောက်ထပ် ရှိပြီး တစ်လွှာမှာ နှစ်ခန်း ပါ ဝင် ပါတယ်။ အခန်း အကျယ်အဝန်းမှာ ၁၇ ပေ x ၅၄ ပေ ဖြစ် ပါ တယ်။ အခန်းဈေးနှုန်းတွေမှာ ကျပ် ၇၃၅ သိန်းက ကျပ် ၁၃၇၅ သိန်းထိ ရှိပြီး အထပ်အနိမ့် 

အမြင့် အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားသွားပါတယ်။


ပရောဂျက်ကို ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးက တာဝန်ယူဆောက် လုပ်ပြီး ကိုယ်ပိုင် မော်တာ၊ ကိုယ်ပိုင်မီတာ ၊ အရန်မီးစက်၊ ထရန် စဖော် မာ တစ်လုံး ၊ 

တိုက်ခန်းလုံခြုံရေး စနစ် စတဲ့ facilities တွေပါဝင်ကြောင်း Myanmar Builders Guide က သိရပါတယ်။


+++ အမှတ် (၉) ညာ နဲ့ အမှတ်၈၆၀ +++


အမှတ် (၉) (ညာ) ဗိုလ်တေဇ ၄ လမ်း (ဂ) ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ် နဲ့ အမှတ် ၈၆၀ ဗိုလ်တေဇ (၄) လမ်း (ဂ) ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်က 

လူနေခွင့် ရရှိပြီး အခန်းတွေကို ဝယ်ယူနိုင်ပါတယ်။


အမှတ် ၉ Apartment မှာ အကျယ်အဝန်းမှာ ၂၂ ပေ x ၅၁ ပေ ရှိပြီး MB-1,BR-2 ပါရှိပြီး ပိုင်ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ ကိုယ်ပိုင်မီတာ၊ 

ကိုယ်ပိုင်မော်တာ၊ အလို အ လျောက် မီးသတ် စနစ်၊ မီးဖို ကောင်တာ ၊ မီးဖို ခန်း ငါးပေကြွေပြားခင်းကပ်၊ ဧည့်ခန်း၊ အိမ်သာ၊ ကိုရီးယားပါကေးခင်း ဖြစ်ပါတယ်။


အမှတ် ၈၆၀ Apartment အကျယ် မှာ ၁၉ ပေ x ပေ ၅၀ ဖြစ်ပြီး ပိုင်ဖောင်ဒေး ရှင်း ဖြစ်ပါတယ်။ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင် မော်တာ၊ မီးဖိုကောင်တာ၊ ကြွေပြားခင်း၊ ကပ်၊ ရေချိုးခန်း အိမ်သာကြွေပြားခင်း၊ ကပ်ပါဝင်ပါတယ်။ အခန်းအရစ်ကျ ဝယ်လိုပါက အရစ်ကျစနစ် သို့မဟုတ် ကမ္ဘောဇဘဏ် ၊ ဧရာဝ တီဘဏ်နဲ့ ချိတ်ပြီး HP စနစ်နဲ့ ဝယ်နိုင်ပါ တယ်။


+++ ဓမ္မဒါန ကွန်ဒို +++


အမှတ် ၁၈ ဓမ္မဒါနလမ်းနဲ့ ဇဋိလလမ်း ထောင့်၊ တာမွေမြို့နယ်မှာ တည်ရှိပြီး ၃ဝရာခိုင်နှုန်း လက်ငင်းပေးချေပြီးကျန်ငွေကို နှစ်ကြိမ်ခွဲသွင်းကာ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက် ဝယ် နိုင်ပါတယ်။

၄င်းကွန်ဒိုမှာ ဘီဘီစီကျပြီး အခန်းအကျယ်အဝန်းမှာ ၁၆၅၀ စတုရန်းပေ ရှိပါ တယ်။ အခန်းဈေးနှုန်းမှာ သုံးလွှာကိုကျပ် သိန်း ၁၄၅၀ နဲ့ ပန့်ဟောက်စ် ကို သိန်း ၉ဝဝ ဖြစ်ပါတယ်။


ပိုင်ဖောင်ဒေးရှင်း၊ ထရန်စဖော်မာ၊ မီးစက်၊ မြေအောက်ရေကန်၊ ကိုယ်ပိုင်မီတာ၊ MB , DB, SBRom အမျိုးအစား ဖြစ်ပြီး မီးဖိုခန်း၊ Mini Garden , Shrine, Privacy Floor Style ပါဝင်တယ်လို့ Three Friends Construction က သိရပါ တယ်။


Source : The Kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.