မြန်မာ-ဂျပန်ပူးပေါင်း၍ဗိုလ်ချုပ်အောင်ဆန်းအမျိုးသားစိမ်းလန်းဥယျာဉ်၊ ကွန်ဒိုနှင့်အဆင့်မြင့်အားကစားကွင်းများ တည်ဆောက်မည်

javascript

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုဖြင့် ကျိုက္ကဆံအားကစားကွင်းအား ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားစိမ်းလန်းဥယျာဉ်၊ကွန်ဒိုနှင့် အဆင့်မြင့်အားကစားကွင်း များကို မြန်မာ-ဂျပန်ပူးပေါင်း၍ တည်ဆောက်မည့်စီမံကိန်းအစီအစဉ်နှင့် ပတ်သက်၍ အားကစားကွင်းနေထိုင်သည့်ဝန်ထမ်းများနှင့် ကျန်းမာရေးလှုပ်ရှားသူများထံလာရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ကိုယ်ကျိုးရှာမည့် စီမံကိန်းမျိုးမဟုတ်ပဲ ပြည်သူ့အကျိုးပြုဆောင်ရွက်ခြင်းသာဖြစ်သည်ဟု သိရသည်။ယင်းစီမံကိန်းအား နှစ်ဦးနှစ်ဖက်ဆွေးနွေးထားသည့် အဆင့်အားလက်ရှိတွင် ပြည်သူလူထုအား အသိပေးခြင်းဖြစ်ကြောင်း၊အကျိုးအမြတ်ခွဲဝေခြင်း၊ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာများကို အသေးစိတ်ဆွေးနွေးခြင်းမရှိသေးကြောင်း၊စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျမည့် ငွေအား ဂျပန်ဘက်မှ အလုံးစုံမြှုပ်နှံမည်ဖြစ်ကာ မြန်မာအစိုးရဘက်မှ ကုန်ကျမည်မဟုတ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားသည်။


ဧက ၁၅၀ ခန့် ကျယ်ဝန်းသော ကျိုက္ကဆံကွင်းကို အောင်ဆန်းအမျိုးသားစိမ်း လန်းဥယျာဉ်စီမံကိန်းအဖြစ် နှစ် နိုင်ငံဆောင်ရွက်ရန် ညှိနှိုင်းနေသည်။ စီမံကိန်းဆောင်ရွက်ရာ တွင် အားကစားတက္ကသိုလ်၊ ပြည်သူလူထုအနားယူနိုင်မည့် စိမ်းလန်းဥယျာဉ်၊ စီးပွားရေးဆိုင်ရာနှင့် လူနေအိမ်အထပ်မြင့်အဆောက်အအုံ စသည်ဖြင့် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ရန် စီစဉ်ထားသည်။တစ်ပိုင်းက ယခင်အတိုင်း အားကစားနေရာအားပြန်ပေးမည်။တစ်ပိုင်းကတော့ Public ဧရိယာ။တစ်ပိုင်းကတော့ ဂျပန်ဘက်မှ ဆောက်လုပ်မည့် အဆောက်အအုံများဖြစ်သည်။ထိုအထဲတွင် ပြည်သူ့လူထုအတွက် တန်ဖိုးနည်းအိမ်ရာများလည်း ပါဝင်မည်။နောက်တစ်ခုက ပန်းခြံများ ,Shopping Mall များပါလာမည်။


စီမံကိန်းစတင်ပါက စီးပွားရေးဆိုင်ရာ အဆောက်အအုံများဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး မြေအသုံးချမှုအတွက် ဒေါ်လာသန်း ၂ဝဝ ပေးရန် မြန်မာဘက်က ဂျပန်ဘက်သို့ အဆိုပြုခဲ့ရာ လတ်တလောညှိနှိုင်းမှုများအရ ဒေါ်လာသန်း ၁ဝဝ ကို ငွေသားအဖြစ် နိုင်ငံတော်ကရရှိပြီး ကျန်ဒေါ်လာသန်း ၁ဝဝ ကို အားကစားကွင်း အဆောက်အအုံများပြောင်းရွှေ့ခြင်းနှင့် အခြားလိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကနဦးညှိနှိုင်းထားကြောင်း သိရသည်။


‘‘မြေဧက ငှားတဲ့နေရာမှာ တစ်ဧကကို ကန်ဒေါ်လာ သုံးမီလီယံနဲ့ ငှားပါမယ်။ အဲဒီတော့ ဒေါ် လာသန်း ၁ဝဝ ကနဦးရပါမယ်။ နောက်သန်း ၁ဝဝ အတွင်းမှာက ယာယီအဆောက်အအုံတို့၊ ဘာတို့လုပ်ပေးရမယ်။ ၂ဝဝ မီလီယံထဲကနေ ဒီထက်များ ပိုလို့ရမလား။ ပြန်ညှိဖို့ ကြိုးစားနေပါတယ်။ တစ်ခုတော့ရှိတာပေါ့ နှစ်ဖက်ညှိရမှာ။ သူ့ဘက်ကိုယ့်ဘက်အကျိုးရှိအောင်’’ဟု ပြောကြားခဲ့သည်။


စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ် ရန် ဧက ၃ဝ ကျော် အသုံးပြုရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။ထို့အပြင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများဆောက်လုပ် ပြီးစီးပါက ငှားရမ်းခအဖြစ် နှစ်စဉ် ဒေါ်လာ ၁ဝ သန်းခန့် နိုင်ငံတော်က ထပ်မံရရှိမည်ဟု ဦးမျိုးမြင့်က ရှင်းပြသည်။


‘‘အခုလောလောဆယ်တော့ ညှိတဲ့အဆင့်ပေါ့လေ’’ဟု ၎င်းကဆိုသည်။


အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ဇူလိုင်လကုန်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် နိုင်ငံတော်စီးပွား ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော် မတီ (NECC) အစည်းအဝေးကျင်းပရာ နိုင်ငံအတွက် အကျိုးရှိပါက မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးကပြောသည်။ဒီဟာကို ဖျက်ပြီး အသစ်ဆောက်သည့်အချိန်တွင် ဝန်ထမ်းများအား မြောက်ဒဂုံတွင်ရှိသောဧက ၁ဝဝ ကျော်ရှိသည့် မြင်းစီးလေ့ကျင့်ကွင်းတွင် အရင်ဆုံး အဆောက်အဦများ ဆောက်လုပ်ပြီးမှ အကုန်လုံးပြောင်းရွေ့နေထိုင်မည်။ဒီဘက်အဆောက်အဦးများ ဆောက်လုပ်ပြီးလျှင် ဒီဘက်ဟိုဘက်ပြောင်းရွေ့ရမည်ဖြစ်သည်။


အဆိုပါစီမံကိန်းဆောင်ရွက် နိုင်ရေးနှင့် ပတ်သက်ပြီး NECC အဖွဲ့ဝင်များဖြစ်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဦးမျိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန တာဝန်ရှိသူများသည် သြဂုတ် ၁၉ ရက်က ကျိုက္ကဆံအား ကစားနှင့် ကာယပညာသိပ္ပံ၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


Source : Daily Eleven

#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa 

#residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor 

#leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.