ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ရန်ကုန်နဲ့ မန္တလေးမြို့ရှိ တိုက်ခန်းကွန်ဒိုတွေရဲ့ ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ်

javascript

ရန်ကုန်မြို့နဲ့ မန္တလေးမြို့ရဲ့ ဆောက်လုပ်ဆဲ တိုက်ခန်းတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျ ငွေပေးချေမှုပုံစံတွေကို ဖော်ပြပေးပါမယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရဲ့ ရွှေဂွမ်းရုံအိမ်ရာ အဆင့်မြင့် ကြိုပွိုင့်တိုက်ခန်းတွေကို (၃)နှစ် အရစ်ကျနဲ့ ဝယ်ယူနိုင်ပါတယ်။

ရွှေဂွမ်းရုံအိမ်ရာကို Thanti Thitsar Construction က ဆောက်လုပ်ပြီး အခန်းအကျယ်တွေက (၄၂၉)စတုရန်းပေကနေ (၅၆၁) စတုရန်းပေ အထိ ကျယ်ဝန်းပါတယ်။ Hall Type အမျိုးအစားဖြစ်ပြီး မြေညီထပ်၊ ကားပါကင် ပါဝင်ပါတယ်။ အခန်းစျေးနှုန်းတွေက ပထမထပ်(မြောက်ဘက်) သိန်း (၄၀၀၊ ၄၅၀)၊ ဒုတိယထပ်(မြောက်ဘက်) သိန်း (၃၇၀)နဲ့ (၄၁၀)၊ တတိယထပ်(မြောက်ဘက်) သိန်း (၃၄၀)နဲ့ (၃၇၅)၊ စတုတ္ထထပ်(မြောက်ဘက်) သိန်း (၃၀၀)နဲ့ (၃၃၅) သိန်း ဖြစ်ပါတယ်။ ပထမထပ်(တောင်ဘက်) သိန်း (၃၈၀၊ ၄၂၀)၊ ဒုတိယထပ်(တောင်ဘက်) သိန်း (၃၅၀)နဲ့ (၃၉၀)၊ တတိယထပ်(တောင်ဘက်) သိန်း (၃၂၀)နဲ့ (၃၆၀)၊ စတုတ္ထထပ်(တောင်ဘက်) သိန်း (၂၉၀)နဲ့ (၃၂၀) ဖြစ်ပါတယ်။ RC ခင်း၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ ရေ၊ မီး၊ မီးဖိုခုံ၊ ဘေစင်ကြွေပြားကပ်ပါဝင်ပြီး အနီးနား ထင်ရှားတဲ့နေရာတွေက ဂွမ်းရုံစျေး၊ ကျောင်း၊ စျေးအနီး တည်ရှိပြီး စိန်ပန်းလမ်းမပေါ် တည်ရှိတာကြောင့် သွားလာရလွယ်ကူ အဆင်ပြေပါတယ်။

အမှတ်(၂၄၃)

အမှတ်(၂၄၃)၊ စကားဝါ Apartment ကို (၃၀)ရာခိုင်နှုန်း ပေးချေပြီး ကျန်ငွေကို ကမေ႓ာဇဘဏ် ဒါမှမဟုတ် စီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး (၅)နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်ပါတယ်။ ပရောဂျက်ကို Sun Myat Tun Construction က လုပ်ပြီး (၂၀၁၉)ခုနှစ် ပြီးစီးမှာ ဖြစ်ပါတယ်။ အခန်းအကျယ်မှာ (၁၂x၅၀)ပေ ကျယ် ဝန်းပြီး ကျပ်သိန်း (၂၁၀)ကနေ ကျပ်သိန်း (၆၅၈)သိန်း အထပ်မြင့်ပေါ်မူတည်ပြီး ကွာခြားပါတယ်။ အမှတ်(၂၄၃) စကားဝါ (၃)လမ်းနဲ့ သဒ္ဒါလမ်းထောင့်၊ ဒေါပုံမြို့နယ်မှာ တည်ရှိပါတယ်။

ဒေါပုံမြို့နယ် ဗိုလ်ဆွန်ပတ်လမ်းရှိ Modernized Apartment ကို ကမေ႓ာဇဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်ပါတယ်။ စာချုပ်ချုပ်ဆိုတဲ့နေ့မှာ (၃၀)ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ပြီး မိမိယူလိုတဲ့ နှစ်ရှည်ပမာဏပေါ်မူတည်ပြီး ဆောက်လုပ်ရေးကုမ္ပဏီကို သွင်းစရာမလိုဘဲ ဘဏ်ကို အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။ Sun Myat Tun Construction က တာဝန်ယူဆောက်လုပ်မှာဖြစ်ပြီး Hall Type အမျိုးအစား ဖြစ်ပါတယ်။

ရေချိုးခန်း၊ ကြမ်းခင်းနဲ့ နံရံအမြင့် (၅)ပေအထိ ကြွေပြားကပ်၊ ရေချိုးခန်းအတွင်း ရေပန်းနဲ့ ရေတိုင်ကီ တပ်ဆင်ပေးထားပြီး အိမ်သာကြမ်းခင်းနဲ့ ကြွေပြားခင်းနဲ့ နံရံအမြင့် (၅)ပေ ကြွေပြားကပ်ပေးခြင်း၊ အိမ်သာဘိုထိုင်တပ်ပေးခြင်း၊ (၃)ပေ အမြင့် မီးဖိုခုံ ပြုလုပ်ပေးခြင်း၊ မီးဖိုခုံမျက်နှာပြင်နဲ့ မီးဖိုခုံနံရံ (၃)ပေအမြင့်အထိ ကြွေပြားကပ်ပေး၊ မီးဖိုခန်းကြမ်းခင်းကြွေပြားခင်း၊ နံရံကပ်ဘေစင် တပ်ဆင်ပေးခြင်း၊ မြေအောက်ရေကန်ထားရှိပေးခြင်း၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ စာတိုက်ပုံး ပါရှိပါတယ်။ စျေးနှုန်းတွေက (၅)လွှာ သိန်း (၂၀၀)၊ (၃)လွှာ သိန်း (၂၅၀)၊ (၂)လွှာ သိန်း (၂၈၀)၊ (၁)လွှာ သိန်း (၅၅၀) ဖြစ်ပါတယ်။


Source : The Modern

#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa 


#residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor 


#leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.