ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

သြဂုတ်လအတွင်း အိမ်ခြံမြေစျေးကွက် အရောင်းသိပ်မဖြစ်

javascript

သြဂုတ်လအတွင်း ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေစျေးကွက်မှာ ဒေါ်လာစျေးမြင့်မားမှုတွေရှိခဲ့ပေမဲ့ အိမ်ခြံမြေစျေးကွက်မှာ စျေးနှုန်းအတက်မရှိသလို ကျစျေးနဲ့သာ အရောင်းအဝယ်တချို့ ရှိခဲ့ပါတယ်။မြို့တွင်းဧရိယာ


မြို့နယ်(၆)မြို့နယ်ရဲ့ အိမ်ခြံမြေအရောင်းအငှားစျေးကွက်မှာ အငှားဘက်ကိုသာ ဦးဆောင်နေပြီးတော့ အရောင်းစျေးကွက်မှာ သိပ်မဖြစ်ခဲ့ပါဘူး။ အငှားစျေးကွက်မှာ ကျပ်(၂)သိန်းတန် အလွှာမြင့်တွေကနေ ကျပ်(၁၅)သိန်းတန် ရုံးခန်းအငှားပိုင်းအထိ အငှားတွေဖြစ်နေဆဲ ဖြစ်ပါတယ်။


ရန်ကင်း၊ မြောက်ဒဂုံ၊ တာမွေ


အဲသည်မြို့နယ်တွေမှာ စီမံကိန်းတွေတည်ဆောက်လာတာတွေကြောင့် ရုံးခန်း အငှားတွေရော၊ အငှားပိုင်းမှာရော အရောင်းပိုင်းမှာပါ စိတ်ဝင်စားမှုမြင့်တက်လာပါတယ်။ ရုံးခန်းအငှား၊ လူနေအငှားရော ကောင်းခဲ့ပြီး တိုက်ခန်းတွေမှာလည်း ကျပ်သိန်း (၁၀၀၀)ဝန်းကျင်တွေနဲ့ စျေးနိမ့်ပိုင်း တိုက်ခန်းအချို့ကို

လူစိတ်ဝင်စားနေပါတယ်။


သင်္ဃန်းကျွန်း၊ သာကေတ


သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်မှာ အရောင်းအဝယ်လည်း အနည်းငယ်ဖြစ်သလို အငှားကောင်းပါတယ်။ အရောင်းအဝယ်စျေးကွက်မှာ သာကေတမှာ ကျပ်သိန်း (၂၀၀)ဝန်းကျင် ကျပ်သိန်း (၃၀၀)ကျော်လောက် တိုက်ခန်းတချို့ အရောင်းအဝယ်ရှိခဲ့ပြီး အငှားပိုင်းမှာ လုံးချင်းရော တိုက်ခန်းပါ အငှားဖြစ်ပါတယ်။ အငှားစျေးမှာဆို ကျပ်(၁)သိန်းကျော်ကနေ ကျပ်(၃)သိန်းကျော်ဝန်းကျင်အထိ အငှားကောင်းနေပါတယ်။ ဒါ့အပြင် ကျပ် (၅၀,၀၀၀)ဝန်းကျင် ဆိုင်ခန်းတွေလည်း အငှားကောင်းပါတယ်။


တောင်ဥက္ကလာပ


တောင်ဥက္ကလာပမြို့နယ်မှာ တိုက်ခန်းတွေ အရောင်းအဝယ်အငှား ကောင်းခဲ့ပါတယ်။ တိုက်ခန်းအရောင်းစျေးကွက်မှာ ကျပ်သိန်း (၄၀၀၊ ၅၀၀၊ ၇၀၀)လောက်အထိ အရောင်းအဝယ်ရှိခဲ့ပေမဲ့ ပရိုးမိုးရှင်းချပြီး ရောင်းချသလို ခေါ်စျေးအောက် လျှော့ရောင်းချကြပါတယ်။ အငှားစျေးကွက်လည်း ဖြစ်နေပါတယ်။


တောင်/မြောက်ဒဂုံ


မြောက်ဒဂုံမြို့နယ်ရဲ့ မြေကွက်နဲ့ လုံးချင်းအိမ်ရာစျေးကွက်မှာ ပေအကျယ်(၄၀x၆၀)ကို ကျပ်သိန်း (၇၀၀)ဝန်းကျင်ကနေ ကျပ်သိန်း (၄၀၀)လောက်အထိ စျေးရှိပြီး လက်ရှိမှာ ကျပ်သိန်း (၁၀၀၀)ဝန်းကျင် မြေကွက်တွေ အဝယ်လိုက်နေပါတယ်။


Credit: The Kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.