မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်)၏ စီမံကိန်းတစ်ခုအနေဖြင့် ဆောက်လုပ်ခဲ့ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရွှေတောင်ဆောက်လုပ်ရေးတို့ ပူးပေါင်း တည်ဆောက်ခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းမကြီးဘေးရှိ ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာ (ကွန်ဒို)အား မည်သူမဆိုလွတ်လပ်စွာဝယ်ယူခွင့်ရှိသည့် အိမ်ရာစီမံကိန်းအဖြစ် ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါအိမ်ရာတွင် စတုရန်းပေ ၆ဝဝ နှင့် စတုရန်းပေ ၁၂ဝဝ ဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ကြမ်းခင်းဈေး ကျပ် သိန်း ၆၀၀ ကျော်မှ အမြင့်ဆုံးကျပ် သိန်း ၁၂၀၀ ကျော်အထိရှိကာ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကနဦးပေးသွင်းငွေ ၅၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း တစ်လလျှင် ကျပ် ငါးသိန်းဝန်းကျင်မှစပြီး (၈) နှစ်မှ (၁၅)နှစ်အထိ ကြိုက်နှစ်သက်ရာ အရစ်ကျ ငွေပေးချေမှု စနစ်ဖြင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံဖြိုးရေးဘဏ် (CHD Bank) တွင် Housing Loan System ဖြင့် ၂၀၁၆ ခုနှစ်အတွင်းက စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
Source : The Myanmar Times
#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house
#villa #residence #office #commercial #residential#realtor #agency #agent #tenant #buyer
#investor #leasing #yangon#myanmar #estate #HMMLJune2018 #Special
Facebook comments