အိမ်ခြံမြေအရောင်းအငှား စျေးကွက် လတ်တလော အခြေအနေများ

javascript

ယခုလတ်တလော အိမ်ခြံမြေစျေးကွက် အနေအထားမှာ လွန်ခဲ့သည့်နှစ်များက ထက်စာလျှင် အရောင်းအဝယ်စျေးကွက် အေးနေသည်ဟု ယူဆနိုင်သော်လည်း ဇွန်လအတွင်းနှင့် ဇူလိုင်ပထမပတ်အတွင်းအရောင်းအဝယ်များကြိုကြားဖြစ်၍ အိမ်ခန်းရှာဖွေမှုများ ပိုမိုတွေ့ရကာ ခြံမြေဝယ်လိုများလည်း စုံစမ်းမေးမြန်းမှုများ များပြားလာသည့် အနေအထားများရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ များ၏ ပြောကြားချက်များအရ သိရသည်။


 


နိုင်ငံခြားသားများ၏ အိမ်ခန်း အငှားရှာဖွေမှုလည်း များပြားလာပြီး အထူးသဖြင့် နိုင်ငံခြားသားများအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿ နာကိုရှောင်ရှားနိုင်ရန် အတွက် အလုပ်နေရာ၊ ရုံးနေရာများနှင့် သွားရေးလာရေး လွယ်ကူသော နီးစပ်ရာ ပတ်ဝန်းကျင်ကွန်ဒိုအခန်းများကို မေးမြန်းတတ်ကြကြောင်း သိရပြီး အချို့မှာအကြောင်းအမျိုးမျိုးတို့ဖြင့် မြန်မာနိုင်ငံ၌ ခဏတာနေထိုင်မှုအဖြစ် လာရောက်ကြ သောနိုင်ငံခြားသားများ ဖြစ်သည့်အတွက် ယခုကဲ့သို့ အိမ်ခန်းအငှားရှာဖွေမှုများ ပိုမိုလာခြင်း ဖြစ်ကြောင်း၊ ငှားရမ်းဖြစ်ပါကလည်း လိုအပ်မှုကာလအပေါ် မူတည်၍ သုံးလ၊ ခြောက်လ စသဖြင့် လပိုင်းခန့်မျှ ငှားရမ်းမှုများလည်းတွေ့ရကာ အချို့မှာ တခါတရံ ၁ လ ခန့်သာ ငှားရမ်းနေထိုင်မှုများပင် ရှိကြကြောင်း Estate Myanmar Enterprise အိမ်ခြံမြေ သတင်းအဖွဲ့မှ လေ့လာစုံစမ်း သိရှိရသည်။


 


ခြံမြေအရောင်းအဝယ်စျေးကွက်အနေဖြင့် မြေဝယ်၍ အိမ်ဆောက်နေလိုသူများမှ သိန်း ၅၀၀ မှ ၁၅၀၀ ကြား မြေကွက်လွတ်များအား မေးမြန်းစုံစမ်းမှုများလည်း ပိုမို တွေ့လာရပြီး ပြည်တွင်းကွန်ဒိုအခန်း အရောင်းအဝယ်အခြေအနေများမှာ အခန်းရှင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံထားမှု များပြားခြင်း၊ စျေးနှုန်းလျော့ချပေးရန်အတွက် အခက်အခဲရှိခြင်း၊ ဝယ်လိုများအတွက်အနေဖြင့်လည်း စျေးအမြင့် အခန်းများ ဝယ်ယူရန်အတွက် စိတ်ပါဝင်စားမှုနည်းနေကြသေးသည့်အတွက် ကွန်ဒိုအခန်းစျေးကွက်မှာ အရောင်းအဝယ်ပါးသည့် အခြေအနေရှိပြီး အငှားအနေအားဖြင့်သာ ပိုမိုတွေ့ရကြောင်းသိရသည်။


 


Estate Myanmar Enterprise


www.estatemyanmar.com.mm

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.