A PHP Error was encountered

Severity: Warning

Message: count(): Parameter must be an array or an object that implements Countable

Filename: models/language_m.php

Line Number: 123

 ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ကွန်ဒိုနည်းဥပဒေ မထွက်ရှိနိုင်သေး၍ ကွန်ဒိုစျေးကွက် ဦးမမော့နိုင်သေး

javascript

လက်ရှိအချိန်တွင် ရောင်းအားကျဆင်းနေသော ကွန်ဒိုတိုက်ခန်းများ စျေးကွက်ကောင်းမွန်

လာစေရန် ကွန်ဒိုနည်းဥပဒေကို အမြန်ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး

လုပ်ငန်းရှင်များက ပြောသည်။


ကွန်ဒိုဥပဒေခေါ် စုပေါင်းပိုင်အဆောက်အအုံဥပဒေကို ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံး

ပတ်တွင် ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်ထိ နည်းဥပဒေ မထွက်

ရှိသေးသောကြောင့် ထိုဥပဒေမှာ ယခုအချိန်ထိ အသက်မဝင်သေးပေ။


ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီး အချိန်တစ်နှစ်ကျော် ကြာမြင့်နေသော်လည်း ယခုအချိန်ထိ နည်းဥပဒေ 

မပြဋ္ဌာန်းနိုင်သေးသည့်အတွက် ကွန်ဒိုတိုက်ခန်းများ ရောင်းအားကျဆင်းနေဆဲဖြစ်ကြောင်း 

အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။


''ကွန်ဒိုဥပဒေပြဋ္ဌာန်းတာ အချိန်နှစ်နဲ့ချီ ကြာမြင့်နေပေမဲ့ နည်းဥပဒေ မပြဋ္ဌာန်းနိုင်သေးလို့

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်း

ဝယ်ယူလိုသူတွေကို ရောင်းချခွင့် မရှိကြသေးပါဘူး။ လက်ရှိအချိန်မှာ ဆောက်လုပ်ရေး

စျေးကွက်ကလည်း အေးစက်နေလို့ အဲဒီလိုအေးစက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း

စျေးကွက်ကို မြှင့်တင်ဖို့ သက်ဆိုင်ရာဥပဒေတွေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ်နေပါတယ်''ဟု

၄င်းက ပြောသည်။


ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီးပါက ကွန်ဒိုတိုက်ခန်းများ အားလုံး၏ ၄ဝ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ

ကို ရောင်းချခွင့်ရှိပြီး ပိုင်ဆိုင်မှု ခိုင်မာစေရန် ဥပဒေပြဋ္ဌာန်းမှ ဝယ်ယူမည်ကို စောင့်ဆိုင်းနေသူများ

ရှိသောကြောင့် လက်ရှိငြိမ်သက်နေသော ကွန်ဒိုတိုက်ခန်း အရောင်းစျေးကွက် ကောင်းမွန်စေရန်

နည်းဥပဒေကို အမြန်ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း iGreen ဆောက်လုပ်ရေးလုပ်ငန်း

မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။


''ကွန်ဒိုဥပဒေက ပြဋ္ဌာန်းပြီးတာ တစ်နှစ်ကျော်ကြာနေပေမဲ့ ခုချိန်ထိ နည်းဥပဒေ မထွက်သေးတဲ့

အတွက် အသက်မဝင်သေးပါဘူး။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ

အနေနဲ့ နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်း ဝယ်ယူချင်သူတွေကို ခုချိန်ထိ တိုက်ခန်းတွေကို 

မရောင်းချရသေးပါဘူး။ ကွန်ဒိုတိုက်ခန်း ဝယ်ယူလိုသူတွေကို ဝယ်ယူခွင့်ပြုဖို့ ကွန်ဒိုနည်းဥပဒေကို

အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ လိုနေပါပြီ''ဟု ၄င်းက ပြောသည်။


လက်ရှိအချိန်တွင် တည်ငြိမ်နေသော ဆောက်လုပ်ရေး အရောင်းစျေးကွက်ကို မြှင့်တင်သည့်

အနေဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်း ကွန်ဒိုတိုက်ခန်းများ ဝယ်ယူခွင့် 

ပေးသင့်သောကြောင့် ကွန်ဒိုနည်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း 

ဦးကိုကိုနိုင်က ပြောသည်။


စုပေါင်းပိုင် အဆောက်အအုံနည်းဥပဒေခေါ် ကွန်ဒိုဥပဒေကို ပြီးခဲ့သော အစိုးရလက်ထက် 

၂ဝ၁၃ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စတင်ရေးဆွဲခဲ့ပြီး လွှတ်တော်နှစ်ရပ်ကြား 

အငြင်းပွားမှုများ၊ ပြင်ဆင်မှုများဖြင့် သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီးမှ ဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဥပဒေအနေဖြင့် ထွက်ရှိပြီး တစ်နှစ်ကျော် ကြာမြင့်သည်အထိ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း 

မရှိသေးပေ။ ပြည်ထောင်စုလွှတ်တော်ကဥပဒေအဖြစ် ပြဋ္ဌာန်းပြီးပါက ရက်ပေါင်း ၉ဝ အတွင်း

နည်းဥပဒေ ထွက်ရှိရမည်ဟု သတ်မှတ် ပြဋ္ဌာန်းထားသော်လည်း ကွန်ဒိုနည်းဥပဒေမှာ 

ဥပဒေအဖြစ် ပြဋ္ဌာန်းပြီး တစ်နှစ်ကျော် ကြာမြင့်သည့်အချိန်အထိ ဥပဒေအဖြစ် 

မပြဋ္ဌာန်းနိုင်သေးပေ။


စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ် နည်းများ အသေးစိတ် အတိအကျပါဝင်မည့် 

ကွန်ဒိုနည်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် 

ဦးမင်းထိန်က ပြောသည်။


''ကွန်ဒိုနည်းဥပဒေကို အမြန်ပြဋ္ဌာန်းပေးဖို့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ 

ပြန်ညှိနေရတာတွေ များနေလို့ ကြန့်ကြာနေတာပါ။ အမြန်ဆုံးထွက်နိုင်အောင်တော့ 

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်''ဟု ၄င်းက ပြောသည်။


တန်ဖိုးမြင့်တိုက်ခန်းများ ဝယ်ယူရာတွင် ပိုင်ဆိုင်မှု ပိုမိုခိုင်မာစေရန် ပြည်တွင်း ပြည်ပ 

ကွန်ဒိုတိုက်ခန်း ဝယ်ယူလိုသူများက ကွန်ဒိုနည်းဥပဒေ ထွက်ရှိမည့်အချိန်ကို 

စောင့်စားနေဆဲဖြစ်သည့်အတွက် လက်ရှိအချိန်တွင် ကွန်ဒိုမီနီယံ စျေးကွက် အရောင်း

အဝယ် နည်းပါးနေရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။


ပြည်တွင်း၌ အထပ်မြင့်အဆောက်အအုံ စီမံကိန်းများစွာကို အကောင်အထည်ဖော်

ဆောင်ရွက်နေသော်လည်း တန်ဖိုးမြင့်ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူနိုင်သူများမှာ

အရေအတွက်နည်းပါးနေသည့်အတွက် တန်ဖိုးမြင့်တိုက်ခန်းများကို နိုင်ငံခြားသား

ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခွင့်ရရန် လိုအပ်ကြောင်း မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းမှ

ဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။


''တန်ဖိုးမြင့်တိုက်ခန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပေမဲ့ အဲဒီ

တိုက်ခန်းတွေကို ဝယ်ယူနိုင်တဲ့အရေအတွက်က နည်းပါးနေပါတယ်။ နေထိုင်ဖို့နဲ့ ရုံးခန်းဖွင့်ဖို့ 

ကွန်ဒိုအဆောက်အအုံ ဝယ်ယူလိုတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို တိုက်ခန်းတွေ 

ရောင်းချခွင့်ရဖို့ လိုအပ်ပါတယ်။ ဆောက်လုပ်ရေးစျေးကွက် ငြိမ်သက်နေတဲ့ လက်ရှိကာလမျိုးမှာ 

စျေးကွက်ကောင်းမွန်စေဖို့ ကွန်ဒိုနည်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးသင့်ပါတယ်''ဟု ၄င်းက 

ပြောသည်။


ထို့ပြင် အသစ်ထွက်ရှိလာမည့် စုပေါင်းပိုင် အဆောက်အအုံနည်းဥပဒေတွင် အမှန်တကယ်

လိုအပ်နေသော ရှင်းလင်းတိကျသည့် အချက်အလက်များ ပါဝင်လာရန်လည်း လိုအပ်ကြောင်း 

ဦးအောင်မင်းက ပြောသည်။


''နည်းဥပဒေ ထွက်လာမယ်ဆိုရင် ဘယ်လိုဗီဇာ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားက ကွန်ဒို 

ဝယ်ယူပိုင်ခွင့်ရှိတယ်။ နိုင်ငံခြားသားတိုင်းကို ရောင်းမှာလား၊ ဒါမှမဟုတ် ဘယ်နှနှစ် 

နေထိုင်ပြီး ဘာစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူကို ရောင်းမှာလဲ၊အသေးစိတ် 

သတ်မှတ်ပြဋ္ဌာန်းထားဖို့ လိုတယ်။ ဒါ့ပြင် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းရှင်းလင်းလင်း

ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ကွန်ဒိုအဆောက်အအုံကို စုပေါင်းပိုင်အဆောက်အအုံလို့ 

ဥပဒေအရပြောမယ်ဆိုရင် ဒီမှာဆောက်နေတဲ့ ဘီအိုတီအဆောက်အအုံတွေအတွက်လည်း 

ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းပေးဖို့ လိုတယ်''ဟု ၄င်းက ပြောသည်။


ဆောက်လုပ်ရေးစျေးကွက် အမှန်တကယ် ကောင်းမွန်စေရန် နည်းဥပဒေပြဋ္ဌာန်းရုံသာမက 

ဘဏ်စနစ်များလည်း ကောင်းမွန်ရန် လိုအပ်ပြီး အရစ်ကျစနစ်ဖြင့် တိုက်ခန်းများကို ဝယ်ယူနိုင်ခွင့်

ရရှိစေရန် လိုအပ်ကြောင်း ဦးရန်အောင်က ပြောသည်။


''ပြည်တွင်းရော ပြည်ပကသူတွေကပါ တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို ဝယ်ယူဖို့ ဘဏ်စနစ်တွေကို 

စောင့်ဆိုင်းနေကြသူတွေ များပါတယ်။ အရစ်ကျစနစ်တွေနဲ့သာ အိမ်ရာတွေကို ဘဏ်တွေ

ကနေတစ်ဆင့် ဝယ်ယူနိုင်မယ်ဆိုရင် အိမ်ရာ ဝယ်ယူနိုင်သူတွေ ယခုထက် သိသိသာသာ

ပိုများလာမှာဖြစ်ပြီး အိမ်ခြံမြေစျေးကွက် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်''ဟု ၄င်းက

ပြောသည်။


Source:Myanmar Time

Facebook comments

https://www.estatemyanmar.com.mm/index.php/mm/about/8">Terms and Conditions | 

A PHP Error was encountered

Severity: Warning

Message: Use of undefined constant id - assumed 'id' (this will throw an Error in a future version of PHP)

Filename: components/footer.php

Line Number: 32

https://www.estatemyanmar.com.mm/index.php/mm/about/9">Privacy Policy
Biggest Real Estate Agency in Myanmar One-Stop Services Largest Real Estate Data Collection Registered Real Estate Firm
Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.