အခွန်မကောက်မီ ရွှေဝယ်စုဆောင်းသူများပြားနေ

javascript
ဧပြီတွင် လက်ဝတ် ရ တနာများကို အခွန် ၁ ရာခိုင်နှုန်း စတင် ကောက်ခံ မည်ဖြစ်သော ကြောင့် အခွန်မဆောင်မီကာလ အတွင်း ရွှေဝယ်ယူစုဆောင်း သူ များပြားနေသည်။

‘‘ရောင်းအားက အရမ်း တက်လာတယ်။ ဒါကြောင့် ညနေ အပိတ်စျေးမှာ ေ တာ်တော် တက်သွားတယ်။ ရောင်းအား ကောင်းနေတာ လေးရက်လောက် ရှိသွား ပြီ’’ဟု လသာမြို့နယ်ရှိ တိန့်ဝမ်ရွှေ ဆိုင်မှ မန်နေဂျာ ဒေါ်စံပယ်ေ အာင်က ပြောသည်။

လက်ရှိစျေးကွက်တွင် ရွှေ အဝင်နည်းပါးနေသောကြောင့် စျေးကွက်အတွင်း လှည့်ပတ်နေ သည့် ရွှေများဖြင့်သာ အရောင်း အဝယ်ဖြစ်နေပြီး လကုန်အ ထိ ရောင်းအားမြင့်တက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မတ်လ ၁၅ ရက်က ပြည် တွင်းအခွန်များဦးစီးဌာနနှင့် ရွှေ လုပ်ငန်းရှင် များေ တွ့ဆုံပွဲတွင် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ မီးလင်းရွှေ (အတုံး)ကို ၅ ရာ ခိုင် နှုန်းကောက်ခံမည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနက လုပ်ငန်းရှင်များ အား ပြောကြားခဲ့ကြောင်းအစည်းအဝေးတက်ရောက်ခဲ့သူ များကပြောသည်။

‘‘လောလောဆယ် လက် ဝတ်ရတနာက ၁ ရာခိုင်နှုန်း သေချာသွားပြီ။ အ တုံးကိုကောက်ဖို့တော့ ဆက်ဆွေးနွေးရဦးမှာပါ။ အတည်မဖြစ်သေးပါဘူး’’ ဟု မြန်မာနိုင််ငံ ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း က ပြောသည်။
မီးလင်းရွှေ(အတုံး)ကို ၅ ရာခိုင်နှုန်းအခွန်ကောက်ခံမည် ဆိုပါက ရွှေစျေး ပိုမိုမြင့်တက်နိုင် ပြီး ဝယ်ယူစုဆောင်းသူများ အ ခက်တွေ့နိုင်ကြောင်း ၎င်း က ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုခဲ့သော ၂၀၁၇ ပြည် ထောင်စု၏ အခွန် အကောက်ဥပ ဒေအရ ရွှေထည်နှင့် လက်ဝတ် ရတနာဝယ်ယူသူများသည် ဧပြီ ၁ ရက်တွင် အခွန် ၁ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်သည်။

ရွှေထည်များကို ၁၉၉၀ က စ၍ ၅ ရာခိုင်နှုန်းကောက်ခံခဲ့ဖူး ပြီး ယခု ၁ ရာ ခိုင်နှုန်းကောက်ခံ ခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန် များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ထို့ကြောင့် ဝယ်ယူူသူများ ထံမှ မည်သည်ပုံစံဖြင့် အခွန် ကောက်ခံမည် ဆို သည်ကို လုပ် ငန်းရှင်များနှင့် ပြည်တွင်းအခွန် များဦးစီးဌာနတို့ တွေ့ဆုံေ ဆွး နွေးထားသည်ဟုဆိုသည်။

မတ်လ ၁၆ ရက်က ရန်ကုန်ရွှေစျေးကွက်တွင် အရောင်းအဝယ်ကောင်းနြေ ပီး ညနေ ၄ နာရီအထိ ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၄၀,၀၀၀ စျေးပေါက်ကြောင်း သိရသည်။


Source : 7DayDaily

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: 1016, Shwe Hintha Tower C-2, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.