ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ရတနာ နှင်းဆီအိမ်ရာ ၇၅ ရာခိုင်နှုန်းအထိ ရောင်းချပြီးစီး

javascript
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည့် ဖွင့်လှစ်ပေးခဲ့တဲ့ ရတ နာနှင်းဆီအိမ်ရာကို ၇၅ ရာခိုင်နှုန်းအထိ ရောင်းချပြီးစီးနေပြီလို့ မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနက အင်ဂျင်နီယာမှူးကြီး (မြို့ပြအခြေခံ အဆောက် အအုံ စီမံကိန်း) က ဒေါ်စန်းစန်းအေးက ပြောပါတယ် ။

ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းတစ်ခုလုံးရဲ့ ပထမဆုံး ဖွင့်လှစ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်း ကို ဘဏ်ချေးငွေနဲ့ အရစ်ကျစနစ်နှစ်မျိုးနဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ် ။ သည်အိမ်ရာစီမံကိန်းက နှစ်လေ ကျာ် ကာလ အတွင်းရောင်းချတဲ့ အခန်းစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းအ ထိ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ် ။

ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းက မြေဧက ၁၈ ဧကပေါ်မှာ တည်ဆောက်ထားပြီး ၁၈ ထပ်အဆောက်အအုံ ၁၂ လုံး တည်ဆောက်ထား တာဖြစ်ပါတယ် ။ ၁၈ ထပ်တိုက်နှစ်လုံးကို စတင်ရောင်းချခဲ့တာဖြစ်ပြီး စုစုေ ပါင်း အိမ်ခန်း ၄၀၈ ခန်း ရောင်းချပြီးစီးနေပြီလို့ သိရပါတယ် ။

ရတနာနှင်းဆီအိမ်ရာကို မြို့ရွာနှင့် အိမ်ခြံမြေဖွံ့ဖြိုးမှု ဦးစီးဌာနနဲ့ ရွှေတောင် ကုမ္ပဏီတို့ အကျိုးတူတည်ဆောက်တာဖြစ်ပြီး အစိုးရသစ်မှ တည်ဆောက်တဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံကိန်းဖြစ်ပြီး အခန်းတစ်ခန်းကို သိန်း ၆၀၀ မှ ၁၂၀၀ အထိ တန်ဖိုးရှိပါတယ် ။ သည်အိမ်ရာကို ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေး (CHDB) ဘဏ်မှာ စုဆောင်းငွေထားရှိပြီးရှစ်နှစ် ၊ ၁၀ နှစ် ၊ ၁၂ နှစ် ၊ ၁၅ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။ 
ဘဏ်စုဆောင်းငွေအရစ်ကျစနစ်နဲ့ ဝယ်ယူဖို့အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB) ဘဏ်မှာ အိမ်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း စုေ ဆာင်းငွေထားရှိရမှာဖြစ်ပြီး လစဉ်အရစ်ကျစနစ်နဲ့ အခန်တန်ဖိုးကို အချိုးကျေ ပးရမှာဖြစ်ပါတယ် ။ နှစ်ရှည်အရစ်ကျစနစ်အတွက် တစ်နှစ်ကို ၁၁ ရာ ခိုင်နှုန်း ဘဏ်ကို အတိုးနှုန်းပေးရမှာဖြစ်ပါတယ် ။ ကနဦးအိမ်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတာနဲ့ အိုး / အိမ် ဌာနဘဏ်နဲ့ ဝယ်ယူတဲ့သူတို့ စာချုပ် ချုပ်ဆိုပြီး နေထိုင်ခွင့်ပြုမှာဖြစ်ပါတယ် ။

ကြိုတင်ငွေစုပုံစံနဲ့ ဝယ်ယူတဲ့သူတွေက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB) ဘဏ်မှာ ကျပ်သိန်း ၁၂၀ တစ်ခါတည်းပေးသွင်းရမှာဖြစ်ပြီး ကျန် ရှိတဲ့ အခန်းတန်ဖိုးကို တစ်နှစ်ရစ်ကျဆပ်တဲ့ပုံစံနဲ့ ဝယ်ယူရမှာဖြစ်ပါတယ် ။ အခန်းတန်ဖိုးကျေတာနဲ့ နေထိုင်ခွင့်ပြုမှာဖြစ်ပါတယ် ။

လက်ငင်းငွေချေစနစ်နဲ့ ဝယ်ယူတဲ့သူတွေကိုတော့ အခန်းတန်ဖိုးရဲ့ ငါးရာ ခိုင်နှုန်း အထိ ဈေးလျှော့ပေးမှာဖြစ်ပါတယ် ။ လက်ရှိအိမ်ရာ တည်ဆောက်ရေးက ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီး လာမယ့် ၂၀၁၇ ခုနှစ် မတ်လမှာ အိမ်ခန်းတွေ အပ်မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာ ဧရာဝဏ် အိမ်ရာစီမံကိန်းရဲ့ ပထမဆုံးဖွင့်လှစ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်း ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြား ဖွင့် လှစ်ပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိမ် ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး တန်ဖိုးသုံးခုဖြစ်တဲ့ လုံခြုံရေး ၊ အသုံးပြုသူေ တွအတွက် လိုအပ်ချက်နဲ့ ပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ စီမံကိန်းတွေဖြစ် တယ်လို့ အကြံပြုစကား ပြောကြားခဲ့ပါတယ် ။


Source : The Modern

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.