နေပြည်တော် ရွှေနံ့သာ တန်ဖိုးနည်းအိမ်ရာတွေ ရောင်းတော့မည်

javascript

နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲ မှာရှိတဲ့ ရွှေနံ့သာ တန်ဖိုးနည်း အိမ်ရာေ တွကို လာမယ့် ဧပြီလထဲမှာ စတင်ရောင်းချသွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ်။ 

အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ‘ရောင်းနေပြီလို့ သတင်းတွေထွက်နေတယ်၊ တကယ်တော့ အခုမှ ကုန်ကျစရိတ်တွေ စစ်နေ တုန်းပါ၊ ရောင်းဖို့တော့လုပ်နေပြီ၊ ဧပြီလထဲမှာ ရောင်းနိုင်အောင် စီစဉ်နေပါ တယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ ပထမဆုံး စတင်ဆောက်လုပ်တဲ့ ရွှေနံ့သာ တန်ဖိုးနည်း အိမ်ရာဟာဆိုရင် အခန်းပေါင်း ၈၀ ပါဝင်ပြီး ရှစ်ခန်းတွဲ  ငါးထပ်နှစ်လုံး ပါ ဖြစ်ပါတယ်။ သည်တန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တို့ ပူးပေါင်းဆောက်လုပ်တာဖြစ်ပြီး အခုဆိုရင် ၈၆ ရာခိုင်နှုန်းလောက် ဆောက်လုပ်ပြီးစီးသွားပြီလို့ သိရပါတယ်။
‘တော်တော်တော့ ပြီးနေပါပြီ၊ ရေမီးဆင်တဲ့ အပိုင်းလောက်ပဲ ကျန်ပါတော့ တယ်၊ စရောင်းရင်လဲ အားလုံးကို  အသိပေးသွားမှာပါလို့ ဦးဝင်းနိုင်က ပြော ပါတယ်။

နေပြည်တော်ရှိ ရွှေနံ့သာတန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူလို သူတွေအနေ နဲ့ CHDB ဘဏ်မှာ ပုံမှန်ငွေစာရင်းဖွင့်လှစ်ထားသူတွေ ဖြစ်ရမှာဖြစ်ပြီး ဘဏ် စာရင်းမှာ အနည်းဆုံးငွေကျပ်သိန်း ၃၀ ရှိထားရမှာဖြစ်တယ်လို့သိရပါ တယ်။ ဝယ်ယူသူတွေအနေနဲ့ အိမ်တန်ဖိုးရဲ့ ၃ဝရာခိုင်နှုန်းကို လက်ငင်းေ ပးချေရမှာဖြစ်ပြီး ကျန်ငွေကိုတော့ ရှစ်နှစ် အထိလစဉ် အရစ်ကျပေးသွင်းရ မှာ ဖြစ်တယ်လို့သိရပါတယ်။ တိုက်ခန်းတွေရဲ့တန်ဖိုးကို အကြမ်းဖျင်း အားြ ဖင့် ကျပ်သိန်း ၁ဝဝ သတ်မှတ်ထားပြီး အပေါ်ထပ်အောက်ထပ် အ လိုက် ဈေးနှုန်း ကွာခြားမှုတွေလည်းရှိနိုင်တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ အခုရောင်းချမယ့် တိုက်ခန်းပေါင်း ၈၀ အပြင် ရွှေ့နံ့သာတန်ဖိုးနည်းအိမ်ရာစီမံ ကိန်းထဲမှာပဲ အခန်းပေါင်း ၄၇၆ ခန်းပါဝင်တဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဆက်လက်ဆောက်လုပ်မယ်။လူဦးရေ ၈ဝဝဝ ကနေ ၁၀,ဝဝဝ အထိနေထိုင်နိုင်မယ့် တန်ဖိုးနည်း အိမ်ရာတွေ ေ ဆာက်လုပ်မှာ ဖြစ်ပါတယ်။


Source : The Kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.