သင်္ကြန်ပြီးကာလ အိမ်ခြံမြေ အရောင်းအဝယ်အေး အငှားပိုသွက်

javascript
သင်္ကြန်ပြီးစအချိန်မှာ အိမ်ခြံမြေတွေ အရောင်းဝယ်ထက် ငှားရမ်းတာတွေ ပိုပြီးများပြားလာတယ်လို့ သိရပါတယ် ။

‘အိမ်ခြံမြေအရောင်းဝယ်က သင်္ကြန်မတိုင်ခင်ကတည်းက အေးနေတာ ၊ သင်္ကြန်ပြီးချိန်ကျတော့ ပိုပြီးအေးသွားတယ် ၊ ဘာလို့လဲတော့ သေချာတော့ မသိဘူး ၊ ငှားတာတွေကလဲ ကွန်ဒိုတွေကို ဒေါ်လာတွေနဲ့ ငှားလာတယ် ၊ ပြီးေ တာ့ လုံးချင်းတွေကို ဒေါ်လာတွေနဲ့ ငှားတာတွေက များလာတယ် ၊ အရောင်း အဝယ်က ကွန်ဒိုတွေရော ၊ တိုက်ခန်းတွေရော အေးနေတယ် ၊ ငှားတာပဲ များတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းက ပြောပါ တယ် ။

အိမ်တွေ ၊ တိုက်ခန်းတွေကို ငှားရမ်းတဲ့အခါမှာလည်း ကွန်ဒိုတွေ ၊ လုံးချငး် အိမ်တွေကိုသာ ငှားရမ်းတာတွေ များနေပြီး တိုက်ခန်းတွေ ငှားတာတွေတော့ နည်းပါးနေတယ်လို့ သိရပါတယ် ။
ငှားရမ်တာတွေက နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ ငှားရမ်းတာတွေ ဖြစ်ပါ တယ် ။ ငှားရမးတဲ့ အခါမှာလည်း စမ်းချောင်း ၊ ရန်ကင်းလို့ နေရာတွေမှာ ငှား ရမ်းတာတွေ အများအပြားရှိတယ်လို့ သိရပါတယ် ။

သင်္ကြန်မတိုင်ခင် အချိန်ကတည်းက အိမ်ခြံမြေတိုက်ခန်းတွေ အရောင်းအ ဝယ်တွေ အေးနေပြီး အခုသင်္ကြန်ပြီးချိန်မှာလည်း အရောင်းအဝယ်တွေ အေးေ နသလို အငှားဈေးကွက်တွေသာ ပိုပြီး အလုပ်ဖြစ်နေပါတယ် ။ အိမ်ခြံမြေ အကျိုးဆောင်တချို့ကတော့ သင်္ကြန်ကာလပြီးသွားလို့ အငှားဈေးကွက်က ကောင်းနေပေမဲ့ နောက်ပိုင်းမှာ အရောင်းအဝယ်တွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ် ။


Source : The Modern

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.