ရတနာနှင်းဆီ အိမ်ရာစီမံကိန်း အသစ်ရောင်းမည့် တိုက်ခန်းများ ဈေးမြှင့်မည်

javascript
အဲသည်ဆေးရုံကြီးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ချင်းရွာ၊ ဒိုးနွယ် တို့မှာ ရပ် ကွက်တွေအတွင်း တည်းခိုခနး်များ ဆောက်လုပ်ဖို့လည်း လုပ်ငနး်ရှင်တွေ လာရောက်လျှောက်ထားပါတယ်။ 

ဟိုတယ်လုပ်ငန်းမထိခိုက် နေပြည်တော် ရှစ်မြို့နယ်လုံးမှာ တည်းခိုခန်းေ ဆာက်လုပ်ခွင့်ပြုလိုက်တာကြောင့် လက်ရှိအခြေအနေအထိတော့ ဟိုတယ် လုပ်ငန်းတွေကို ထိခိုက်မှုမရှိသေးဘူးလို့ သိရပါတယ်။ 

နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဥက္ကဌ ဦးသန်းထွဋ်က ‘အခု ထိတော့ အထိခိုက်မှုမရှိသေးဘူးလို့ပဲ ပြောရမှာပါ။ ဘယ်ဟိုတယ်တွေကမှ ထိခိုက်တယ်လို့လဲ ပြောသံမကြားသေးပါဘူး’ လို့ပြောပါတယ်။ 

နေပြည်တော်က ဟိုတယ်ကြီးတွေမှာလည်း အခြားမြို့တွေထက် စာရင် ေြ မနေရာလည်းကျယ်၊ အဆောက်အအုံတွေကကျယ်၊ အဆောက်အအုံတွေက ကြီးကျယ် ခမ်းနားပေမဲ့ တည်းခိုနေထိုင်သူနညး်ပါတဲ့အတွက် ဟိုတယ် အချို့ က စျေးလျှော့ပြီးငှားရမ်းနေတာလည်းတွေ့ရပါတယ်။

တည်းခိုခန်းများတည်ဆောက်ဖို့ လုပ်ငန်းရှင်အချို့က မြေနေရာ လိုက်ကြ ည့်နေဆဲ ကာလဖြစ်တဲ့ အပြင် မြေနေရာ ပိုင်ဆိုင်ပြီးသားသူတွေ ကလည်း ဆောက်လုပ်ရေးအတွက် ပြင်ဆင်ဆဲကာလဖြစ်ပါတယ်။ 

‘တည်းခိုခန်းတွေဆောက်ပြီးရင်တော့ စည်ပင်မှာ တည်းတဲ့ အလတ်တန်း စားတွေ တော့ ခွဲထွက်သွားနိုင်တယ်၊ ဟိုတယ်ဝန်ဆောင်မှုကြိုက်တဲ့ သူတွေ ကတော့ ဟိုတယ်ကိုပဲ ရွေးချယ်ကြမှာဖြစ်ပါတယ်။’ လို ့ဇေယျအိမ်ခြံမြေ အကျိုးဆောင်လုပ်ငနး်က ဦးနန္ဒကျော်က ပြောပါတယ်။

အဲသည်လိုဟိုတယ်လုပ်ငန်းတွေကို ထိခိုက်နိုင်မှာစိုးလို့ မလိုအပ် တဲ့နေရာေ တွမှာ တည်းခိုခနး်ဆောက်လုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နေပြည်တော် စည်ပင်သာယာရေးကောမတီက သိရပါတယ်။ 


Credit: The Modern

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.