မြကျွန်းသာပန်းခြံ မြေနေရာများ ပုဂ္ဂလိကသို့ ငှားရမ်းမှု ရပ်ဆိုင်း

javascript
ရန်ကုန်မြို့ရှိ အင်းလျားကန်ရေပြင်နှင့် ဆက်စပ်လျက်ရှိသော မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို ပုဂ္ဂလိကသို့ ငှားရမ်းမှု ရပ်ဆိုင်းလိုက်ပြီး ယခုဘဏ္ဍာနှ စ်ကစ၍ ငှားရမ်းခ မကောက်တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

ငှားရမ်းခ ကောက်ခံခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ရပ်ဆိုင်းလိုက်ြ ခင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က တည်းကပင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီများသို့ ငှားရမ်း ခဲ့ခြင်း ဖြစ်သော်လည်း ရန်ကုန်တိုင်း အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်က အဆိုပါ ဥယျာဉ်အတွင်းမှ တည်ဆောက်ဆဲ လုပ်ငန်းများကို ရပ်တန့်ထားရ န် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာေ ရး ကော်မတီထံမှ သိရသည်။
“အခုလက်ရှိထိ မြကျွန်းသာမှာ တည်ဆောက်ဆဲ လုပ်ငန်းတွေကို ပိတ်ထား တယ်။ မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒေါ်လှိုင်မော်ဦး ဦးစီး ပြီးတော့ Master Plan ပြန်ဆွဲနေတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထိ ကုမ္ပ ဏီတွေက စည်ပင်ကို ငှားရမ်းခ ပေးသွင်းမှုကို ယူခဲ့တယ်”ဟု ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို မက်စ်ြ မန်မာနှင့် ဧဒင် အပါအဝင် ကုမ္ပဏီ ရှစ်ခုကို မြေတစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် မြေ ၄၂ ဒသမ ၄၄၀ ဧက ငှားရမ်းထားကြောင်း၊ မြေနေရာ ငှားရမ်းခသည် တစ်စတုရန်းပေလျှင် ကျပ် ၁ဝဝဝ နှုန်းရှိသော်လည်း စတု ရန်း တစ်ပေလျှင် ၂၅ ကျပ်နှုန်းဖြင့် ငှားရမ်းထားခဲ့ကြောင်းနှင့် ပုဂ္ဂလိကသို့ ငှားရမ်းရာတွင် နိုင်ငံတော်က တစ်နှစ်လျှင် ကျပ် ၂၁ ဒသမ ၆၂၉ ဘီလီ ယံ ကျော် နစ်နာလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပြည်သူတွေ အပန်းဖြေနေတဲ့ အများပိုင်မြေဖြစ်တဲ့ မြကျွန်းသာ အပန်း ဖြေ ဥယျာဉ်ကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်ကြီးကို ကာလရှည်နှုန်းထား သက်သာစွာ ငှားရမ်းထားမှုက အစိုးရအတွက် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးသ လို ပြည်သူတွေအတွက် အပန်းဖြေနားနေစရာ ပျောက်ဆုံးသွားပါတယ်။ ယခုအစိုးရအနေနဲ့ မြကျွန်းသာ ပန်းခြံကို ယခင်လို ပြည်သူများ အပန်းဖြေ အနားယူနိုင်ဖို့ ပြန်လည် ဆောင်ရွက်ပေးသင့်ပါတယ်”ဟု ဗဟန်းမြို့နယ်နေ ဦးထွန်းအောင်နိုင်က ဆိုသည်။


Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.