အိမ်ခြံမြေ အရောင်းအဝယ်အခွန်ကို ပြန်လည် ပြင်ဆင်ရေး စဉ်းစားနေ

javascript

အိမ်ခြံမြေ အရောင်းအဝယ် နှေးကွေးနေတာကြောင့် ဝင်ငွေခွန်အပေါ် စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံနှုန်း အခွန် ကောက်ခံတာကို ပြန်လည် ပြင်ဆင်ဖို့ စဉ်းစားနေတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။


အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက ဝင်ငွေအပေါ် စည်းကြပ်တဲ့ အခွန်နှုန်းထား တွေက တစ်ကျပ်ကနေ သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၁၀၀၀ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်ပါတယ်။


လက်ရှိ အခွန်နှုန်းထားဟာ ရန်ကုန် အိမ်ခြံမြေ ဈေးနှုန်းအရဆိုရင် အခွန်ဆောင်ရတဲ့ ပမာဏများနေ တာကြောင့် တရားဝင် ရောင်းဝယ်မှု လျော့နည်းသွားပါတယ်။ အဲ့ဒါကြောင့် အခွန်နှုန်းထားကို ပြင်ဆင် ပေးမယ်၊ လျှော့ပေးမယ်ဆိုရင် ဈေးကွက်အတွက်လည်း ဝမ်းသာစရာ တစ်ခုဖြစ်ပြီး အရောင်းအဝယ်က လည်း ပြန်လှုပ်လာနိုင်ပါတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ဆိုကြပါတယ်။

အိမ်ခြံမြေ အခွန်စနစ်ကို ပြင်ဆင်မယ် ဆိုပါက အရင်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့ဖူးတဲ့ တစ်ကျပ်က ကျပ်သိန်း ၁၀၀၀ အထိ သုံးရာခိုင်နှုန်းဈ ကျပ်သိန်း ၁၀၀၀ က ၅၀၀၀ ကြား ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀၀ က ၁၀,၀၀၀ အကြား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အထက်ကို ၃၀ ရာခိုင် နှုန်း ဖြစ်သင့်ပါတယ်လု့ အိမ်ခြံမြေ အကျိုးဆောင်တွေက ဆိုပါတယ်။


“လက်ရှိ အစိုးရဟာဆိုရင် အများပြည်သူတွေထံက အခွန်ကောက်ခံတဲ့အခါ အခွန်နှုန်းထား တိုးမြှင့် ရမယ်ဆိုတဲ့ သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းဆောင်သူတွေ ပါဝင်လာနိုင်မယ့် အခွန်စနစ်ကိုသာ ကျင့်သုံးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်ဖို့ သင့်မသင့် ကိုတော့ အစိုးရက စဉ်းစားနေပါတယ်” လို့ ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။


အခွန်နှုန်းထားနဲ့ ပတ်သတ်ပြီး လက်ရှိမှာ ကောက်ခံနေတဲ့ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းကိုလည်း ထပ်မံ လျှော့ချဖို့ စီစဉ်နေပါတယ်။ အစိုးရရဲ့ ဘဏ္ဍာငွေအတွက် စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံသား တွေက အခွန်ပေးဆောင်နေရတာ ဖြစ်တဲ့အတွက် မျှတတဲ့ အခွန်စနစ် ဖြစ်စေရပါမယ်လို့ ပြည်ထောင် စု ဝန်ကြီးက ပြောကြားထားတယ်လို့ သိရပါတယ်။


Credit: The Kumudra

#realestate #property #lease #buy #sell #apartment #condo #flat #house#villa #residence #office #commercial #residential #realtor #agency #agent#tenant #leasing #yangon #myanmar #estate #estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.