နိုင်ငံတစ်ဝန်းလုံးက ဟိုတယ်တွေ မိုးရာသီမှာ အခန်းခတွေ ထက်ဝက်စျေးလျှော့ချမယ်

javascript
မိုးရာသီ ခရီးသည်ဝင်ရောက်မှု မြင့်တက်လာစေဖို့ ရည်ရွယ်တဲ့ Green Season အစီအစဉ်ကို အထောက်အကူပြုစေဖို့အတွက် ဇွန်လကစပြီး နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အားလုံးနီးပါးမှာ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်လို့ သိရပါတယ်။
‘‘ဟိုတယ်တွေအနေနဲ့ GreenSeason အတွက်ဆိုပြီး ဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးဖို့ စီစဉ်ထားပါတယ်။ အဲဒီအကြောင်းကို လာမယ့် ဇွန်လထဲမှာ ဝက်ဘ်ဆိုက်ကနေလည်း တင်သွားမှာဖြစ်သလို နိုင်ငံတော်ကနေ တစ်ကမ္ဘာလုံးကိုသိအောင် ကြေညာပေးမှာဖြစ်ပါတယ်’’
လို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးသန်းရွှေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်အသင်းအနေနဲ့ လက်ရှိမှာ နိုင်ငံတစ်ဝန်းရှိ ဟိုတယ်တွေရဲ့ လက်ရှိတည်းခိုခနှုန်းထားတွေနဲ့ Green Season ကာလမှာ လျှော့ချမယ့်နှုန်းကို တောင်းခံထားပြီး အချက်အလက်တွေအားလုံးစုစည်းကာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်တွေ သိရှိနိုင်ဖို့ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
‘‘မြန်မာနိုင်ငံမှာက ဒီလိုရာသီဆိုရင် ပုံမှန်ဈေးလျှော့ပေးနေကျပါပဲ။ အခုက Green Season အတွက် အထူးအစီအစဉ်အနေနဲ့ လုပ်လိုက်တာ။ ဟိုတယ်အသင်းအနေနဲ့ ဟိုတယ်ဇုန်အားလုံးကို လျှော့ချပေးမယ့် ဈေးနှုန်းတွေလှမ်းပြီးတောင်းထားပါတယ်။ အဲဒါကို အသင်းကနေ အားလုံးစုစည်းပြီးတော့ ကြေညာပေးမှာ ဖြစ်ပါတယ်’’ လို့ ဦးသန်းရွှေက ပြောထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး အစရှိတဲ့ နိုင်ငံခြားသားဧည့်သည်တွေ လည်ပတ်မှုအများဆုံး ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ ဟိုတယ်ဇုန် ၁၉ ခုနဲ့ ဖွဲ့စည်းထားပြီး Green Season အတွက် ဈေးနှုန်းလျှော့ချရာမှာ ဟိုတယ်အားလုံး တစ်ပြေးညီဆောင်ရွက်နိုင်ဖို့ စီစဉ်တာဖြစ်ပါတယ်။

Source : 7Day Daily
#realestate #property #lease #buy #sell #apartment #condo #flat #house

#villa #residence #office #commercial #residential #realtor #agency #agent

#tenant #leasing #yangon #myanmar #estate #estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.