ရန်ကုန်မြို့ရှိ River View Point ၊ ဧရာချမ်းသာ နှင့် Golden City ကွန်ဒိုတို့၏ ဆောက်လုပ်ပြီးစီးမှု အခြေအနေ

javascript

ရန်ကုန်မြို့ရှိ ဆောက်လုပ်ပြီးစီးနေတဲ့ ကွန်ဒိုတွေ ၊ ဆောက်လုပ်နေဆဲ ကွန်ဒိုတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ် ။


River View Point


ကွန်ဒိုက အလုံကမ်းနားလမ်းမပေါ်မှာတည်ရှိပြီးတော့ လက်ရှိမှာ ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီလို့ သိရပါတယ် ။ အခုလက်ရှိ ရောင်းချပြီးစီးမှုကတော့ ၉၅ ရာခိုင်နှုန်းအထိရှီပြီး ၃၀ ရာခိုင်နှုန်းပေးချေပြီးတာနဲ့ နေထိုင်ခွင့်ပေးတယ်လို့ သိရပါတယ် ။ ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ ရိုးမဘဏ် ၊ ဧရာဝတီဘဏ်တို့နဲ့ ချိတ်ဆက်ပြီး ပေးသွင်းနို်ငတယ်လို့ iMyanmarHouse က သိရပါတယ် ။


ဧရာချမ်းသာ

ဧရာချမ်းသာကွန်ဒိုက သာကေတမြို့နယ်အစပ် ဒဂုံဆိပ်ကမ်းအစမှာ တည်ရှိပြီးတော့ စုစုပေါင်း အဆောက်အအုံ ၁၆ လုံးပါရှိပါတယ် ။ ၂၀၁၇ ဒီဇင်ဘာလမှာ အပ်မယ့် အဆောက်အအုံက ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ ။ ၂၀၁၈ အောက်တိုဘာမှာ အပ်မယ့် အဆောက်အအုံက ၁၄ လွှာအထိ ရောက်နေပါပြီ ။ ကျန်အဆောက်အအုံတွေက ဘိုးပိုင်ဖောင်ဒေရှင်းနဲ့ Level 1 Wall တွေအထိ ပြီးစီးနေပါပြီ ။ ၂၀၁၇ မှာအပ်မယ့် အဆောက်အအုံကတော့ ၈၅ ရာခိုင်နှုန်း ရောင်းချပြီးစီးပြီးတော့ ၂၀၁၈ မှာအပ်မယ့် အဆောက်အအုံကတော့ ၄၀ ရာခိုင်နှုန်း ရောင်းချပြီးစီးနေပါပြီလို့ ဧရာချမ်းသာမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။


Golden City


Golden City ဟာဆိုရင် ရန်ကင်းမြို့နယ်မှာ တည်ရှိပြီး အဆင့် (၁) က တိုက်ခန်းတွေ ၉၀ ရာခိုင်နှုန်းအထိ ရောင်းချပြီးနေပြီ ဖြစ်ပါတယ် ။ အဆင့် (၂) ကတော့ ၆၀ ရာခိုင်နှုန်း ရောင်းချပြီးစီးနေပါပြီ ။ နောက်အကျဆုံး ၂၀၁၈ ခုနှစ် ပထမသုံးပတ်မှာ အဆင့် (၂) ပြီးစီးမှာ ဖြစ်ပါတယ် ။


Higher Purchase ကို လေးနှစ် အရစ်ကျပေးရပြီးတော့ အတိုးနှုန်းမရှိပါဘူး ။ Golden City ရဲ့ တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ၅၀ ရာခိုင်နှုန်းပေးပြီးတာနဲ့ ပြောင်းနေနိုင်ပါတယ်လို့ Golden City ရဲ့ Marketing Manager Mr.Alex Lee ကပြောပါတယ် ။


Source : The Modern

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.