မွန်ပြည်နယ်မှာ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၄၆၀၀ ကျော် ဆောက်မည်

javascript

မွန်ပြည်နယ်မှာ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းပေါင်း ၄၆၀၀ ကျော်ကို ဆောက် လုပ်ဖို့ စီမံကိန်းဆွဲပြီး ကုမ္ပဏီတွေကို တင်ဒါခေါ်ယူသွားမယ်လို့ ဆောက် လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ် ။


အိမ်ရာစီမံကိန်းကို ရေးဆွဲကာ ပြည်နယ်အစိုးရက အတည်ပြုကာ ပြည်ေ ထာင်စု အစိုးရဆီ တင်ပြထားပြီး ဖြစ်ပါတယ် ။ စီပွားရေးရာကော်မတီက ခွင့်ပြုတာနဲ့ အကောင်အထည်ဖော်သွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ပြောပါတယ် ။


မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာ နဒုတိယညွန်ကြားရေးမှူး ဦးသင်းဇော်မိုးက ‘မွန်ပြည်နယ်မှာ တန်ဖိုးသင့်အိမ် ရာ ၄၆၀၀ ကျော်ကို ဆောက်လုပ်ဖို့အတွက် တင်ပြထားပါတယ် ၊ ကျိုက်မေ ရာမြို့နယ်က မင်းရွာနဲ့ သံဖြူဇရပ်မြို့နယ်က ဖောင်စိန်ကျေး ရွာမှာ ဆောက် လုပ်သွားမှာပါ ၊ စီမံကိန်းဘတ်ဂျက်ငွေကိုတော့ နည်းသုံးနည်းနဲ့ ဆောင်ရွက် ရမှာပါ ၊ ပထမတစ်နည်းကတော့ တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ ေ ဆာက်တာရှိမယ် ၊ ပြီးတော့ ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်တာ ၊ ပြည်နယ်အစိုးရကဘယ်နှခန်းယူ ၊ ကုမ္ပဏီကဘယ်နှခန်းယူအဲဒီလိုမျိုးပေါ့ ၊ နောက်ဆုံးတစ်ခုကတော့ လှည့်ပတ်ရန်ပုံငွေကနေသုံးသွားမလားပေါ့ ၊ ဒါတွေကိုစဉ်းစားရပါမယ်’ လို့ ပြောပါတယ် ။

ပြည်သူတွေ အလုပ်အကိုင်အတွက်ရော ၊ နေထိုင်ရေးအတွက်ရော အဆင်ေြ ပစေမှဖြစ်ပြီးကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ယူဖို့ရှိတယ်လို့ ပြောပါတယ် ။ကုမ္ပဏီတွေ တင်ဒါခေါ်ယူတာကို ပြည်နယ်အစိုးရကလုပ်ဆောင်မှာပါ ။ အခုကျိုက်မရောက မင်းရွာမှာဆိုရင် တိုက်ခန်းပေါင်း ၂၄၃၂ ခန်းအတွက် မြေ ၄၄ ဧကလောက် အသုံးပြူမှာဖြစ်ပြီးစတုရန်းပေတွေကတော့ ၃၂၄ ၊ ၄၀၀ ၊ ၆၅၀ သုံးမျိုးရှိပါတယ် ။


သံဖြူဇရပ်မြို့နယ်နဲ့ ကျိုက်မရောမြို့နယ်အပါအဝင် မွန်ပြည်နယ်မှာ တန်ဖိုး သင့်အိမ်ရာ တိုက်ခန်းပေါင်း ၄၆၇၂ ခန်းကို ဆောက်လုပ်သွားမှာဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့ တန်ဖိုးသင့်တိုက်ခန်းကျပ် သိန်း ၁၀၀ တန်ကိုဝယ်မယ် ဆိုရင် အရင်ဆုံးသိန်း ၃၀ ပေးသွင်းပြီး ကျန်တာကို ရှစ်နှစ်အတွင်းပေးသွင်း ရမယ် ။ အဆောက်အအုံတွေမှာ ကားပါကင်အပါအဝင် မှုလတန်းကျောင်းေ တွပါ တည်ဆောက်ဖို့ တင်ပြထားတယ်လို့ သိရပါတယ် ။


Source : The Modern

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.