၆၃ လမ်း အိမ်မြေစျေးကွက် ငွေကြေးတောင့်သူများ၏ စျေးကွက်အဖြစ် ရပ်တည်

javascript

မန္တလေးမြို့သစ် ဧရိယာအတွင်း ၆၃ လမ်းပေါ်က အိမ်မြေစျေးကွက်ဟာ ငွေကြေး

တောင့်တင်းခိုင်မာသူတွေရဲ့ စျေးကွက်အဖြစ်ရပ်တည်နေပြီး လက်ရှိ အကွက်အကွင်း

အနေအထားအရ စျေးနှုန်းအမြင့်တန်းကနေ အောက်ကျဆင်းဖို့ဆိုတာ အခွင့်အလမ်း 

အလွန်နည်းပါးကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။


၆၃ လမ်းပေါ်မှာ အထူးသဖြင့် သိပ္ပံလမ်းနဲ့၃၅ လမ်းကြားက အိမ်မြေအကွက်အကွင်းတွေရဲ့ 

ဖွံ့ဖြိုးမှုက အခြေချနေထိုင်လိုသူတွေအတွက် မျက်စိကျစရာ ကောင်းနေပါတယ်။ အဲဒီလမ်း

အပိုင်းအခြားဟာ ငုရွှေဝါလမ်းနဲ့သိပ္ပံလမ်းကြားက အိမ်မြေအကွက်အကွင်းတွေထက်လည်း 

ပိုလှနေပါတယ်။ သိပ္ပံလမ်းနဲ့၃၅ လမ်းကြားမှာ လွန်ခဲ့တဲ့ သုံးနှစ်တာကာလနဲ့နှိုင်းယှဉ်ရင် 

အဆောက်အအုံကောင်းတွေ ပိုများလာပြီး အသွားအလာလည်း ပိုများလာတာကြောင့် 

ဒီလမ်းပိုင်းဟာ နေထိုင်ဖို့သာမက စီးပွားရေးလုပ်ငန်း လုပ်ဖို့အတွက်ပါ အားသာလာ

ပါတယ်။


သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြား၊ ၆၃ လမ်းပိုင်းဟာ တောင်ဘက်မှာ စည်ကားအခြေကျနေတဲ့ 

မြို့သစ်ဧရိယာနဲ့ မြောက်ဘက်မှာ မြို့တွင်းဧရိယာရဲ့အလယ်မှာရှိနေတယ်လို့ ဆိုနိုင်ပါ

တယ်။ မြို့အရှေ့ပိုင်းဧရိယာထဲမှာ ပါဝင်နေပြီး လက်ရှိမှာ အစိုးရကျောင်း၊ စျေး စတဲ့ 

အခြေခံလူနေမှု အဆောက်အအုံတွေ အနီးဝန်းကျင်မှာ မရှိသေးပေမဲ့ လမ်းပန်းဆက်သွယ်

ရေးကောင်းမွန်တာကြောင့် သွားလာရ လွယ်ကူပါတယ်။


ဒီလမ်းပိုင်းအတွင်း လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ အိမ်ခြံမြေဖွံ့ဖြိုးမှု သိသိသာသာ 

ပြောင်းလဲလာရာမှာ ၆၃ လမ်းပေါ်တင်မဟုတ်ဘဲ အတွင်းပိုင်း လမ်းသွယ်တွေထဲက 

အိမ်မြေတွေကတော့ ငွေကြေးအင်အားတောင့်တင်းသူတွေ အခြေချနေထိုင်ကြတဲ့

ဆိတ်ငြိမ်ရပ်ကွက်တွေ အသွင်ဆောင်နေပါတယ်။ ၆၃ လမ်းပေါ်မှာ အသွားအလာ

စည်ကားနေတာကြောင့် အငှားစျေးကွက်ကိုလည်း စိတ်ဝင်စားမှုရှိကြပြီး တစ်လကို

အောက်ထစ် ကျပ်ရှစ်သိန်းနဲ့အထက်ခေါ်စျေးရှိနေကြောင်း အကျိုးဆောင်တချို့ဆီက 

သိရပါတယ်။


အရောင်းအဝယ်အနေနဲ့ ၆၃ လမ်းမပေါ်ကိုတင်ရင် အောက်ထစ် ကျပ်သိန်း ၅,ဝဝဝ နဲ့

အထက်ကို စျေးခေါ်နိုင်ပြီး ကြားလမ်းတွေထဲဆိုရင် ကျပ်သိန်း ၅,ဝဝဝ အောက် စျေးခေါ်

နေကြပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ က လတ်တလော သတ်မှတ်ထားတဲ့သတ်မှတ်

စံနှုန်းတွေအရ တစ်ဧကကို ကျပ်သန်းပေါင်း ၆,၃ဝဝ ကနေ ၇,၂ဝဝ အတွင်းရှိနေပါတယ်။


၆၃ လမ်းမတန်းတင် အိမ်မြေတွေဟာ အကွက်အကွင်းလှနေတာကြောင့် လတ်တလောမှာ

ရောင်းချဖို့ထက် လက်ထဲကိုင်ထားလိုသူသာ များပြားနေပြီး လမ်းကြားပိုင်းတွေမှာသာ 

အရောင်းပိုထွက်နိုင်ကြောင်းနဲ့ စျေးနှုန်းတန်းကတော့ ညှိနှိုင်းနိုင်ခြေရှိပေမယ့်အမြင့်တန်း

မှာသာ ဆက်ရှိနေမယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.