ဒဂုံဆိပ်ကမ်း ကျီစုမှာ နှစ်၃၀ ငှားရမ်းခမဲ့ တိုက်ခန်း ၁၂၀ ကျော် ဆောက်လုပ် နေထိုင်ခွင့်ပေးထား

javascript

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုရပ်ကွက်က ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေ အတွက် နှစ် ၃ဝငှားရမ်းခမဲ့ နေထိုင်နိုင်ဖို့ တိုက်ခန်း ၁၂ဝကျော်ကို ဆောက် လုပ် ပေးခဲ့တယ်လို့ UNHabitat က မြန်မာနိုင်ငံ ဆိုင်ရာ စီမံကိန်းဒါရိုက်တာ Mr. Bijay Karmacharya က ပြောပါတယ်။


ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်အရ ဂျပန်နို င်ငံ အစိုးရရဲ့ ငွေကြေးအကူအညီနဲ့ UN-Habitat က အိမ်ခန်းပေါင်း ၁၈၀ ပါ ဝင်တဲ့ ရိုးမအိမ်ရာကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး လက်ရှိအ ချိန်မှာ စီမံ ကိန်းအပိုင်း (၁)က အခန်းပေါင်း ၁၂ဝတည် ဆောက်ပြီးစီးခဲ့တယ် လို့ သိရပါတယ်။


အဲသည်ဆောက်လုပ်ပြီးစီးတဲ့ ရိုးမ အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို ဆင်း ရဲချို့တဲ့တဲ့ ဒေသခံတွေကို ဇူလိုင်လ ၂ ရက် က စပြီး နေထိုင်ခွင့်ပေးအပ်ခဲ့ပြီး စီမံကိန်း ဒုတိယပိုင်းက တိုက်ခန်းတွေကိုတော့ တည်ဆောက်နေဆဲဖြစ်တယ် လို့ မစ္စတာ ဘီဂျေးက ပြောပါတယ်။

တိုက်ခန်းဆောက်ပေးဖို့ မြန်မာအစိုးရ ဆီက မြေတောင်းခံခဲ့ပြီးတော့ အစိုးရ က ဒဂုံဆိပ်ကမ်း၊ ကျီစုရပ်ကွက်က သည်မြေ ကို ပေးလို့ သည်မြေပေါ်မှာ သည်နားဝန်း ကျင် မှာ ရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ တွေအတွက် တိုက် ခန်းတွေ ဆောက်လုပ် ပေးတာ ဖြစ်တယ်။ အဲသည်တိုက်ခန်းတွေမှာ နေထိုင် ခွင့် ရရှိသူတွေအနေနဲ့ တစ်ခန်းကို ၃၅၀ စတုရန်းပေရှိတဲ့ တိုက်ခန်းတွေကို အခကြေး ငွေမပေးရဘဲ နှစ် ၃၀ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။


နေထိုင်သူတွေအနေနဲ့ လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာရင် နေထိုင်ခွင့် ရုပ်သိမ်းမယ်လို့ သိ ရပါ တယ်။ တိုက်ခန်းတွေကို ပြန်ငှားတာတွေ၊ ရောင်းချတာတွေနဲ့ လွှဲပြော င်းနေထိုင်ခွင့်မပြုပါဘူး။


Source : The Kumudra

#realestate #property #lease #buy #sell #apartment #condo #flat#hous


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.