အခန်းပေါင်း ၆ဝ ပါ စက်မှုလုပ်သားအိမ်ရာ ယခုလကုန်ပြီးမည်

javascript

စက်မှုဇုန် လုပ်သားများအတွက်ရည်ရွယ်ကာ ဆောက်လုပ်နေသည့် အခန်းေ ပါင်း ၆ဝ ပါ စက်မှုလုပ်သားအိမ်ရာ ယခု လကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အိမ်ရာစီမံကိန်းကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အ တွင်းဆောက်လုပ်နေခြင်းဖြစ်ပြီး အခန်းပေါင်း ၆ဝ ပါ တိုက် ၁၈ လုံး ဖြစ်ေ ကြာင်း၊ ယင်းအိမ်ရာကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ရာခိုင်နှုန်း ၉ဝ ကျော်ပြီးစီးပြီဖြစ်ပြီး ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် အကုန်ကျခံကာ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ရွှေ လင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော် မတီမှ ဇူလိုင် ၈ ရက်က သိရသည်။


''တိုက် ၁၂ လုံးကတော့ အ ကုန်ပြီးပြီ။ ကျန်တာကတော့ ဇူလိုင် ကုန်မှပြီး မယ်။ အနားယူနိုင်တဲ့ ပန်းခြံတွေ၊ ကလေးကစားကွင်းတွေ ပါထည့်ဆောက် မှာပါ''ဟု ရွှေလင်ဗန်း စက်မှုဇုန်ကော်မတီဥက္ကဋ္ဌ ဦးအေး သောင်းက ပြော သည်။

လက်ရှိ အိမ်ရာဆောက်လုပ်နေသည့် မြေနေရာအား အစိုးရမှ မြေ တစ်ဧက ကို တစ်နှစ်လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် နှစ်ခြောက်ဆယ် စာချုပ် ဖြင့် လေးဧက ငှားရမ်းကာ ဆောက်လုပ်စေခြင်းဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်သည့် ကုန်ကျစရိတ်ကို မူ အခန်းဝယ်သည့် စက်ရုံပိုင်ရှင် များမှ ပေးချေစေခြင်းြ ဖစ်ကြောင်း သိရသည်။


''တိုက်ခန်းတစ်ခန်းကို ကျပ် ၆၂ သိန်း၊ ၆၈ သိန်း၊ ၇၂ သိန်း ကနေ သိန်း ၉ဝ နဲ့ လုပ်ငန်းရှင်တွေ ကို ရောင်းပါတယ်'' ဟု ၄င်းက ဆို သည်။ တိုက်ခန်းဝယ် သည့် လုပ်ငန်း ရှင်များသည် မိမိတို့ယူသည့် တိုက် ခန်းအရေအတွက်တန်းဖိုး ကို အရစ် ကျပေးချေရပြီး ထိုသို့ပေးချေသည့် ငွေဖြင့် ကန်ထရိုက်စနစ်ဖြင့် ေ ဆာက် လုပ်ခြင်းဖြစ်ကြောင်း ယင်းတိုက်ခန်း များတွင် ရွှေလင်ဗန်းစက်မှုဇုန် ရှိလုပ် သားများ နေထိုင်ခွင့်ရရှိမည်ဖြစ်သ လို လက်ရှိဆောက်လုပ်ပြီး တိုက် ခန်း အချို့တွင်လည်း လုပ်သားများနေ ထိုင်နေပြီဖြစ်ကြောင်း သိရသည်။


Source : DemocracyToday

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.