တန်ဖိုးနည်းအိမ်ရာများ စက်တင်ဘာ ၂ ရက်တွင် မဲနှိုက်ရောင်းချမည်

javascript

တန်ဖိုးနည်းအိမ်ရာငါးခုမှ တိုက်ခန်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနမှူး ရုံးတွင် စက်တင်ဘာ ၂ ရက်၌ မဲနှိုက်စနစ်ဖြင့် နေရာချထားရောင်း ချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနွေမှူးက သြဂုတ် ၂၈ ရက်က မြန်မာ တိုင်း(မ်)ကို ပြောသည်။


မဲနှိုက်ဝယ်ယူရမည့် တိုက်ခန်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် လှိုင်သာယာ မြို့နယ် တို့ရှိ အိမ်ရာစီမံကိန်းများမှ တိုက်ခန်းများ ဖြစ်ပြီး အိမ်ခန်းစုစုပေါင်း ၉၉၁ ခန်းကို ရောင်းချပေးမည်ဖြစ်သည်ဟု သိရသည်။


''မြေညီထပ်ကို လိုချင်တဲ့သူက များတယ်၊ ဝယ်လိုအားနဲ့ ရောင်းနိုင်အားက မမျှဘူး။ ဒါကြောင့် အခန်းတွေကို မဲနှိုက်စနစ်နဲ့ နေရာချထားပေးမယ်။ စီမံ ကိန်းနေရာကို ရွေးချယ်ခွင့်ရှိတယ်၊ အခန်းကိုတော့ ရွေးချယ်ခွင့်မရှိဘူး''ဟု ဦးနွေမှူးက ပြောသည်။


တန်ဖိုးနည်းတိုက်ခန်းများကို အမှန်တကယ် အိမ်ရာလိုအပ်နေသည့်သူ၊ ဘဏ် ချေးငွေကို လစဉ်ပုံမှန်ပေးဆပ်နိုင်သူ၊ မိသားစုတစ်လဝင်ငွေ ကျပ်ငါး သိန်းနှင့် အထက်ရှိသူတို့ကို ရွေးချယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း လည်း သူက ဆိုသည်။


ထို့ပြင် ယခုရောင်းချပေးမည့် အချို့အိမ်ရာများမှာ လျှပ်စစ်နှင့် ရေမ ရရှိေ သးသော အဆောက်အအုံများလည်း ရှိနေသေးကြောင်း၊ အဆိုပါအဆောက် အအုံများ ဝယ်ယူခွင့်ကို လျှောက်ထားနိုင်သော်လည်း နေထိုင်ခွင့်ရရှိရန် ငါး လခန့်ထိ ကြာမြင့်နိုင်သေးကြောင်း သူက ပြောကြားသည်။


ရောင်းချပေးမည့် တိုက်ခန်းများမှာ အမြင့်ဆုံး လေးလွှာအထိသာ ရှိမည်ဖြစ် ပြီး မြေညီထပ်ကို ကျပ်သိန်း ၁၂ဝ မှစကာ တစ်လွှာမြင့်သွားလျှင် ငွေကျပ် ၁ဝ သိန်းခန့်ကွာမည်ဖြစ်ပြီး အပေါ်ဆုံးအလွှာမှာ ကျပ်သိန်း ၉ဝ ဖြစ်သည်။

ယခုအိမ်ရာများ ရောင်းချပေးခြင်းကြောင့် အငြိမ်းစားဝန်ထမ်းများအတွက် အိမ်နှစ်ရှည်ငှားရမ်းနေထိုင်ရသည်ထက် အလွန်အဆင်ပြေကြောင်း အိမ်ရာ ဝယ်ယူခွင့်ရရှိသူ ဒေါ်လှလှအေးက ပြောသည်။


''သိန်း ၁ဝဝ ပတ်ဝန်းကျင်လောက်နဲ့ ရန်ကုန်မှာ အိမ်နေရာရတယ်ဆိုတာ လွယ်တာမှမဟုတ်တာ။ အိမ်ခန်းက မိသားစုသုံးယောက်လောက်နေဖို့တော့ အတော်အဆင်ပြေတယ်''ဟု ၄င်းက ဆိုသည်။


အခန်းဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူမည့် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်သည်။ ထို့နောက် ဝယ်ယူခွင့်ရရှိလျှင် ကျန်လိုငွေများကို ဘဏ်မှအတိုး ၁၃ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး အခန်းဝယ်ယူပြီး တရားဝင်နေထိုင်ခွင့်ရချိန်မှစ၍ ဘဏ်မှချေးယူထား သည့် ကျန် ရဝ ရာခိုင်နှုန်းနှင့် အတိုးတို့ကို ၁ဝ နှစ်အတွင်းတွင် အပြီးပေးဆပ်ရ မည်ဖြစ်သည်။


ယင်းအိမ်ရာများကို ၂ဝ၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုေ ရာင်းပေးမည့် တိုက်ခန်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်း အပိုင်း(၁)နှင့် (၂)၊ ကနောင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် လှိုင်သာယာမြို့နယ်မှ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၂)နှင့် (၃) တို့ ဖြစ်ကြကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စာရင်း များအရ သိရသည်။


၂ဝ၄ဝ ပြည့်နှစ်တွင် ရန်ကုန်၌ အိမ်ခန်း တစ်သန်းကျော် လိုအပ်လာမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး အဆိုပါ လိုအပ်ချက်၏ ငါးပုံတစ်ပုံ (၂ဝ ရာခိုင်နှုန်း) ကို အိုးအိမ်ဌာနက ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကာ ကျန်သည်ကို ပုဂ္ဂလိကဏ္ဍမှ ဖော်ဆောင်သွားမည်ဟု မျှော်မှန်းထားကြောင်း ဦးနွေမှူးက ေြ ပာသည်။


Source : Myanmar Time

#realestate #property #lease #buy #sell #apartment #condo #flat#house

#villa #residence #office #commercial #residential #realtor #agency#agent

#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.