ပင်စင်စားများအတွက် အငှားအိမ်ရာ စီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ

javascript

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအတွက် အငှားအိမ်ရာများ စတင်အကောင်အထည်ဖော်ရန်တိုင်းအစိုးရနှင့် ဖက်စပ်လုပ်ကိုင် သည့် ကုမ္ပဏီက အောက်တိုဘာ ၁၈ ရက်တွင်တင်ဒါစတင် ခေါ်ယူသည်။


အဆိုပါစီမံကိန်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းအိမ်ရာ စီမံကိန်းများအနက် တစ်ခုဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။


‘‘ဒါက (ဝန်ထမ်းအိမ်ရာစီမံကိန်း) ဒီအစိုးရလက်ထက်မှာမှ ပထမဦးဆုံးပါ။ ဟိုးအရင်တုန်းကတော့ ဦးနုလည်း ဆောက်ခဲ့တာ’’ ဟု ၎င်းကပြောသည်။


ဆောက်လုပ်ရေးကုမ္ပဏီ များကို ကြီးကြပ်မည့် Yangon Metropolitan Development အများပိုင်ကုမ္ပဏီက တင်ဒါခေါ် ခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီ သည် ရန်ကုန်တိုင်းအစိုးရနှင့် Myanmar Construction Development ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် တည်ထောင်ထားခြင်းဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ထမ်းအငှားအိမ်ရာအတွက် ကျပ်ငါးဘီလီယံဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ပထမဦးဆုံး တည်ဆောက်မှု ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီက ပြောသည်။


ယခုတင်ဒါခေါ်ယူ၍ ပထမ ဦးဆုံးတည်ဆောက်မည့် အိမ်ရာသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ဖြစ်ပြီး ၁၂ ခန်းတွဲ ငါးထပ်အဆောက်အအုံ ငါးလုံးတည် ဆောက်မည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါအိမ်ရာသည် ပင်စင်စားနိုင်ငံ့ ဝန်ထမ်းများအတွက် အငှားအိမ်ရာစနစ် ဖြစ်သည်ဟု တိုင်းအစိုးရက ဆိုထားသည်။


မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နှစ်စဉ်အငြိမ်းစားယူသည် 

ဝန်ထမ်းတစ်သောင်းခွဲခန့်ရှိပြီး ၎င်းတို့နေထိုင်ရန် တိုက်ခန်းတစ်သောင်းခွဲခန့်ကို ပုံမှန်တည်ဆောက်ရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။


Source : 7Daydaily

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor #agency#agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.