လှည်းကူးမှာ ဧက ၁၄၀၀ ကျော်တဲ့ အိမ်ရာစီမံကိန်း စတင် အကောင်အထည်ဖော်

javascript

လှည်းကူးမြို့နယ်မှာ ဧက ၁၄၀၀ ကျော် ကျယ်ဝန်းတဲ့ ECO Green City အိမ်ရာစီမံကိန်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီး ဝင်ငွေနည်းတဲ့သူတွေအတွက် အခြေခံအဆောက်အအုံတွေ ပါရှိသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အဆိုပါ ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းဟာ အစိုးရသစ်ရဲ့ ပထမဆုံး ဆောက်လုပ်မယ့် အကြီးမားဆုံး မြို့သစ်အိမ်ရာစီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်း အကောင်အထည်ဖော်မယ့် မြေဧရိယာအတွင်း ကျူး ကျော်နေထိုင်သူတွေကို ဇွန်လက ရဲတပ်ဖွဲ့နဲ့ အလုပ်သမားအင်အား ၂၀၀၀ ခန့်နဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။


“စီမံကိန်းကြီးတစ်ရပ်ကို တည်ဆောက်နိုင်တဲ့အတွက် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို များစွာ အထောက်အကူ ဖြစ်စေသလို ရန်ကုန်တိုင်းရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း အရေးပါတဲ့ လုပ်ငန်းဖြစ်ပြီး အစိုးရအဖွဲ့က အနီးကပ် ကြီးကြပ်သွားမယ်”လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။


အဆိုပါ စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Stars Group ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သုံးမိုင် တစ်ဖာလုံအနီးမှာ ရှိတာ ဖြစ်ပါတယ်။


အဆိုပါ စီမံကိန်းမှာ ဝင်ငွေနည်းသူတွေအတွက် အငှားအိမ်ရာတွေ၊ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာတွေအ တွက် အခန်းပေါင်း ၃၀၀၀ ကျော်ရှိမယ့် အိမ်ရာအလုံး ၁၀၀ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ စီမံကိန်းကို အဆင့်နှစ်ဆင့်နဲ့ တည်ဆောက်သွားမှာဖြစ်ပြီး ပထမအဆင့် မြို့သစ်စီမံကိန်းအနေနဲ့ တန်ဖိုးနည်း၊ သင့် အိမ်ရာ တွေ၊ အထပ်မြင့် အိမ်ရာတွေ၊ ဈေးနဲ့ စားသောက်ဆိုင်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းတွေ၊ အမြန်လမ်း ယဉ်ရပ်နားစခန်းတွေကို ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။


ပြီးရင်တော့ ရှော့ပင်းမော၊ ပန်းခြံ၊ ကစားကွင်းတွေကို မြို့သစ်စီမံကိန်းမှာ ထည့်သွင်းဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေကိုလည်း ထည့်သွင်းဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်းကို သုံးနှစ်ခန့် အချိန်ယူ ဆောက်လုပ်မှာ ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေကနေ စီမံခန့်ခွဲပြီး ရောင်းချပေးမှာလို့ သိရပါတယ်။


Source : The Kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.