နို်င်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ ဆောက်လုပ်ရေး ပစ္စည်းများကို ပိုမိုတင်သွင်းရောင်းချမှုရှိနေ

javascript

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့သည် ဆောက်လုပ်ရေးပစ္စည်းများ ကို မိမိလုပ်ငန်းလိုအပ်ချက်ထက် ပိုမိုတင်သွင်းပြီး စျေးကွက်အတွင်း စျေးနှုန်းသက် သာစွာဖြင့် ဖြန့်ဖြူးရောင်းချနေကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူးဦးတင့်လှိုင်က ပြောသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်လုံးဝရထားသဖြင့် ပြည်တွင်းထုတ်လုပ်သူများ နှင့် ပြည်ပမှ အခွန်ဆောင်တင် သွင်းသူများထက် စျေးနှုန်းပိုမိုသက်သာစွာ ရောင်းချနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။


‘‘အခွန် သုညဖြစ်နေတော့ လိုအပ်ချက်ထက် သူတို့ကပိုသွင်း လာပြီးတော့ ပိုလျှံတဲ့ပစ္စည်းတွေ ကို ပြည်တွင်းစျေးကွက်ထဲမှာ ဖြန့် တယ်။ ပြည်ပကနေ ပြည်တွင်းကို သွင်းပြီး ဖြန့်တဲ့သူတွေက အခွန်နဲ့ သွင်းလာတော့ စျေးများပြီး သူ တို့က စျေးနည်းနေတော့ သွင်း ကုန်သမားက ဒုက္ခရောက်တယ်။ ဒီလိုပဲ ပြည်တွင်းထုတ်လုပ်သူအ တွက်ရော စျေးနှုန်းကွာဟချက် ကြောင့် စျေးကွက်မှာလာပြီးတော့ အခက်အခဲ၊ ဒုက္ခရောက်တယ်’’ ဟု ၎င်းကဆက်လက်ပြောသည်။


အဆိုပါလုပ်ငန်းများက အဆောက်အအုံကဏ္ဍသုံး သံချောင်းများ၊ ဘိလပ်မြေ၊ အိမ်သုတ်ဆေး၊ ရေသန့်ပစ္စည်း၊ ရေပိုက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ တင်သွင်း ရောင်းချနေကြောင်း ဦးတင့်လှိုင် က ပြောသည်။


ထိုသို့တင်သွင်းရောင်းချမှု သည် ၂၀၁၅ နှစ်ကုန်က စတင်ပြီး ၂၀၁၇ နှစ်ဆန်း၌ တွင်ကျယ်လာ ကြောင်း ၎င်းကဆိုသည်။


ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ် သူများအသင်းသို့ ပြည်တွင်းထုတ် လုပ်သူများက တိုက်ရိုက်တင်ပြ တိုင်ကြားမှု အနည်းဆုံး လေးခု ကျော်ရှိကြောင်း ၎င်းကဆိုသည်။


နိုင်ငံခြားရင်းနီီှးမြှုပ်နှံမှု လုပ် ငန်းများအတွက် အခွန်ကင်းလွတ် ခွင့်ကို တည်ဆောက်ရေးကာလ အတွင်းသာ ပေးအပ်ပြီး လုပ်ငန်း တင်ပြစဉ်ကာလက တွက်ချက် တင်ပြထားသည့် ပမာဏကိုသာ ခွင့်ပြုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နီလာမူက ပြောသည်။


‘‘ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ခွင့်ပြုပေးတာ မှန်ပေမယ့် သူတို့တင်ပြလာတဲ့ ပမာဏတိုင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို လုပ်ငန်းအတွက် အမှန်တကယ် လိုအပ်ခြင်းရှိ၊ မရှိ စစ်ဆေးခိုင်း တာရှိပါတယ်။ အခုလိုမျိုးသွင်း ချင်တိုင်း တင်သွင်းလို့မရပါဘူး’’ ဟု ဒေါ်နီလာမူက ပြောသည်။


‘‘ဒါတွေအပြင်မှာ ကြားနေရ တယ်။ တချို့တွေက ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှာ လုပ်ငန်းခွင့်ပြုမိန့် ယူတယ်။ ပြီးရင် ဒီလိုလုပ်ငန်းတွေ လုပ်နေကြတယ်။ ဘယ်နားမှာ လုပ်နေတယ်ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ခဲပါတယ်’’ ဟု Three Friends ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးကိုကိုလေးက ပြောသည်။


‘‘တည်ဆောက်ရေးကဏ္ဍ တွေနဲ့ ပတ်သက်ပြီး လုပ်လာတဲ့အ ခါမှာ သူတို့တွေ(နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ) က မူလတွက်ချက်ထား မှုတွေထဲမှာလည်း ပိုတွက်ချက် ထားတာရှိကောင်း ရှိနိုင်တယ်။ တချို့က သုံးစွဲမှုကို လျှော့ချသုံးစွဲဲ လာတာလည်း ရှိနိုင်တယ်’’ ဟု ပါရမီဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်ကလည်း သုံးသပ်ပြော သည်။ ယခုဘဏ္ဍာနှစ် ရှစ်လအ တွင်း အိမ်ရာဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင် ရောက်ထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ဝင်ရောက်ထား သည်။


၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၌ ဒေါ်လာ သန်း ၇၅၀ ခန့်နှင့် ၂၀၁၅-၁၆ ၌ ဒေါ်လာသန်း ၇၃၀ ခန့် ဝင်ရောက်ခဲ့သည်။


Source : 7Daydaily

#realestate #property #lease #buy #sell #apartment #condo #flat#house

#villa #residence #office #commercial #residential #realtor #agency#agent

#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.