စက်မှုဥယျာဉ်စီမံကိန်းတွင်ဒေါ်လာသန်း ၅ဝဝ ကျော် ရင်းနှီးမြှုပ်နှံ

javascript

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းဧရိယာအတွင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များက စက်ရုံများတည်ဆောက်၍ ဒေါ်လာသန်း ၅ဝဝ ကျော် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းတွင် တည်ဆောက်ဆဲနှင့် 

လည်ပတ်နေသည့် စက်ရုံပေါင်း ရှစ်ခုရှိကာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၉ဝ 

ရာခိုင်နှုန်းနှင့် ပြည်တွင်းနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်ကြောင်း မန္တလေး-မြို့သာစက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းအောင်က ပြောသည်။


''တည်ဆောက်ဆဲနဲ့ လည်ပတ်နေတဲ့ စက်ရုံပေါင်း ခုနစ်ခုရှိပါတယ်၊ ဒီဇန်နဝါရီ၁၆ ရက်မှာ စီမံကိန်းလုပ်ငန်းတွေစတင်လုပ်ဆောင်တဲ့ မန္တလေး-ပေါင်ဆန်း-မြို့သာစက်ရုံစီမံကိန်းနဲ့ဆိုရင် စီမံကိန်းကုမ္ပဏီပေါင်း ရှစ်ခုရှိသွားပါပြီ၊ ဒါ့အပြင် လက်ရှိကျွန်တော်တို့ဆီမှာ မြေဧက ၂ဝ လောက်ယူထားပြီး ဒီဇိုင်းဆွဲနေတဲ့ တခြားစက်ရုံ နှစ်ရုံ၊ သုံးရုံရှိပါတယ်၊ အဲ့ဒီစက်ရုံတွေက မော်တော်ကား တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး လာမယ့် မတ်၊ ဧပြီလောက်မှာ တည်ဆောက်ရေး လုပ်ငန်းစတင်မှာပါ၊ နောက်တစ်ခုက အမှိုက်ကနေပြန်ထုတ်မယ့် စက်ရုံတွေပါပဲ၊ ဂျပန်နိုင်ငံကလာပြီးလုပ်မှာပါ၊ ဒီဇိုင်းဆွဲနေတဲ့အဆင့်ရှိနေပါပြီ''ဟု ၄င်းက ပြောသည်။


၄င်းစက်မှုဥယျာဉ်တွင် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ဆဲနှင့် လုပ်ငန်းလည်ပတ်နေသည့်စက်ရုံများအနေဖြင့် နယ်သာလန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် တိရစ္ဆာန် အစာစပ်စက်ရုံများ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်းမှ ဖက်စပ် 

ရင်းနှီးမြှုပ်နှံသည့် ကွန်ကရစ်ထုတ်လုပ်သည့် စက်ရုံ၊ ယူနန်ပြည်နယ်နှင့် ပြည်တွင်း ဖက်စပ်လုပ်ကိုင်သည့် ဘီစကွတ်စက်ရုံ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ပြည်တွင်း ဖက်စပ်လုပ်ကိုင်သည့် အထပ်သားထုတ်လုပ်သည့်စက်ရုံစသည်တို့ ဖြစ်ကြပြီး ယခုဇန်နဝါရီ ၁၆ ရက်တွင် စီမံကိန်းစတင်ဆောင်ရွက်သည့် တရုတ်နိုင်ငံ ပေါင်ဆန်းပြည်နယ်ခွဲမှ လာရောက်၍ ရင်းနှီးမြှုပ်နှံသော စက်ရုံစီမံကိန်းတွင် ဦးထုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် သေတ္တာထုတ်လုပ်သည့် စက်ရုံများပါဝင်မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်း

တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော်

ရှိသည့်အနက် မန္တလေး-ပေါင်ဆန်း-မြို့သာ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၃၉ဝ ကျော်ရှိပြီး ၄င်းဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း ဧရိယာမှာ ဧက ၃၁၃ ဒသမ ၇၅ ကျယ်ဝန်းပြီး ပထမလုပ်ငန်းစဉ်အဖြစ် မျက်နှာပြင် ဧရိယာ ဧက ၅ဝ ပေါ်တွင် စက်ရုံများ၊ ဝန်ထမ်းအိမ်ရာများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။


Source : The Mirror

#realestate #property #lease #buy #sell #apartment #condo #flat#house


#villa #residence #office #commercial #residential #realtor#agency #agent


#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.