ဘဏ်အတိုးနှုန်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အကြွေးလည်ပင်းရောက်နေဟုဆို

javascript

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ လျှော့ချပေးရန် တောင်းဆိုထားပြီး လုပ်ငန်းရှင်အချို့မှာ အကြွေးဖြင့် လည်ပတ်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။


ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဘဏ်အတိုးနှုန်းမှာ ၆ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်းသာရှိပြီး မြန်မာနိုင်ငံထက် ၉ ရာခိုင်နှုန်းသက်သာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အလုပ်မှုဆောင် ဦးရဲလင်းက News Watch သို့ ပြောသည်။


''အခုက ကျွန်တော်တို့ ကိုယ်တိုင်တောင် ၁၀ ရာခိုင်နှုန်းမြတ်ဖို့ မသေချာတော့ဘူး။ ကွာလတီတွေ ထိန်းရတယ်၊ စျေးနှုန်းက အရမ်းများတယ်၊ ကုမ္ပဏီတွေကလည်း ကုမ္ပဏီအဆင့်အတန်း သတ်မှတ်ချက်တွေက အများကြီးပဲ၊ ဘယ်လိုကုမ္ပဏီမှ ဘယ်လိုတင်ဒါကို ပြန်ရမယ်ဆိုတဲ့ ပေါ်လစီကလည်း မရှိဘူး။ မရှိတော့ ကုမ္ပဏီသေးတာက စျေးနည်းနည်းနဲ့ လုပ်နိုင်တယ်၊ ကုမ္ပဏီကြီးတာက မလုပ်နိုင်ဘူး၊ ကျွန်တော်ကဘဏ်ကနေ ၁၃ ကျပ် အတိုး နှုန်းနဲ့ ယူလုပ်ရင်ရှုံးပြီပေါ့။ ၉ ရာခိုင်နှုန်းနဲ့ လုပ်မယ်ဆိုရင်လည်း ၁၀ ရာခိုင်နှုန်းမြတ်တယ်ဆိုရင် ၁ ရာခိုင်နှုန်းပဲ မြတ်တဲ့ ပုံစံဖြစ်နေတာပေါ့၊ ပြည်သူလူထု ဝယ်နိုင်မည့်စနစ်တွေ၊ ဘဏ်တွေနဲ့ အစိုးရက ဖန်တီးပေးနိုင်မှ ပြည်သူလူထုက ဝယ်နိုင်မှာ၊ ပြည်သူလူထုဝယ်နိုင်ရေးသေချာမှ ဆောက်လုပ်ရေးက စနိုင်မှာ၊ ဆောက်ထား ပြီးတော့ ရောင်းလည်း မရောင်းရဘူး၊ ဆောက်တဲ့ ကုမ္ပဏီတွေကလည်း လည်ပင်းကိုအကြွေးက ရောက်လာပြီ၊ ဘဏ်တိုးတွေက ပိနေပြီ''ဟု ၎င်းက ပြောသည်။


ထိုသို့ဘဏ်အတိုးနှုန်းလျှော့ချပေးရမည့်အပြင် ပြည်သူလူထုဝယ်နိုင်မည့်အနေအထားကို အစိုးရက ဖန်တီးပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။


'အခွန်လျှော့ပေးတာ တခုတည်းနဲ့လည်း အောင်မြင်မယ်လို့ ပြောလို့မရဘူး၊ ဒါပေမဲ့ လျှော့ပေးမယ်လို့တော့ ကြားတယ်၊ နိုင်ငံရေးအခြေအနေလည်းတည် ငြိမ်ဖို့လိုတယ်၊ ဘက်စုံထောင့်စုံတိုးတက်မှပဲဖြစ်မှာ၊ အဓိကအချက်က ဆောက်လုပ်ခွင့်ပါမစ်တွေ ခက်တာ၊ နောက်ပြီး ဘဏ်တွေကနေ အတိုးနှုန်းတွေများနေတဲ့ အတွက် ဆောက်တဲ့လူတွေက ဘဏ်က ပိုက်ဆံတွေယူပြီးတော့ ဆောက်ရတာ၊ ဘဏ်တိုးတွေက များနေတယ်၊ အခန်းတွေက ရောင်းမထွက်ဘူး၊ ဒါကြောင့် ဆောက်လုပ်ရေးက ရပ်နေတာပေါ့၊ အခုက ဝယ်လိုအားနည်း တဲ့အတွက် ပိတ်မိနေတာပေါ့၊ အဲဒီတော့ ဆက်မဆောက်နိုင်တော့ဘူး၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ကျတော့လည်း ကွန်ဒိုမီနီယံဥပဒေပေါ်မှာ သူတို့အားရကျေနပ်မှုရှိလား၊ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပွင့်လင်းမှုရှိလား၊ စိုးရိမ်စရာတွေများနေတဲ့အတွက် တကယ်လာပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ဘူး၊ အကြောင်းအရာတွေ အများကြီးဆုံနေတယ်''ဟု ဦးရဲလင်းက ပြောသည်။


ဘဏ်အတိုးနှုန်းများ လျှော့ချရာတွင်လည်း တဖြည်းဖြည်းချင်းလျှော့ချသွားမည်ဆိုပါက နောက်ပိုင်း ကာလများတွင် အဆင်ပြေလာမည်ဖြစ်ပြီး ဘဏ်အတိုးနှုန်းများသည် နိုင်ငံထူထောင်ရေးလုပ်ငန်း၌ များစွာ အရေးပါကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်ဒုဥက္ကဋ္ဌဦးရှိန်းဝင်းက ပြော သည်။


''ဘဏ်အတိုးနှုန်းတွေက ကျွန် တော်တို့တောင်းဆိုထားတဲ့ အဆင့်ပဲရှိသေးတယ်၊ ကျန်တဲ့အပိုင်းကတော့ ဌာနဆိုင်ရာတွေ ဝန်ကြီးဌာနတွေက စီစဉ်ပါလိမ့်မယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နေတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်၊ အဓိကတော့ အခွန်နှုန်းပေါ့၊ နောက်အတိုးနှုန်းအဓိကပေါ့၊ အခွန်နှုန်းက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ မူကြမ်းကိုရေးဆွဲပြီး တင်ပြတဲ့အပေါ်မှာ မကြာခင်အချိန်မှာ လွှတ်တော်က အတည်ပြုပြီးရင် ဧပြီလ ၁ ရက်မှာ စရမှာဖြစ်ပါတယ်၊ ဒါက လုပ်ငန်းလည်ပတ်ခြင်းရဲ့အစ ဖြစ်ပါတယ်၊ နှေးကွေးခြင်းရဲ့အကြောင်းတွေပဲ'' ဟု ၎င်းက ပြောသည်။


အိမ်ခြံမြေနှင့်ပတ်သက်၍ အစိုးရမှ နှစ်စဉ်ရရှိသောအခွန်နှုန်းထားများမှာ ၂၀၁၅ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ကောက်ခံ ရာမှ ၁၂၂ ဘီလီယံရရှိပြီး ၂၁၁၆ တွင် ၃၀ ရာခိုင်နှုန်းကောက်ခံရာ အခွန်ငွေ ၆၅ ဘီလီယံ လျော့ကျသွားကြောင်းနှင့် ၂၀၁၇ တွင် ၃၀ ရာခိုင်နှုန်းကို ဆက်လက်ကောက်ခံရာ ၂၅ ဘီလီယံသာရရှိကြောင်း သိရသည်။


Source : News Watch

#realestate #property #lease #buy #sell #apartment #condo #flat#house

#villa #residence #office #commercial #residential #realtor #agency#agent

#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.