ဟံသာဝတီလေဆိပ် စီမံကိန်းအတွင်းရှိ လယ်မြေပိုင်ရှင်များကို နစ်နာကြေးပေးမည်

javascript

ပဲခူးတိုင်း ပဲခူးမြို့နယ် ဟံသာဝတီလေဆိပ် စီမံကိန်းနယ်မြေအတွင်း ပါဝင်နေသည့် ကျူးကျော်အဆောက်အအုံများကို လျော်ကြေးပေးမည်မဟုတ်ဘဲ လယ်မြေပိုင်ရှင်များကိုသာ နစ်နာကြေးပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောကြားသည်။


“အစိုးရအနေနဲ့ လေဆိပ်စီမံကိန်းထဲက ကျူးကျော်တွေရှင်းလင်းဖို့ ဆပ်ကော်မတီအလိုက် ဆောင်ရွက်နေတယ်။ လတ်တစ်လောမှာ လယ်မြေကိုနစ်နာကြေးပေးဖို့ လုပ်ဆောင်နေတယ် ဆိုပေမယ့် ငွေကြေးကတော့ အစိုးရထံတင်ပြထားဆဲဖြစ်လို့ ထုတ်ဖော်ပြောဆိုလို့ မရသေးဘူး”ဟု ၎င်းက ပြောကြားသည်။


ယင်းလေဆိပ်ဆောက်လုပ်မည့် ဧရိယာအတွင်း လယ်မြေဧက ၁၇၀၀ ခန့်ပါဝင်နေပြီး လက်ရှိပေါက်ဈေးမှာ ကျပ်သိန်းတစ်ထောင်ခန့်ရှိကြောင်း လယ်ပိုင်ရှင်များထံမှသိရသည်။


ယင်းလေဆိပ်စီမံကိန်းနယ်မြေအတွင်း ကျူးကျော်နေထိုင်သည့် သာသနိကအဆောက်အအုံများ၊ အိမ်များ၊ လယ်မြေများနှင့် အလုပ်ရုံများကို ဖယ်ရှားရှင်းလင်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျူးကျော်ရှင်းလင်းရေး၊ ပြောင်းရွှေ့စရိတ်ထုတ်ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ယာယီနေထိုင်ရေး စသည့်ကော်မတီများဖွဲ့စည်းကာ စီမံဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။


ဟံသာဝတီလေဆိပ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ အသုံးပြု၍ မြေအကျယ်ဟက်တာ ၃၆၀၀ ပေါ်၌ တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်မည်ဖြစ်ကာ တစ်နှစ်လျှင်ခရီးသည် ပျမ်းမျှ ၁၂ သန်း အဝင်အထွက်ရှိမည်ဖြစ်သည်။


Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.