ကွန်ကရစ်လမ်းတွေက မြင့်၊ အိမ်တွေက နိမ့် ၊ ဆိုးကျိုးပြဿနာ ကြုံလာရ

javascript
မိုးရော လေရောသည်း ထန်နေတာကြောင့် အသံတွေ ကြောက်စရာကောင်းသလို သစ်ပင်တွေ ယိမ်းထိုးနေ တယ်။ 

ရန်ကုန်မိုးကို ဂရုမစိုက်အားဘဲ အသက် ၃၀ အရွယ်လူငယ်နှစ်ဦးဟာ အိမ် ရှေ့သဲပုံက သဲတွေကိုအိတ်ထဲထည့် သယ် ကြတယ်။ တံစက်မြိတ်အတွင်းကနေ သဲအိတ်ကို စီထပ်ကြတယ်။

အိမ်အတွင်းမှာ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက ခုံပေါ်မှာခြေထောက်တင်ပြီး ထိုင်ကာ 'မြန်မြန်လုပ်ကြ အအေး မိမယ်”လို့ ပြောပါတယ်။

သူတို့အိမ်က လမ်းမထက် တစ်ပေ ကျော်နိမ့်နေတယ်။ အိမ်ရှေ့ကရေနုတ် မြောင်းကလည်း ရေကောင်းကောင်းမစီး တော့ဘဲ ရေတွေလျှံကာ အနိမ့်ပိုင်းဖြစ်တဲ့ အိမ်ထဲကိုပဲ လိမ့်ဝင်နေပါတယ်။
အဲသည်အိမ်က တောင်ဥက္ကလာပမြို့ နယ်ထဲက ရတနာလမ်းဘေးမှာရှိပါတယ်။ အဲသည်လမ်းက ကွန်ကရစ်လမ်းခင်းနေပါ တယ်။မူလက အိမ်တွေနဲ့ တစ်ပြေးညီရှိ တဲ့လမ်းကို လမ်းအမြင့်ထပ်ပိုးပြီးခင်းခဲ့ တာကြောင့် အိမ်နဲ့ လမ်းဟာ အနိမ့်အမြင့် တော်တော်ကွာဟသွားပါတယ်။

အသက် ငါးနှစ်အရွယ်ကလေးငယ်က ရေထဲမှာ မှောက်ခုံမှောက်ပြီး လက်နှစ် ဖက်နဲ့ ရေတွေကို ယက်လိုက်ခြေထောက် နှစ် ချောင်း ကို အပေါ် မြှောက်လိုက် အောက်ပြန်ချလိုက်လုပ်တယ်။ ထွက်လာတဲ့ ရေသံ တဗွမ်းဗွမ်းကို သဘောကျပြီး တခစ်ခစ်ရယ်တယ်။

သူ့ရဲ့အမေက “သမီး ရေတွေက ညစ်ပတ်တယ်၊ လာထမကစားနဲ့၊ ရေချိုးတော့” လို့ ခေါ်တယ်။ သူကတော့ ခြေသလုံးတစ် ဝက်ခန့်ရှိတဲ့ရေထဲမှာ လမ်းလျှောက်တယ်။ ထိုင်ပြီး ရေကိုလက်နှစ်ဖက်နဲ့ တဗြန်းဗြန်း အသံထွက်အောင် ရိုက်ကာ  ကစားနေဆဲ ပဲ။ 

+++ အိမ်ထဲရေဝင် +++

သူတို့အိမ်ရှေ့က ကွန်ကရစ်လမ်း တွေခင်းပြီးနောက်ပိုင်း လမ်းဟာ သူတို့ အိမ်ထက်တစ်ထွာခန့် မြင့်တက်ပြီးနောက် မိုးရာသီရောက်တိုင်း အိမ်ထဲရေဝင်တော့ တာပါပဲ။ တောင်ဒဂုံမြို့နယ်၊ ရပ်ကွက် လမ်းနံဘေးက အိမ်တစ်အိမ်ရဲ့ မိုးရွာ တိုင်းရေဝင်တာကို ကြုံနေရတာပါ။

အခုလို လမ်းတွေ မြင့်တက်ပြီး အိမ် တွေကနိမ့်ကျကာ ရေတွေဝင်နေတာ ကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မြို့ပြအင်ဂျင်နီယာတွေ စိုးရိမ်နေကြပါတယ်။

'ပတ်ဝန်းကျင်ရဲ့ထိခိုက်နိုင်တဲ့အချက် တွေကို မစဉ်းစားဘဲ လမ်းတွေကို မြှင့်ပြီးခင်းလိုက်တဲ့အခါ လူနေအိမ်တွေက လမ်း ပေါ်ကကျလာတဲ့မိုးရေကို ကိုယ့်ပြဿနာ ကိုယ်ရှင်းကြဆိုပြီး တွန်းပို့လိုက်တာပါပဲ၊ လမ်းဘေးဝဲယာရှိအိမ်တွေ ဘယ်လောက တာဝန်ကြီးသွားသလဲ၊ သူတို့ အိမ်တွေ မပျက်စီးဖို့ ဘယ်လိုလုပ်ပြီး ကာကွယ်ကြ ရသလဲဆိုတာသိဖို့ အရေးကြီးတယ်”လို့ လန်ဒန်မှာနေတဲ့ BuildingDesign Consultant Engineer ဦးဝင်းမောင်ကပြောပါတယ်။

+++ ရန်ကုန်နဲ့လမ်း +++

ရန်ကုန်တိုင်းအတွင်းမှာ မိုးကာလကို ရောက်တာနဲ့ နှစ်စဉ် ရေကြီးရေလျှံမှု ပြဿနာကြုံနေရပါတယ်။ အစိုးရအဆက် ဆက်ကလည်း သည်လိုနှစ်စဉ်ပေါ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ကြိုးစား ကြပေမဲ့ ယနေ့အချိန်အထိတော့ မိုးရိပ် သန်းလာတိုင်း ရန်ကုန်ကတော့ ရေကြီးရေ လျှံဖြစ်နေဆဲပါ။

'တောင်ဥက္ကလာရပ်ကွက်လမ်းတွေ ကွန်ကရစ်လမ်းခင်းပေးတာ လမ်းကမြင့် နေတော့ အိမ်တွေထဲ မိုးရွာရင် ရေတွေ တင်ကျန်ရစ်တယ်” လို့ တောင်ဥက္ကလာပ မြို့နယ် (၇)ရပ်ကွက်မှာ နေထိုင်တဲ့ မဟန် ကြည်ကပြောပါတယ်။

ယခင်က ရေကြီးရေလျှံပြီး လမ်းတွေ ပေါ် ရေကျော်တာကြောင့် ကားလမ်းပိတ်၊ သွားလာရေးခက်ခဲကာ ဒုက္ခတော်တော် ရောက်ကြရပါတယ်။ လက်ရှိအစိုးရလက် ထက်မှာတော့ ရန်ကုန်ရေကြီးရေလျှံ ပြဿနာကို ဖြေရှင်းဖို့အတွက် JICA နဲ့တွဲ ပြီး လုပ်ဆောင်နေသလို ကမ္ဘာ့ဘဏ်က လည်း ဒေါ်လာ ၁၂၅ သန်း ကူညီပါတယ်။

တချို့လမ်းတွေပေါ်မှာ ရေမတင် တော့ပေမဲ့ အိမ်တွေ နိမ့်ကျနေတာကြောင့် တချို့မြေညီထပ်တွေမှာ ဒူးလောက်အထိ ရေတွေ ဝင်နေပါတယ်။

'မိုးရွာရင် လမ်းပေါ်မှာ ရေတင်၊ မြောင်းတွေထဲက ရေလျှံနဲ့ဆိုတော့ အိမ်ထဲရေဝင်မှာ စိုးရိမ်ရတာ၊ အိမ်ထဲကား သွင်းဖို့လဲအဆင်ပြေအောင် အိမ်ရှေ့က ရေမြောင်းတွေမှာ ကွန်ကရစ် အသေမြှင့် ခင်းထားရတယ်၊ အရင်က အိမ်ကမြင့် လမ်းကနိမ့် အခုက လမ်းက မြင့် အိမ်ကနိမ့် ဖြစ်ကုန်တယ်”လို့ တောင်ဒဂုံမြို့နယ်က ကိုအောင်ဝင်းက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်ထဲက ပါရမီ လမ်း၊ သစ္စာလမ်း၊ မေတ္တာလမ်း၊ ရတနာ လမ်း၊ မင်္ဂလာလမ်း၊ သံသုမာလမ်းနဲ့ စမ်း ချောင်းမြို့နယ်ထဲက ဗဟိုလမ်းစတဲ့ လမ်း တွေမှာ ကွန်ကရစ်ထပ်ပိုးခင်းတာကြောင့် လမ်းမြင့်ပြီး အိမ်တွေနိမ့်ကျန်ခဲ့ကာ လမ်း ပေါ်ရေမရှိတော့ဘဲ အိမ်တွေထဲကို ရေတွေ ဝင်ကုန်ပါတယ်။

ဦးဝင်းမောင်က “လမ်းတွေ ခါတိုင်း ထက်ပိုပြီး ကောင်းလာအောင် ခင်းပေးနေ တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ လမ်း ဘေးဝဲယာမှာရှိနေတဲ့ အိမ်တွေရဲ့မြေညီ ထပ်များရဲ့အနိမ့်အမြင့်တွေအတွက် လမ်း ကို ဒီဇိုင်းချပြီးခင်းတဲ့အခါမှာ စဉ်းစားပေးဖို့ လိုတယ်၊ သုံးပေလောက်အမြင့်ရှိတဲ့ လမ်းကို အပေါ်ကနေ ခင်းလိုက်တော့ လမ်းဘေးဝဲယာက အိမ်တွေ အကုန်လုံး နိမ့်ကျကုန်တယ်˘လို့ ရှင်းပြပါတယ်။

သူက “လမ်းကို ခိုင်မာတောင့်တင်း အောင်ခင်းချင်တယ်ဆိုရင် ရှိနေတဲ့လမ်း ရဲ့မြေကြီးကို လှန်ထိုးဖယ်ပစ်ပြီးတော့မှ လမ်းဘေးဝဲယာက အိမ်တွေရဲ့မြေညီ ထပ်နဲ့ ချိန်ပြီး ခင်းသင့်တယ်”လို့ ဆိုပါ တယ်။

ရန်ကုန်မြို့က ခင်းပြီးသားလမ်းတွေ ပေါ်မှာထပ်မြှင့်စီမံကိန်းက ထပ်မြင့်လိုက် တဲ့အမြင့်က သုံးပေနီးပါးရှိတယ်လို့ 
သိရပါ တယ်။

+++ ရန်ကုန်နဲ့ ရေမြောင်း +++

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရန်ကုန်မြို့မှာ လူဦးရေ ခုနစ်သန်းကျော် ရှိပါတယ်။ကွန်ဒို/တိုက်ခန်းပေါင်း တစ် သန်းကျော်၊ တိုက်ခန်းတွဲပေါင်း နှစ်သိန်းကျော်ရှိပါတယ်။

ရန်ကင်းမြို့နယ်က ကိုထွန်းထွန်းက “ကန်ထရိုက်တိုက်တွေ ဆောက်တော့ မြောင်းတွေ ပျက်တယ်၊ ကိုယ့်အိမ်ရှေ့ မြောင်းကိုကန်ထရိုက်က ပြန်ပြင်တယ်၊ ရေ ဆင်းရှိမရှိဘယ်သူမှမစစ်တော့ဘူး၊ နောက်စည်ပင်ကလဲမြောင်းတွေ လိုက်ချဲ့ တာရှိတယ်”လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ ရေမြောင်းတွေနဲ့ နောက် ဖေးလမ်းကြားတွေဟာ တိုက်ခန်းတွေက စွန့်ပစ်တဲ့ အမှိုက်တွေစုပုံနေပြီး ရေစီးဆင်း ဖို့ အတွက် ပိတ်ဆို့နေပါတယ်။ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက ရှင်းလင်းမှုတွေ လုပ်ပေမဲ့လည်း စည်းကမ်း မဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ရေမြောင်း တွေက ပိတ်ဆို့ မြဲဖြစ်တယ်။

'အခုရေကြီးတာက မြင့်တဲ့နေရာတွေ မှာပါကြီးနေတယ်၊ မြောင်းတွေ ပိတ်နေ တာကြောင့်”လို့ တာမွေမြို့နယ်က ကိုမောင် စိုးက ပြောပါတယ်။

လက်ရှိ မိလ္လာစုဆောင်းရေးစနစ်ဟာ နှစ်ပေါင်း ၁၂၀ ကျော်ပြီဖြစ်တာကြောင့် ယိုယွင်းမှုတွေရှိနေပြီ။ နှစ်စဉ်မိုးရွာတိုင်း အချို့နေရာတွေက ရေကြီးမှုတွေ ဖြစ်နေပါ တယ်။

လမ်းမတော်မြို့နယ်က ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဆန်း အောင်က'ရန်ကုန်ရဲ့ ရေဆိုးစွန့်ပစ်မှုစနစ် တွေက တော်တော်ပျက်စီးနေပြီ၊ မြေ အောက်မှာရှိတဲ့ အပေါက်တွေလဲ ပိတ် ကုန်ပြီ၊ တကယ်လို့ ရေစီးဆင်းမှုကို သာ သေချာမလုပ်နိုင်ရင် မိုးများလို့ အောက် က ပြန်တက်လာမယ့်ရေတွေက သန့် ရှင်းမှုမရှိတဲ့အတွက် စိုးရိမ်စရာပဲ˘လို့ ဆိုပါ တယ်။

+++ စိုးရိမ်စရာ +++

'မိုးရွာလို့ roadsidedrain က မလောက်ရင် သို့မဟုတ် ရေမစီးနိုင်ရင်  အိမ်တွေတော့ ရေလှောင်ကန်ဖြစ်ပြီပဲ၊ ဒီပုံစံဒီနှုန်းထားအတိုင်းသာ လမ်းခင်း ခင်းသွားရင် ရန်ကုန်မြို့ကြီးဟာ အိမ်တွေ မြေအောက်ရောက်ကုန်လို့ မြေအောက်မြို့ တော်ကြီး အမှန်ဧကန်ဖြစ်လာမှာအမှန်ပဲ” လို့ မြို့ပြအင်ဂျင်နီယာ ကိုနေမောင်က ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ အဆောက်အအုံတွေ တည်ဆောက်ထားမှုဟာ မြေရှိအကုန် ဆောက်ထားတာဖြစ်တာကြောင့် ရွာချ လိုက်တဲ့ မိုးရေတွေက Infrastructure Drainage System မရှိတာကြောင့် နီး စပ်ရာချောင်းတွေ မြောင်းတွေထဲကို စီးဆင်းသွားဖို့ပဲ ရှိပါတယ်။

ကွန်ဒိုအဆောက်အအုံ အိမ်ရာဝင်း တစ်ခုအတွင်းမှ မိုးရေပမာဏနဲ့ မီးဖိုခန်း၊ ရေချိုးခန်းတို့က ထွက်လာတဲ့ Waste Water ပမာဏဟာ ခန့်မှန်းခြေ လီတာ ပေါင်း ငါးသိန်းပတ်ဝန်းကျင် ရှိပါတယ်။

'အခုလက်ရှိမှာကို ကွန်ကရစ်လမ်း ထပ်မပိုးခင်မှာကို စနစ်မကျတဲ့ drainage system ကြောင့် ဆိုးရွားတဲ့ရေလွှမ်းမိုး တာ၊ ရေတွေအိမ်ထဲဝင်တာ၊ drainage နဲ့ ပူးတွဲပြီး septic tank တွေ၊ ရေတွေဝင်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ အကြီးအ ကျယ်ဖြစ်နေတာ မိုးတွင်းမှာ အထင်အ ရှားမြင်နေရတယ်၊ အထိနာဆုံးက တိုက်ခန်းနေလူထု၊ အောက်ထပ်တွေဟာ ဒီ ပြဿနာကို အလူးအလဲခံနေရပါတယ်၊ ယာဉ်ကြောတွေ ပိုပိတ်လာတယ်၊ လမ်း သွားလမ်းလာခြေကျင်သွားသူတွေ ပိုအ ခက်အခဲဖြစ်လာမယ်၊ ပြီးပြည့်စုံတဲ့ well designed drainage system ကို အချိန်မီ မတည်ဆောက်နိုင်ရင်တော့ နောက်သုံး နှစ်မှာ ပိုဆိုးလာမယ်၊ ပတ်ဝန်းကျင်ထိခိုက် မှုနဲ့ ကျန်းမာရေးပြဿနာတွေကို ပိုပြီးရင် ဆိုင်ရနိုင်တယ်”လို့ မြို့ပြအင်ဂျင်နီယာ ဦးစောမိုးက ပြောပါတယ်။

ရန်ကုန်မြို့ဟာ ရန်ကုန်မြစ်၊ လှိုင်မြစ် နဲ့ပဲခူးမြစ်တို့ ဖြတ်သန်းစီးဆင်းနေတာ ဖြစ်တာကြောင့် ရေမြောင်းတွေတူးတဲ့အ ခါမှာ ရေစီးဆင်းမယ့်လမ်းကြောင်းနဲ့ သူ စီးဆင်းသွားမယ့် နေရာရဲ့ ပင်လယ်ရေ မျက်နှာပြင်အမြင့်ကိုလည်း ထည့်တွက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လမ်းနဲ့ ရေမြောင်းကိုတွဲပြီး စနစ်တကျ မလုပ်သေးသရွေ့ကတော့ ပြည်သူ့ဘတ် ဂျက်တွေဟာ သဲထဲရေသွ န်ဖြစ်နေတယ် လို့ အင်ဂျင်နီယာတွေက ဆိုပါတယ်။


Source : The Kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.