ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် မြို့ပြစီမံကိန်းပညာရှင်တစ်ဦး၏အမြင်

javascript

လွန်ခဲ့သော ၁၉၈၈ ခုနှစ်က ရန်ကုန်မြို့ရဲ့အကျယ်အဝန်းသည် ၈၀ စတုရန်းမိုင် (၂၀၇ စတုရန်းကီလိုမီတာ)ခန့် သာ ရှိခဲ့သည်။


ထိုအချိန်မှစတင်ပြီး ဆယ်စုနှစ် ၃ စု ကာလအထိ ရန်ကုန်မြို့သည် တဖြည်းဖြည်းကြီးမား တိုးတက်လာခဲ့ပြီး ယခုအခါ စတုရန်းမိုင် ၃၀၀ (၇၇၇ စတုရန်းကီလိုမီတာ) အထိ ကျယ်ပြန့်လာခဲ့သည်။


ကာလတိုတစ်ခုအတွင်း ရန်ကုန်မြို့သည် ၃ ဆကျော်ခန့် အရွယ်အစားကြီးမားသွားခဲ့သည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ အာဏာပိုင်များသည် ရန်ကုန်မြို့သစ်စီမံကိန်းဖြင့် မြို့ကိုဆက်လက်တိုးချဲ့ဖို့ စီစဉ်နေကြသည်။


မြို့ကိုတိုးချဲ့မယ့်စီမံကိန်းနှင့်ပက်သက်၍ ကျိုးကြောင်းစီလျော်မည့် မေးခွန်းအနည်းငယ်ကို ထုတ်ထားသည်။


(၁) လက်ရှိနဲ့ အနာဂတ်မှာလုပ်မယ့် အရာတွေနဲ့ပက်သက်လို့ ကျနော်တို့ မြေကွက်ပိုမိုလိုအပ်ပါသလား။ ဥပမာ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ အစရှိသဖြင့်ပေါ့။


(၂) ရန်ကုန်မြို့အနီး မြို့နယ်အသစ်များဖော်ဆောင်ဖို့ လိုအပ်နေသည်အထိ ရန်ကုန်မြို့ရှိ မြေကွက်နှင့် တိုက်ခန်းစျေးများ အဆမတန်မြင့်တက်လာပြီလား။


(၃) ရေပေးဝေမှုစနစ်၊ မိလ္လာနှင့်ရေဆိုးမြောင်းစနစ်၊ လမ်းကွန်ရက်စနစ် စသည့် ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးများသည် ကျေနပ်စရာကောင်းပြီး ကောင်းမွန်စွာအလုပ်လုပ်နေပါသလား။


ရန်ကုန်မြို့ကြီးရင်ဆိုင်နေရတဲ့ ဒီအရေးပါလှတဲ့အကြောင်းအရာတွေကို မြို့သစ်စီမံကိန်းအတွက် စီစဉ်တဲ့အချိန် မှာ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်ပါသည်။


အောက်ဖော်ပြပါအကြောင်းအရာများမှာ ဆက်စပ်မှုရှိနေတဲ့ အချက်အလက်များ၊ ကိန်းဂဏန်းနဲ့ ရုပ်ပုံများဖြစ်ပါသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့အတွက် နေ့စဉ် ရေဂါလံ သန်း ၂၀၀ ကျော်ခန့်ကို ထောက်ပံ့ပေးနေပြီး မြို့နေလူဦးရေ ၅.၂ သန်းခန့်အတွက် လုံလောက်သည်ထိုပိုသော ပမာဏဖြစ်သည်။


ယင်းအရေအတွက်အရ လူတစ်ဦးလျှင် တစ်နေ့လျှင်ဂါလံ ၃၀ ခန့် သုံးစွဲနိုင်သည်ဟု ယူဆလို့ရသည်။ သို့သော်လည်း ရန်ကုန်မြို့မှာရှိတဲ့ အိမ်ထောင်စု ၁.၁ သန်းခန့်မှာ ၃၃ဝဝဝဝခန့် (၂၈ ရာခိုင်နှုန်း) သာလျှင် မြို့ရဲ့ ရေပေးဝေမှုစနစ်နဲ့ ချိတ်ဆက်ထားသည်။


ကျန်ရှိသော အိမ်ထောင်စု များဟာ ရေအရင်းအမြစ်ကို မြေအောက်မှတဆင့် ထုတ်ယူသုံးစွဲနေကြပါသည်။ မြေအောက်ရေအများ အပြား ထုတ်ယူသုံးစွဲခြင်းကြောင့် အန္တရာယ်ရှိတဲ့အကျိုးဆက်များရှိလာနိင်တယ်ဆိုတာ လူအများ သိထားပြီးသား ကိစ္စတစ်ခု ဖြစ်ပါသည်။


လျှပ်စစ်ပေးဝေမှုနှင့်ပက်သက်လျှင်လည်း ၂၀၁၄ ခုနှစ်မှ အချက်အလက်များအရ အိမ်ထောင်စု ၆၆၀၀၀၀ ခန့် (၆၁ ရာခိုင်နှုန်း) ဟာ လျှပ်စစ် ဓာတ်အားလိုင်းများနဲ့ချိတ်ဆက်ထားပြီး မီတာပုံးများရှိပါသည်။


ရန်ကုန်မြို့နယ်နမိတ်၏ ၅၀ ရာခိုင်နှုန်းခန့်သည် မိုးသည်းထန်စွာရွာသွန်းစဉ်တွင် ရေကြီးလေ့ရှိပြီး ပြည်သူများအဆင်မပြေဖြစ်စေယုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။


ဒီအခြေအနေတွေကို တိုးတက်အောင်လုပ်ဆောင်ဖို့က အလွန်ကိုအရေးကြီးပါသည်။


ရန်ကုန်မြို့ရဲ့ နယ်နမိတ်အတော်များများမှာ ရေဆိုးမြောင်းစနစ်မရှိသလို ရေဆိုးမြောင်းစနစ်မြေပုံလည်းမရှိသည် ကို တွေ့ရသည်။


ဒီအခြေအနေတွေကို တစ်မြို့လုံးအတိုင်းအတာအနေနဲ့ ရေဆိုးမြောင်းစနစ် မဟာစီမံကိန်း ကြီး ဖော်ဆောင်ပြီးဖြေရှင်းမှသာ ပြသနာတွေလျော့နည်းစေမှာဖြစ်ပါသည်။


၂၀၁၄ ခုနှစ်မှ အချက်အလက်များအရ ရေဆိုးရေညစ်များနှင့်ပက်သက်၍ ပြောရလျှင် ရန်ကုန်မြို့၏ စီးပွားရေးအချက်အခြာကျသောအရပ် ဖြစ်သည့် မြို့နယ် ၇ မြို့နယ်မှ အိမ်ထောင်စု ၇ ရာခိုင်နှုန်းခန့် သည်


ဗဟိုမိလ္လာစနစ်နှင့်ချိတ်ဆက်ထား ပြီး ၆၅ ရာခိုင်နှုန်းခန့်သည် မိလ္လာကန်များ သို့မဟုတ် တွင်းအိမ်သာများကိုအသုံးပြုကြကာ ၂၉ ရာခိုင်နှုန်းခန့်သည် ကျန်းမာရေးနှင့်မညီညွတ်သော မိလ္လာ စနစ်ကို အသုံးပြုနေကြသည်။


အညစ်အကြေးနှင့်အမှိုက်သရိုက်များ စွန့်ပစ်ခြင်းနှင့်ပက်သက်၍ ပြောရလျှင် စုဆောင်းရရှိလာသော အမှိုက်နှင့်အညစ်အကြေးများကို အမှိုက်ပုံများ၌သာ စွန့်ပစ်ကြပြီး ယင်းအမှိုက်နှင့်စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ပြန်လည်ထုတ်ယူခြင်းနှင့် မီးရှို့ဖျက်ဆီးသည့်စနစ်တို့ မရှိသည်ကိုတွေ့ရသည်။


မြို့တော်စည်ပင်၏ ၂၀၁၄ စစ်တမ်းအရ ရန်ကုန်မြို့မှ ပုံမှန်ခရီးဝေးအလုပ်ဆင်းသူ ၈၅ ရာခိုင်နှုန်းခန့် သည် ဘတ်စ်ကားများကို အသုံးပြုပြီး ၈ ရာခိုင်နှုန်းခန့်မှာ ကိုယ်ပိုင်ကားများကိုအသုံးပြုကာ ၅ ရာခိုင်နှုန်းခန့်မှာ


မီးရထားကို အသုံးပြုနေကြသည်။၁၉၅၀ ခုနှစ်များက မြို့တော်အာဏာပိုင်များ၏ ကျေးဇူးကြောင့် ရန်ကုန်မြို့တွင် မြို့ပတ်ရထားလမ်းရှိနေခဲ့သော်လည်း လက်ရှိအချိန်တွင် အပြည့်အဝ အသုံးချခြင်းမရှိသည်ကို တွေ့ရသည်။ အလုပ်သွားသည့်အချိန်၊ လေထုညစ်ညမ်းမှုနှင့် စွမ်းအင်တို့ကို လျှော့ချရန်အတွက် မီးရထားစီးသည့် အလုပ်ဆင်းသူဦးရေ အဆပေါင်းများစွာ တိုးတက်လာဖို့ လိုအပ် သည်။ (ရန်ကုန်မြို့နှင့် အရွယ်ခြင်းတူသော အခြားမြို့ကြီးများတွင် မီးရထားစနစ်ကိုအသုံးပြုသူမှာ ၅၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည်။)


နေ့စဉ်ပုံမှန်ခရီးဝေးအလုပ်ဆင်းသူ ၃.၅ သန်းထဲမှ ၃၀ ရာခိုင်နှုန်းခန်၏ အလုပ်သို့လာသည့်လမ်းခရီးမှာ နေ့စဉ် ၃ နာရီကျော်ခန့် ကြာမြင့်နေသည်။ နေ့စဉ်အလုပ်ချိန် ၈ နာရီနှင့် ထပ်ပေါင်းလိုက်ပါက မိသားစု ကို လုပ်ကျွေးနေကြသူများသည် မိသားစုနှင့် ၁၁ နာရီခန့် နေ့စဉ်ခွဲခွာနေရသည်ကိုတွေ့ရသည်။ ယင်း အခြေအနေကြောင့် လူမှုဘဝများနှင့်ကင်းကွာခြင်း၊ မိသားစုဆက်ဆံရေးပျက်စီးစေခြင်းတို့ကို ဖြစ်ပွား စေနိုင်သည်။


ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွဲ့စည်းတည်ထောင်မှုအားလုံး၏ ၄၆ ရာခိုင်နှုန်းခန့်မှာ စီးပွားရေးအချက်အခြာကျသောအရပ်နှင့် ၄င်းနှင့်နီးကပ်သော ဗဟန်း၊ ကြီးမြင့်တိုင်နှင့် စမ်းချောင်းတို့ ကဲ့သို့သောမြို့နယ်များအနီး၌သာ တည်ရှိနေသည်ကို တွေ့ရသည်။ ယင်း စီးပွားရေးဇုန်များသည် ရန်ကုန်မြို့စုစုပေါင်းနယ်နမိတ်၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။


အဘယ်ကြောင့်ဆိုသော် မြေကွက်သုံး စွဲမှုပုံစံနှင့် ထူထပ်လှသော စီးပွားရေးအချက်အခြာကျသည့်နေရာများသည် နေ့စဉ် ပုံမှန်ခရီးဝေးအလုပ် ဆင်းသူ ၄၃ ရာခိုင်နှုန်းခန့် လာရောက်ရာနေရာဖြစ်သောကြောင့် ဖြစ်သည်။


ယာဉ်ကြောကြပ်ခြင်းနှင့် ယာဉ်ကြောနှေးကွေးမှုတို့သည် နယ်မြေတစ်ခုတည်းကိုဗဟိုတည်၍ မြေအသုံးပြုထားပုံကြောင့်ဖြစ် သည်။


မြို့ပြစီမံကိန်းတာဝန်ရှိသူများနှင့် ယာဉ်ကြောကျွမ်းကျင်ပညာရှင်များသည် ယင်းသို့မြေအသုံး ပြုပုံအား တဖြည်းဖြည်းနှင့် ကွဲပြားသွားအောင်ပြုလုပ်ဖို့ အကြံပေးထားကြပြီး အဓိကမကျသော နယ်မြေ များ၌ စီးပွားရေးဗဟိုချက်လေးများ ဖန်တီးသွားဖို့ စီစဉ်ထားကြသည်။


ယာဉ်ကြောကြပ်တည်းမှုအခြေအနေသည် ရန်ကုန်မြို့ရှိ အလုပ်သမားထုကြီး၏ ကဏ္ဍအလိုက် သက်ဆိုင်ရာအလုပ်များနှင့်လည်း ပက်သက်နေသည်ကိုတွေ့ရသည်။


မြို့တွင်းရှိအလုပ်သမားထုကြီးထဲ မှ ၁၁ ရာခိုင်နှုန်းခန့်သည် အစိုးရရုံးများတွင် လုပ်ကိုင်နေကြပြီး ၈၀ ရာခိုင်နှုန်းခန့်မှာ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍထဲ၌ လုပ်ကိုင်နေကြကာ

ကျန် ၉ ရာခိုင်နှုန်းခန့်မှာ စက်မှုလုပ်ငန်းများထဲ၌ လုပ်ကိုင် နေကြသည်။ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ကြသော အလုပ်သမားပမာဏမြင့်မား နေခြင်းကြောင့် လမ်းဘေးပျံကျစျေးသည်ပေါများလာခြင်းနှင့် ယာဉ်ကြေပိတ်ဆို့မှုအခြေအနေများကို ဖြစ်ပေါ်စေသည်။


စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမှုနှင့်ပက်သက်၍ ကြည့်ရှုလိုက်လျှင် ရန်ကုန်မြို့တွင်း၌ စက်မှုဇုန်မြေကွက် ၂၀၀၀၀ ခန့်ရှိပြီး ၆၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုထားရသေးသည်ကို တွေ့ရသည်။


ယင်းမြေကွက်များကို ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားပြီး မြေကွက်တစ်ကွက်လျှင် ကျပ်သန်း ၆၀၀ ဖြင့် ရောင်းချလျက်ရှိသည်။ အခြေခံအဆောက်ဦးပါဝင်မှုကိုပါ ထည့်တွက်မည်ဆိုပါက

ယင်းမြေကွက်တစ်ကွက်သည် ကျပ်သန်း ၈၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆ သိန်းအထိ စျေးပေါက်သည်ကိုတွေ့ရသည်။


သုတေသနစစ်တမ်းတစ်ခုအရ အလုပ်သမား ၇၀၀ နှင့် ၁၀၀၀ ရှိသော စက်ရုံတစ်ခု၏ (ဥပမာ အထည်ချုပ်၊ ပရိဘောဂနှင့် နည်းပညာနိမ့်စက်ရုံများ) ပျှမ်းမျှ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ တစ်သန်းနှင့် နှစ်သန်းကြားတွင်ရှိသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မြေကွက်ကုန်ကျစရိတ်မှာ ၂း၁ ဖြစ်နေခြင်းကလည်း ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအတွင်းထဲရှိ စက်မှုလုပ်ငန်းကဏ္ဍထဲ၌ ရင်းနှီးမြှုပ်နှံမှု စီးဆင်းခြင်းအား အဟန့်အတားဖြစ်စေရသည့် ယေဘူယျ အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။


ရန်ကုန်မြို့တွင် လူဦးရေထူထပ်မှုမညီမျှသည်ကိုလည်း တွေ့ရသည်။ သက်တမ်းကြာမြင့်ပြီဖြစ်သော ရန်ကုန်မြို့ပြနယ်နမိတ်များတွင် အရည်အသွေးကောင်းမွန်သည့် အခြေခံအဆောက်အဦးများ ရှိနေပြီး

စတုရန်းမိုင်တစ်မိုင်ခန့်လျှင် လူဦးရေ ၁ သောင်းမှ ၅ သောင်းအထိ ထူထပ်စွာနေထိုင်နေပြီး မြို့သစ် ဖော်ဆောင်ထားသည်မှာ မကြာသေးသော ဆင်းရဲသည့်နယ်နမိတ်အတွင်းထဲ၌ ၇ ထောင်မှ ၁ သောင်းခွဲအထိသာ နေထိုင်သူရှိသည်။


ရန်ကုန်မြို့ပြလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ ဆင်းရဲချို့တဲ့ပြီး လူနေမှုအဆင့်အတန်းနိမ့်ပါးသော ယင်းနယ်နမိတ်အတွင်း၌ နေထိုင်နေကြရသည်။


ယင်းသို့ လူဦးရေ ထူထပ်မှုမညီမျှခြင်းသည်လည်း ယာဉ်ကြောကြပ်တည်းမှုနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲမှု ပြသနာများ ကို ဖြစ်စေပြီး လူမှုရေးခွဲခြားမှုများကိုပါ ဖြစ်ပွားစေသည်။


မြေကွက်လိုအပ်မှုအတွက်ကို ကြည့်ရှုမည်ဆိုပါက ရန်ကုန်၌ လွန်ခဲ့သော ၁၉၈၈ ခုနှစ်ကတည်းက စတင် ၂၀၀ စတုရန်းမိုင်ခန့် သို့မဟုတ် ဧက တစ်သိန်းနှစ်သောင်းခန့်ကို မြို့သစ်စီမံကိန်းအတွက် ဖော်ဆောင်ခဲ့သည်။


ရန်ကုန်မြို့ အရှေ့မြောက်ပိုင်းရှိ ဧက ၁၇၀၀၀ ခန့်သည် လစ်လပ်လျက်ရှိနေပြီး ပုဂ္ဂုလိက ကုမ္ပဏီများကို တာဝန်ပေးအပ်ထားသော ထောင်နှင့်ချီသည့်မြေဧကများမှာလည်း အသုံးမပြု ရသေးသည်ကိုတွေ့ရသည်။


ယင်းလစ်လပ်နေသော မြေကွက်များသည် မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ မြို့ပတ်ရထားလမ်းနှင့် ဆောက်လုပ်ရန်စီစဉ်ထားသော ဟံသာဝတီလေဆိပ်သို့သွားသည့် အဝေးပြေးလမ်းမအနီး၌ တည်ရှိ နေသည်။


ယင်းနယ်နမိတ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမြေများဆုံးရှုံးမှုကို ကြုံတွေ့ စေမည်မဟုတ်သလို လမ်းတံတားများအတွက်လည်း ပိုမိုကုန်ကျနိုင်စရာမလိုသည်ကို တွေ့ရသည်။


မြေကွက်နှင့်တိုက်ခန်းစျေးနှုန်းများကိုကြည့်ပါက ရန်ကုန်မြို့၏စျေးကွက်သည် မည်သည့်အခါမှ တည်ငြိမ်ခဲ့ခြင်းမရှိသည်ကိုတွေ့ရပြီး စျေးအတက်အကျလည်း မကြာခဏဖြစ်ပေါ်နေသလို

လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကတည်းက အိမ်ခြံမြေစျေးနှုန်းများ တောက်လျှောက်ကျဆင်းလာသည်ကို တွေ့ရသည်။


မြို့သစ်ချဲ့ထွင်မှုစီမံကိန်းနှင့်ပက်သက်၍ ဆွေးနွေးပြခဲ့သော အကြောင်းအရာနှင့်အချက်အလက်များထဲမှ အရေးပါဆုံးအချက်မှာ နိုင်ငံတော်သဟဇာတဖြစ်မှုနှင့် ညီညွတ်မှုကို မြှင့်တင်ရေးဖြစ်သည်။


ရန်ကုန်မြို့သည် ၂၀၁၄ ခုနှစ် လူဦးရေ ၅.၂သန်းရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့ထက် ၄ ဆခန့် ပိုမိုကြီးမားသည်။


ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံ၏အတွင်း၌ တစ်ဦးချင်းဂျီဒီပီအများဆုံးဖြစ်သော ဒေသလည်း ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအဆောက်အဦးတို့အပြင် အခြားတိုင်းနှင့်ပြည်နယ်များနှင့် ယှဉ်လျှင် အလုပ်ခန့်အပ်မှုအများဆုံးဖြစ်နေသည်ကို တွေ့ရသည်။


သို့သော်လည်း အမျိုးသားညီညွတ်မှုအတွက် တိုင်းနှင့်ပြည်နယ်ကြား တန်းတူမရှိမှုနှင့် မညီမျှမှုတို့ကြောင့် မည်သည့်အကျိုးရလာဒ်ထွက်လာမလဲဆိုတာနှင့် တိုင်းပြည်၏ ရေရှည်အနာဂတ်မှာ မည်သည်ဖြစ်သလဲဆိုတာကို မေးခွန်းထုတ်ရမည်ဖြစ်သည်။


အာဏာပိုင်များအနေဖြင့် ရန်ကုန်မြို့သစ်ကြောင့် လူ ၂ သန်းခန့် အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟု မျှော်မှန်းထားပြီး ယင်းမှာ လူဦးရေ ၈ သန်းဝန်းကျင်ခန့် ရှိလာနိုင်မည်ဟု သွယ်ဝိုက်ညွှန်းဆိုနေခြင်းဖြစ်သည်။


ရန်ကုန်မြို့၌ရှိထားပြီးသား လူဦးရေ ၅ သန်းဝန်းကျင်ခန့်နှင့် သဘာဝအလျောက် ကြီးထွားလာမှုတို့ကို ထည့်တွက်ပါက မြို့ပြ၌ အကြီးမားဆုံး အစုလိုက်အပြုံလိုက် စုဝေးနေထိုင်မှုဖြစ်လာမည်ဖြစ်ပြီး လူဦးရေ ၁၄ မှ ၁၅ သန်းအထိ ရှိလာနိုင်သည်။


မြို့သစ်စီမံကိန်းများနှင့် မြို့သစ်ချဲ့ထွင်မှုစီမံချက်များသည် ဒုတိယကမ္ဘာစစ်ကတည်းက ကမ္ဘာတစ်ဝန်း ပေါ်ပေါက်လာခဲ့ပြီး အိန္ဒိယမှ ချန်ဒီဂါမြို့၌ လူဦးရေတစ်သန်း၊ ဘရာဇီးရှိ ဘရာစီလီယာ၌ လူဦးရေ ၂.၅သန်း၊


ပါကစ္စတန်မှ အစ္စလာမ်မာဘတ်မြို့၌ လူဦးရေတစ်သန်းနှင့် မလေးရှားမှ ပွတ်ရာဂျာယာမြို့တို့၌ လူဦရေ ၂ သိန်း တို့အတွက် အသီးသီး မြို့သစ်ချဲ့ထွင်ခဲ့ဖူးကြသည်။ လက်ရှိအချိန်တွင်စီစဉ်ထားသော ရန်ကုန်မြို့သစ်စီမံကိန်း သည်ထိုနိုင်ငံအသီးသီး၏ မြို့သစ်ဖော်ဆောင်မှုစီမံကိန်းများကို လူဦးရေအရရော အလုပ်အကိုင်ဖန်တီးပေး နိုင်စွမ်းဖြင့်ပါ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ယင်းစီမံကိန်းသည် နိုင်ငံတော်အဆင့် ဖြေရှင်းရမည့် ကိစ္စမျိုးဖြစ်ပြီး


မခြွင်းမချန်နှင့် ပိုမိုပြည့်စုံကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများ၊ ဖြစ်တန်နိုင်စွမ်းရှိသော အခြေအနေများနှင့် ပက်သက်၍ လေ့လာမှုများ ပိုမိုပြုလုပ်သွားဖို့ လိုအပ်သည်။


ဒါ့အပြင် ယင်းအစီအမံများအနေဖြင့် လွှတ်တော်နှင့် အဆင့်မြင့်အာဏာပိုင်များထံမှ ထောက်ခံချက်များလိုအပ်သည်။ ယင်းထောက်ခံချက်အဆင့်ပြီးနောက်တွင်စီမံကိန်းအဆင့်အတွက် ယင်းနယ်ပယ်အတွင်း၌ အတွေ့အကြုံနှင့် ဗဟုသုတများရှိထားပြီးဖြစ်သော ပြည်ထောင်စုဝန်ကြီးဌာနများထံမှ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီများကို လိုအပ်ပါသည်။


ယခုအကြံပြုဆောင်းပါးကိုရေးသားသူ ဒေါက်တာကျော်လတ်သည် မြို့ပြစီမံကိန်းနှင့် ဗိသုကာပညာရှင် တစ်ဦးဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ အိုးအိမ်နှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကုလသမဂ္ဂစင်တာ၊

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်တို့တွင် ပါမောက္ခနှင့် ဂျာမနီနိုင်ငံရှိ Cologne University of Applied Sciences တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အငြိမ်းစားမယူမီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကောင်စီ၌ အကြံပေးအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


Source : irrawaddy

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.