ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများတစ်ပြေးညီဖြစ်စေရေး ဥပဒေတစ်ရပ် ရေးဆွဲနေ

javascript

တစ်နိုင်ငံလုံး တွင် ဆောက်လုပ်ရေးဆိုင်ရာစံ ချိန်စံညွှန်းများတစ်ပြေးညီဖြစ်စေရန်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် များအတွက်ပွင့်လင်းမြင်သာမှုရှိ သော သတ်မှတ်ချက်များပါဝင် သည့် ဥပဒေရေးဆွဲနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

အဆိုပါ ဥပဒေကို စင်ကာပူ နိုင်ငံ Building and Construc-tion Authority (BCA) နှင့် မလေးရှားနိုင်ငံ Construction Industry Development Board (CIDB) တို့ အကူအညီဖြင့် ရေးဆွဲနေသည်။ ဥပဒေပြဋ္ဌာန်းပြီးပါက ဆောက်လုပ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍လက်ရှိကြုံ တွေ့နေရသည့် အားနည်းချက် နှင့် အခက်အခဲများကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်တွင် ၎င်းကပြောသည်။

ယခု ရေးဆွဲနေသည့် Construction Industry Deve-lopment Board Myanmar Law တွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှု၊ ကျန်းမာရေး၊သဘာဝပတ်ဝန်းကျင်၊ ဆောက်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီစေမည့် စံချိန်စံညွှန်းများကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရန် စီစဉ်ထားကြောင်း ဒုဝန်ကြီးကပြောသည်။

အဆိုပါ ဥပဒေအရဆောက် လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဘုတ်အဖွဲ့များကို တိုင်းနှင့် ပြည်နယ်ပညာရှင်များ၊ အစိုးရအဖွဲ့ဝင်များနှင့်ဖွဲ့စည်းရ မည်ဖြစ်သည်။

ယင်းဥပဒေသည် အစိုးရဌာ နများသာမက ပုဂ္ဂလိကကဏ္ဍ များပါဝင်သောဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံးကိုခြုံငုံသည့် ဥပဒေဖြစ်ပြီး အတည်ပြုပြဋ္ဌာန်း ပြီးပါကစည်းမျဉ်းသတ်မှတ်ချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးကပြောသည်။

‘CIDB ပေါ်ပေါက်လာရင် ဘတ်ဂျက်နည်းလို့ စံချိန်လျှော့ပြီး တည်ဆောက်တာမျိုးကို ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ နည်းနည်း လေးနဲ့ရသလောက်ဆောက်မယ် ဆိုတဲ့အခြေအနေတွေမဖြစ်နိုင် တော့ပါဘူး။ အားလုံးဟာ စံချိန်စံ ညွှန်းမမီနိုင်ဘူးဆိုရင် ဆောက်ခွင့် ရမှာမဟုတ်တော့ပါဘူး’’ ဟု ၎င်း ကဆိုသည်။

ထို့အပြင် ယင်းဥပဒေတွင် ၀ါရင့်ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများနှင့် ကုမ္ပဏီငယ်များအ ကြားလုပ်ငန်းဆောင်ရွက်ခွင့်မျှတစေမည့် ပြဋ္ဌာန်းချက်များပါဝင် မည်ဖြစ်ကြောင်း ပြောသည်။ ဥပဒေများကို ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲပြဋ္ဌာန်း သည်ဆိုသော်လည်း လက်တွေ့ လိုက်နာဆောင်ရွက်နိုင်ရန် လို ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဦးမျိုးမြင့်က မှတ်ချက်ပြုသည်။

‘‘ဥပဒေရှိပြီး တရားဥပဒေ စိုးမိုးမှုမရှိရင် ဒီဥပဒေစာအုပ်ထဲ မှာတော့ ရှိနေတာပေါ့။ ဒီဟာ ကိုအကောင်အထည်ဖော်မယ့်သူ၊ ကြီးကြပ်မယ့်သူကလည်း တကယ်ကိုတိတိကျကျလိုက်နာအကောင်အထည်ဖော်ဖို့လိုသေး တယ်’’ ဟု ၎င်းကပြောသည်။


Source : 7Daydaily

#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa


 #residence #office #commercial #residential#realtor #agency #agent #tenant #buyer #investor 


#leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.