ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာတစ်သန်းစီမံကိန်းအတွက် နိုင်ငံတကာအာမခံလုပ်ငန်းများနှင့် နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုး

javascript

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာတစ်သန်းစီမံကိန်းအတွက် နိုင်ငံတကာအာမခံလုပ်ငန်းများနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးမှုကို သြဂုတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အိမ်ရာတစ်သန်းစီမံကိန်းအတွက် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းနှင့် SHIN YE HTUT GROUP (HRSE,IRMC,DIT,SYH) တို့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။


မြန်မာနိုင်ငံနှင့် ဂျပန်၊ဂျာမနီ၊မလေးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုရလဒ်အဖြစ် အိမ်ရာတစ်သန်းစီမံကိန်းအတွက် လိုအပ်တဲ့အာမခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ဖို့ နာလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရခြင်း ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးဒေါက်တာစန္ဒာဦးက ပြောဆိုခဲ့တာပါ။


ထိုကဲ့သို့လက်မှတ်ရေးထိုးနိုင်ခြင်းကြောင့် ပြည်သူတွေရဲ့ အိမ်ရာလိုအပ်ချက်နဲ့ ပိုင်ဆိုင်မှုကိုအများစွာအထောက် အကူပြုစေမှာဖြစ်တယ်လို့ ယင်းကဆက်ပြီးပြောဆိုပါတယ်။


Source : SFJ Strategy First Journal

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.