ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ရန်ကုန်တိုင်းအစိုးရအကောင်အထည်ဖော်မည့် စီမံကိန်းမြေနေရာကို ကုမ္ပဏီတစ်ခုက အမည်ပေါက်ပိုင်ဆိုင်သည်ဆိုကာ ကန့်ကွက်

javascript

ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရှိ ၁၈၃ ဧကတွင် ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော် မည့်နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်း နေရာသည် ပန်ဝါကုမ္ပဏီက၎င်း တို့ုိပိုင်ဆိုင်သည့်မြေဖြစ်ပြီး စီမံ ကိန်းအဆိုပြုလွှာခေါ်ယူခြင်းကို ကန့်ကွက်ကြောင်း စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည်။


အဆိုပါမြေနေရာကို သိမ်းဆည်းခံမူလလယ်သမားများထံမှ ကာလတန်ဖိုးငွေအကျေပေးချေ ပြီး ဥပဒေနှင့်အညီစာချုပ်စာတမ်းများဖြင့် ကုမ္ပဏီက ဝယ်ယူထား၍ မူလအမည်ပေါက်မြေခွန်ပြေစာ မူရင်းများ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။


‘‘ရန်ကုန်တိုင်းအစိုးရနဲ့ စကားပြောနေဆဲကာလဖြစ်တော့ (အသေးစိတ်ကို) ပြောလို့ မရသေးဘူး။ ပြောနေတုန်းစီမံ ကိန်းတွေ EOI ခေါ်လို့ ကြေညာချက်ထုတ်တာပါ’’ ဟု ပန်ဝါဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သိမ်းဆည်းခံလယ်ယာမြေ များနှင့်ပတ်သက်၍ ပန်ဝါဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီက လယ် ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိ စစ်ရေးဗဟိုကော်မတီသို့ ၂၀၁၇ စက်တင်ဘာတွင် တင်ပြပြီးဖြစ်သည်။


ရန်ကုန်တိုင်း စိစစ်ရေး ကော်မတီက တွေ့ဆုံပြီးမည်ကဲ့ သို့ဆက်လက်ဆောင်ရွက်ရမည် ကို အဖြေထုတ်ပေးခြင်းမရှိသေး ဟု ကုမ္ပဏီကဆိုထားသည်။


အဆိုပါ မြေဧကများအ တွက် ယခင်ကကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးထားသော်လည်း စီမံကိန်းအကောင်အထည်မပေါ် ၍ အစိုးရကပြန်လည်သိမ်းယူ ထားခြင်းဖြစ်သည်ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဖြူဖြူခိုင်က ပြော ကြားသည်။


‘‘နောက်ဆုံးတော့ အစိုးရက စီမံကိန်းအတွက် ပြန်ယူထားတာ လို့သိရပါတယ်’’ ဟု ၎င်းကဆက် လက်ပြောသည်။


အဆိုပါ စီမံကိန်းအတွက် ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဦးမြင့်သောင်းထံ ဖုန်း ဆက်၍ မှတ်ချက်တောင်းခံရန် ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။


အဆိုပါ စီမံကိန်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံပိုင်သတင်းစာများ၌ ဩဂုတ် လဆန်းက အဆိုပြုလွှာဖိတ်ခေါ် ထားပြီးအိတ်ပိတ်အဆိုပြုလွှာကို စက်တင်ဘာ ၇ ရက်တွင် ပြန်လည်တင်ပြရမည်ဟု ကြေညာထားသည်။


ထိုစီမံကိန်း၌ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအိမ်ရာများအပြင် စီးပွားရေးဆိုင်ရာအဆောက် အအုံများ၊ စျေးဝယ်စင်တာ၊ အဆင့်မြင့် လူနေအိမ်ရာများနှင့် ယာဉ်ရပ်နားနေရာများ ဖော် ဆောင်မည်ဖြစ်၍ စိတ်ဝင်စားသည့်ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု တိုင်းအစိုးရက ဆိုသည်။


အဆိုပါစီမံကိန်းသည် တိုင်းအစိုးရက ၂၀၁၈ မေလတွင်လွှတ် တော်သို့တင်ပြခဲ့သည့် ကျပ်ဘီလီ ယံ ၁,၀၀၀ ကျော်တန်ဖိုးရှိအိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများအနက် တစ်ခုဖြစ်သည်။


Credit: 7Daydaily

#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa


 #residence #office #commercial #residential#realtor #agency #agent #tenant #buyer


 #investor #leasing #yangon#myanmar #estate #HMMLJune2018 #Special

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.