ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ စမတ်ကားပါကင်လုပ်ငန်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိ

javascript

ရန်ကုန်မြို့တွင်း ကားပါကင်အခက်အခဲဖြေရှင်းရန်အတွက် မြို့တွင်း မြို့နယ်များ၌ ပုဂ္ဂလိက ကုမ္ပဏီ များနှင့် ပူးပေါင်း၍ စမတ်ကားပါကင်လုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးမေးမြန်းသော မေးခွန်းကို ရှင်းလင်းစဉ် ထည့်သွင်းပြောကြားသည်။


“တစ်ရက်ကို မြို့တွင်း ခရီးသွား ၂ ဒသမ ၇ သန်းလောက်ရှိပါတယ်။ အဲဒီထဲကမှ လမ်းပေါ်မှာ လူတစ်သိန်းလောက် တစ်နာရီပိတ်မိနေရင်တောင် အခု ၂၀၁၈ ခုနှစ်၊ အနိမ့်ဆုံး လုပ်အားခ တစ်နာရီ ၆ဝဝ ကျပ်နဲ့ တွက်ရင် တောင် သိန်းပေါင်း ၆ဝဝ လောက် ဆုံးရှုံးနေမှာဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆုံမှုကြောင့် နိုင်ငံသားတွေရဲ့ အချိန် နဲ့ လုပ်အားတွေ နေ့စဉ် ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနေပါတယ်။ ကုန်စည် သယ်ယူပို့ဆောင်ရေးစရိတ်မှာလည်း ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ စရိတ်ကြီးမြင့်နေရပါတယ်”ဟု ဦးအောင်ကျော်ကျော်ဦးက မေးခွန်းမေးမြန်းစဉ် တင်ပြသည်။


ရန်ကုန်မြို့တွင်း ကားပါကင်အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် လမ်းမကြီးများတွင် လမ်းနယ်နိမိတ်များ တိုးချဲ့၍ ယာဉ်ရပ်နားနေရာများ တိုးချဲ့တည်ဆောက်ပေးလျှက်ရှိပြီး မြို့တွင်း၊ မြို့နယ်များ၌ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ ပူး ပေါင်း၍ Smart Car parking လုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်း အသုံးပြုမှုအလိုက်ကားပါကင် စနစ်တကျလုံလောက်စွာထည့်သွင်းတည်ဆောက်ရန် မူဝါဒ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးကပြန်လည်ဖြေကြားခဲ့သည်။


Source : The Myanmar Times


Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.