ရန်ကုန်မြို့လယ်ရှိ နိုင်ငံတကာအဆင့်မီကွန်ဒိုတွင် နှစ်ရှည် ငှားရမ်းနေထိုင်ရန် နိုင်ငံခြားသားများ စိတ်ဝင်စားလျက်ရှိ

javascript

ရန်ကုန်မြို့လယ်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော Naing Group Sule Tower (II) ရှိ ကွန်ဒိုအခန်းများအား နိုင်ငံခြားသားများအနေဖြင့် နှစ်ရှည်ငှားရမ်းနေထိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။


ရန်ကုန်မြို့လယ် အချက်အချာကျသည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် Naing Group ဆောက်လုပ်ရေးမှ တာဝါ(၂)လုံးကို (၂၀၁၅) နှစ်ဆန်းပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ “ ဆက်စပ်ပတ်ဝန်းကျင်က နိုင်ငံခြားသားနေထိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်တာမို့ နိုင်ငံခြားသားငှားရမ်းဖို့အတွက်ဆိုလည်း တော်တော်လေးကို အခွင့်အရေးကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။


နိုင်ငံခြားသားလာရောက်မေးမြန်းမှု အများဆုံးနေရာ ဖြစ်ပါတယ်။ ဒီက တချို့အခန်းတွေကို Long Stay နေချင်တဲ့ နိုင်ငံခြားသားတွေရယ်၊ ပြည်တွင်းက DownTown ဧရိယာမှာ နေချင်တဲ့ သူတွေရယ်ကို ငှားပေးဖို့ရှိတယ် “ ဟု Naing Group မှ ဦးထင်အောင်လင်းက ပြောပါသည်။


Naing Group Sule Tower (II) သည် (၁၄)ထပ်အမြင့်ရှိ အဆောက်အအုံဖြစ်ပြီး ကျယ်ဝန်းလုံလောက်သော ကားပါကင်၊ ရေကူးကန်၊ အားကစားခန်းမ၊ ချွေးထုတ်ခန်း၊ လူနေအိမ်ခန်း၊ ရုံးခန်းဧရိယာ၊ ဆိုင်ခန်းဧရိယာများ ပါဝင်ကြောင်း၊ အခန်းအကျယ်အဝန်းအားဖြင့် စတုရန်းပေ (၈၀၀ မှ ၁၅၀၀)အထိ ရှိပြီး (၁)စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ (၂၇၅)ဒေါ်လာဖြင့် ရောင်းချလျက်ရှိကြောင်း လက်ရှိတွင် အခန်းများ၏ (၄၀)ရာခိုင်နှုန်း ရောင်းချပြီးဖြစ်ကြောင်း သိရသည်။


Source: အကျိုးဆောင်ဂျာနယ်

Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.