၂၀၁၉ မှာ အိမ်ခြံမြေကို အကျိုးသက်ရောက်လာနိုင်တဲ့ ဥပဒေများ

javascript

အိမ်ခြံမြေဈေးကွက်ကို အထောက်ကူဖြစ်စေမယ့် ဥပဒေတချို့က ရေးဆွဲပြီးဖြစ်ပေမဲ့ အသက်မဝင်သေးတဲ့အတွက် ထိထိရောက်ရောက် အကျိုးသက်ရောက်မှုမရှိသေးသလို တချို့ဥပဒေတွေကလည်း ရေးဆွဲနေဆဲ ဒါမှမဟုတ် ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားဆဲဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဥပဒေတွေကို လက်တွေ့အသုံးချဆောင်ရွက်နိုင်လာရင် အိမ်ခြံမြေဈေးကွက် ဒီထက်ပိုတိုးတက်လာမယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက မျှော်လင့်နေ ကြပါတယ်။


ကွန်ဒိုဥပဒေအေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မယ်လို့ ယူဆခဲ့ကြတဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေခေါ် ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ မျှော်လင့်ခဲ့သလို ဈေးကွက်အတွင်း သက်ရောက်မှု တစ်စုံတစ်ရာမရှိသေးပါဘူး။


၂၀၁၇ ခုနှစ်မှာ ဥပဒေရော၊ နည်းဥပဒေပါ ထွက်ခဲ့တယ်ဆိုပေမဲ့ ပြင်ဆင်ဖြည့်စွက်စရာအချက်တွေ ရှိသေးလို့ သက်ဆိုင်ရာဌာနတွေနဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တို့မှာ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ရပါတယ်။


ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာတော့ ပြည်သူ့လွှတ်တော်မှာ ကွန်ဒိုနည်းဥပဒေကို နောက်ဆုံး အတည်ပြုခဲ့ပါတယ်။ ကွန်ဒိုဥပဒေကို စတင်ရေးဆွဲချိန်ကစပြီး နောက်ဆုံး အတည်ပြုပြီးတဲ့အချိန်အထိ စုစုပေါင်း ငါးနှစ်နဲ့ ကိုးလကြာမြင့်ခဲ့ပါတယ်။


"ကွန်ဒိုမီနီယမ်ဥပဒေက စတုရန်းပေ ၂၀çဝဝဝ နဲ့ အထက်ဆိုတော့ ရန်ကုန်မြို့မှာ တွက်ကြည့်လိုက်ရင် ၉၅ ရာခိုင်နှုန်းလောက်က အကျုံးမဝင်ဘူး။ စတုရန်းပေ ၂၀çဝဝဝ အောက် အကျုံးဝင်အောင် တိုက်ခန်းဥပဒေကို လိုင်စင်ရ ကန်ထရိုက်တာများအသင်းက တစိုက်မတ်မတ်နဲ့ ရေးနေတာ။ ပြီးမှ လွှတ်တော်ကိုတင်မှာပါ"လို့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဒုဥက္ကဋ္ဌ ဦးသန့်စိုးက ပြောပါတယ်။


ကွန်ဒိုအဆောက်အအုံက အနည်းဆုံး မြေဧရိယာ စတုရန်းပေ ၂ဝဝဝဝ နဲ့အထက် ရှိရမှာဖြစ်ပြီး အထပ်ခြောက်ထပ်နဲ့အထက်ရှိတဲ့ အဆောက်အအုံဖြစ်ရမယ်လို့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ကွန်ဒိုမီနီယမ် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အဆောက်အအုံတွေဟာ စီမံခန့်ခွဲရေးကော်မတီမှာ ကွန်ဒိုဖြစ်ကြောင်း မှတ်ပုံတင်ပြီးမှသာ ဥပဒေပါ အကျိုးခံစားခွင့်တွေအတိုင်း ဝယ်ယူရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။


"ကွန်ဒိုမီနီယမ်ဥပဒေက ထွက်တယ်။ ဒါပေမဲ့ စီမံခန့်ခွဲရေးကော်မတီ ထွက်မလာသေးဘူး။ ၂၀၁၉ ခုနှစ်မှာ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုအစိုးရက ခွင့်ပြုမယ်ထင်တယ်"လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမ·း ဦးမျိုးမြင့်က ပြောပါတယ်။


၂၀၁၉ ခုနှစ်အစပိုင်းလောက်မှာ ကွန်ဒိုမီနီယမ်ဥပဒေ အသက်ဝင်လာပြီး စီမံကိန်းအကောင်အထည်ဖော်သူတွေက သက်ဆိုင်ရာကော်မတီတွေမှာ ကွန်ဒိုအဖြစ် စာရင်းသွင်းလို့ရပြီဆိုရင်တော့ ပြောင်းလဲမှုတွေနဲ့ တိုးတက်လာနိုင် တယ်လို့ သုံးသပ်ကြပါတယ်။


"စီမံကိန်းအကောင်အထည်ဖော်သူတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံတကာဈေးကွက်မှာ ဝင်ပြီးတော့ ပြသလာနိုင်မယ်။ အများကြီးပြောင်းလဲလာမယ်။ ကွန်ဒိုဈေးနှုန်းတော့ မသိမသာများလာနိုင်တယ်။ ဒါပေမဲ့ ကွန်ဒို ဝယ်ယူသူတွေအတွက် ခိုင်မာမှုတွေ ပိုရလာလို့ စိတ်ဝင်စားမှုလည်း ပိုလာနိုင်တယ်။ ကော်မတီက ၂၀၁၉ အစပိုင်းမှာရှိလာရင်တော့ အရမ်းကောင်းလာမှာပေါ့။ ကြန့်ကြာတဲ့အချိန်ကြာလေ ဈေးကွက် ပိုနှေးလေတော့ဖြစ်လာမယ်"လို့Success Property Consultant ကုမ္ပဏီကProperty Sales Director ဦးကျော်စည်သူက ပြောပါတယ်။


၂၀၁၉ ခုနှစ်မှာ ကွန်ဒိုမီနီယမ်ဥပဒေ အသက်ဝင်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုမိုလွယ်ကူလာမယ်လို့ ဆောက်လုပ်ရေးအသိုင်းအဝိုင်းက ခန့်မှန်းထားကြပါတယ်။


တိုက်ခန်းဥပဒေ


တိုက်ခန်းဥပဒေကို မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက် တာများအသင်းက ပြည်သူ့လွှတ်တော်ကို ရေးဆွဲတင်ပြခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့တော့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းက တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီးတော့ ရေးဆွဲထားတဲ့ တိုက်ခန်းဥပဒေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပါတယ်။


"ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကော်မတီက ဥပဒေရေးရာ ညှိနှိုင်း၊ တည်းဖြတ်ပြီးတော့ နောက်ဆုံးမူကြမ်းကို ပို့ထားတယ်။ ဥပဒေမူကြမ်းကို ဆက်ပြီးပေးပို့ပြီးရင် လွှတ်တော်မှာဆွေးနွေးမယ်၊ တစ်နှစ်လောက် အတွင်းထွက်မှာပါ"လို့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း ဒုဥက္ကဋ္ဌ ဦးသန့်စိုးက ပြောပါတယ်။


ဥပဒေကြမ်းကို မြို့ပြဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများကို အထောက်အကူပြုစေရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ စာချုပ်စာတမ်းမှတ်ပုံတင်ပြီး အာမခံချက်ရရှိရန်၊- နိုင်ငံတော်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်အခများရရှိရန်၊ ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ပိုမိုခိုင်မာလာစေရန်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ရေးဆွဲထားပါတယ်။


"နောက်ဆုံးမူကြမ်းဖြစ်အောင်၊ အားလုံးဆွေးနွေးထား တာတွေပါအောင် ဆောင်ရွက်နေပါတယ်။ ဆောက်လုပ်ရေးလောကက အသင်းအဖွဲ့တွေကတော့ လောနေကြတာ ပေါ့။ လာမယ့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထပ်ကျင်းပမယ့်လွှတ်တော်မှာ ဆွေးနွေးနိုင်အောင် လုပ်ဆောင်နေပါတယ်" လို့ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း က ပြောပါတယ်။


တိုက်ခန်းအရောင်းအဝယ် ပြုလုပ်ရာမှာ ခိုင်မာတဲ့ အာမခံမရှိခြင်း၊ မရေရာမသေချာမှုတွေကို အဲဒီဥပဒေက ဖြေရှင်းပေးနိုင်မယ်လို့ ဥပဒေပေါ်ပေါက်လာရေး ဆောင်ရွက်နေသူများက ဆိုကြပါတယ်။ အဲဒီဥပဒေ ပေါ်ပေါက်လာရင် တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေကို သက်ဆိုင်ရာ စာတမ်းမှတ်ပုံတင်ရုံးတွေမှာ မှတ်ပုံတင်တာတွေကြောင့် တိုက်ခန်းပိုင်ဆိုင်မှုတွေဟာ ခိုင်မာလာပြီး ဘဏ်တွေမှာ ပေါင်နှံတာတွေ ပြုလုပ်ပြီး ငွေကြေးလှည့်ပတ်သုံးစွဲနိုင်မယ်လို့ ဆောက်လုပ်ရေး ကန်ထရိုက်တာအသိုင်းအဝိုင်းနဲ့ တိုက်ခန်းပိုင်ဆိုင်သူတွေက မျှော်လင့်ထားကြပါတယ်။


ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်ကလည်း တိုက်ခန်း ဥပဒေကို သီးသန့်မရေးဆွဲဘဲ နောက်ဆုံးရေးဆွဲနေတဲ့ အမျိုးသား အိမ်ရာဖွံ့ဖြိုးရေးဥပဒေထဲမှာ တစ်ပါတည်းထည့်သွင်းရေးဆွဲဖို့ လျာထားလျက်ရှိတယ်လို့ သိရပါတယ်။


အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ


မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလောကအတွက် သက်ရောက်မှုများစွာရှိမယ့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အများပြည်သူလေ့လာနိုင်အောင် ဇွန် ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။


ဒီဥပဒေကိုတော့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လက စတင်ရေးဆွဲပြီး လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းထဲမှာ အဓိကအားဖြင့် ဝန်ဆောင်မှုပေးသူတွေ တစ်နည်းအားဖြင့် အိမ်ခြံမြေပွဲစားတွေရဲ့ အခန်းကဏ္ဍကို ပိုမိုထင်ရှားပေါ်လွင်အောင် ရေးဆွဲထားတာကိုလည်း တွေ့ရပါတယ်။


ဒီဥပဒေအတည်ပြုပြီးရင် ပွဲစားတွေအနေနဲ့ လိုင်စင်မဖြစ်မနေလျှောက်ထားရမှာဖြစ်ပြီး လိုင်စင်မရှိဘဲ ပွဲစား လုပ်ရင် ထောင်ခြောက်လ၊ သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၃၀ အထိ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။


"အဲဒီဥပဒေဟာ အိမ်ခြံမြေလောကရဲ့ အဆီအနှစ်ပါ။ တခြားနိုင်ငံနဲ့ယှဉ်ရင် ၁၀ နှစ်၊ ၁၅ နှစ် နောက်ကျနေပါ တယ်။ ဒီဥပဒေအခြေခံပြီးတော့မှပဲ အိမ်ခြံမြေလောကသားတွေအတွက် စနစ်တကျ ပါဝင်လုပ်နိုင်မှာဖြစ်ပါတယ်။ ဥပဒေကို အရမ်းလိုအပ်နေတဲ့အချိန်ဖြစ်သလို တခြားအာဆီယံနိုင်ငံတွေကို လိုက်မီဖို့အတွက် ဒီဥပဒေက အရမ်းအရေးကြီးပါတယ်"လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စိုင်းအောင်ကျော်က ပြောပါတယ်။


စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျဆောင်ရွက်တဲ့ အိမ်ခြံမြေဝန်ဆောင်မှုပေးသူများ ပေါ်ထွန်းလာစေရန်၊ အိမ်ခြံမြေဈေးကွက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်၊ ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူ နှစ်ဦးနှစ်ဖက် ဥပဒေနဲ့အညီ အကျိုးခံစားခွင့်တွေ ရရှိကြစေဖို့၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ဒေသဆိုင်ရာအဖွဲ့အစည်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းနဲ့ ပုဂ္ဂလိကတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အဆိုပါဥပဒေကို ရေးဆွဲခြင်းဖြစ်ပါတယ်။


အဆိုပါ ဥပဒေမူကြမ်းက ပြည်ထောင်စုလွှတ်တော်အထိ ရောက်ရှိနေပြီဖြစ်ပြီး မူကြမ်းကို ၁၁ ကြိမ်အထိ ဆွေးနွေးပြီးဖြစ်ပါတယ်။


"ပြောရခက်ပါတယ်။ လွှတ်တော်တော့ ရောက်သွားပြီ၊ဆွေးနွေးဖို့ တင်ပြပြီးရင်တော့ ထွက်လာနိုင်ပါတယ်။ လွှတ်တော်မှာ ကြာနေရင်တော့ ၂၀၁၉ ခုနှစ်မှာ ထွက်လာဖို့ နှောင့်နှေးနိုင်ပါတယ်"လို့ ဒေါက်တာ စိုင်းအောင်ကျော်က ဆက်လက်ပြောပါတယ်။


"၂၀၁၉ ခုနှစ်ထဲမှာ ဥပဒေပေါ်ပေါက်လာနိုင်တယ်လို့ မျှော်မှန်းတယ်။ ဥပဒေပေါ်လာရင်တော့ အိမ်ခြံမြေလုပ်တဲ့သူတွေအားလုံး စနစ်တကျဖြစ်သွားမှာပေါ့။ နိုင်ငံခြားသားတွေ လာပြီးရင်းနှီးမြှုပ်နှံရင်လည်း နိုင်ငံတော်အတွက် အခွန်အခတွေ ရရှိလာမှာပေါ့"လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးဒါ်မို့မို့အောင်က ပြောပါတယ်။


Source : The Myanmar Times

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.