မဟာအောင်မြေမြို့နယ် အိမ်ခြံမြေအချို့ အရောင်းအဝယ်လိုက်နေ

javascript

သည်ရက်ပိုင်း မဟာအောင်မြေမြို့နယ် အတွင်းရှိ အိမ်ခြံမြေအချို့ အရောင်းအဝယ်လိုက်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။


အထူးသဖြင့် မြို့နယ်အနောက်ပိုင်း က ရပ်ကွက်တွေမှာ အရောင်းအဝယ်လိုက်နေတာ ဖြစ်ပါတယ်။


“ဒီဘက်က ဝိုင်းအကျယ်ကြီးတွေ ရှိတာများတယ်။ဒါတွေကို ပိုင်းရောင်း၊ စိတ်ရောင်းတာ၊အရောင်းအဝယ်ကဖြစ်တယ်၊ ဈေးတန်းကတော့ သိပ်အများကြီးမဟုတ်ဘူး၊သိန်း ၅ဝဝ အောက်နဲ့ ၁ဝဝဝ ကြားလောက်ပဲ”လို့ နယ်ခံ အကျိုးဆောင်က ပြောပါတယ်။


သည်နေရာတွေဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးနဲ့အဓိက ကျောက်စိမ်းရောင်းဝယ်ရာနေရာတစ်ခုဖြစ်တဲ့ မဟာအောင်မြေ ကျောက်ဝိုင်းနဲ့ နီးကပ်တာ၊ မဟာအောင်မြေမြို့နယ် သန်လျက်မှော် အနောက်ရှိ ယခင်သားသတ်ရုံဟောင်း မြေနေရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ယခုထက်ပိုမိုဈေးကွက်ကောင်းမွန်ဖို့ရှိနေတာ၊လူနေအကွက်အကွင်း ကောင်းမွန်တာ စတာတွေကြောင့်လည်း ဝယ်သူစိတ်ဝင်စားမှုမြင့်တက်ပြီးနောက်ပိုင်း အဆိုပါနေရာဝန်းကျင်က ရပ်ကွက်တွေရှိမြေတွေဈေးတက်လာတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။


အိမ်ခြံမြေအရောင်းအဝယ်က ဈေးကစားဖို့ဝယ်တဲ့ပုံစံမျိုးမဟုတ်ဘဲ အမှန်တကယ်နေထိုင်အသုံးချဖို့အတွက် ဝယ်တဲ့ဈေးကွက်ဖြစ်တယ်၊စံချိန်တင် အရောင်းအဝယ်ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ရဲ့ ယခုနှစ် အရောင်းအဝယ်အခြေအနေဟာ မြို့တွင်း အကွက်ကောင်းတဲ့နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ အရောင်းအဝယ်ပြန်လိုက်စ ပြုနေတယ်၊အေးစက်ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်ဟာ မကြာခင်အချိန်အတွင်း ပုံမှန်အနေအထား အရောင်းအဝယ်ဖြစ်လာလိမ့်မယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အ ချို့က ခန့်မှန်းပြောဆိုပါတယ်။


Source: The kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.