လက်ရှိဘဏ္ဍာနှစ်အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၁၀၀၀၀ ကျော် ဆောက်လုပ်နေပြီး အခန်းအများစု ပြီးစီးနေပြီဖြစ်

javascript

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၁၀၃၇၇ ခန်း ဆောက်လုပ်နေပြီး အခန်းအများစုမှာ ပြီးစီးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။


ဝန်ထမ်းများအတွက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၇၃၆ ခန်း တည်ဆောက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခန်း ၁၀၃၇၇ ခု ဆောက်လုပ်လျက်ရှိရာ အများစုမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နက ယခု ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်လျက် ရှိပြီး လက်ရှိ၌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃ဝ ကျော် ဆောက်လုပ်လျက်ရှိကြောင်း၊ လက်ရှိ ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများ အနက် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ်ခန်းပေါင်း ၂၂၅၄ ခန်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀ ခု၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်း မာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်း ပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာန အတွက် အိမ်ရာပေါင်း သုံးခု၊ အိမ်ခန်းပေါင်း ၃၂ ခန်း၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲ ရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက် က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်း အိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေ သနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတိုဘဏ္ဍာနှစ် မှာမပါခဲ့တဲ့ ဦးစီးဌာနက ဝန်ထမ်းတွေအ တွက်လည်း ထည့်တွက်ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။


လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် ကစိအေန ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်း မွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သောရောဂါနှိမ်နင်းရေး ကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာ ရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများထားရှိရေးတို့ ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်ကို သတင်းအချက်နှစ်၊ ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲသည့် နှစ် (year of budget)နှင့် ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ်ဟု သတ်မှတ်လုပ်ဆောင် လျက်ရှိသည်။



Source : Eleven Media Group

Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.