ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

ကိုယ်ချစ်ရတဲ့ မိသားစုနဲ့အတူ တိတ်ဆိတ်အေးချမ်းတဲ့ နေရာလေးမှာ အကောင်းဆုံးသော ဝန်ဆောင်မှုတွေရှိတဲ့ အဆင့်မြင့်ဇိမ်ခံကွန်ဒိုတစ်ခုမှာ နေထိုင်ချင်တဲ့သူတွေအတွက် ဒီတစ်ပတ်မှာတော့ လှိုင်မြို့နယ်မှာရှိတဲ့Grand Myakanthar ကွန်ဒိုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လုံးချင်းအိမ်ကြီးတွေသာ သီးသီးသန့်သန့်ရှိနေတဲ့ ရပ်ကွက်ထဲမှာ အဆင့်မြင့် ဇိမ်ခံကွန်ဒိုကြီးတစ်ခုအဖြစ် ပုံတည်ဆောက်ထားတာဖြစ်တဲ့ အတွက် ဆူညံသံတွေကို စိတ်ပူစရာမလိုအောင် ဆိတ်ငြိမ်ပြီး အေးချမ်းတဲ့ နေရာလေးတစ်နေရာ ဖြစ်ပါတယ်။

 ဒီဘက်ခေတ်မှာ တည်ဆောက်လာကြတဲ့ ကွန်ဒိုမီနီယမ်အများစုဟာ အခန်းအကျယ်အဝန်းတွေကို လျှော့ချပြီး အမျိုးမျိုးသော အခန်းပုံစံတွေကို တည်ဆောက်လာကြပါတယ်။Grand Myakanthar ကွန်ဒိုကတော့အခန်းအကျယ်အဝန်းအားဖြင့် အဆင့်မြင့်ကွန်ဒိုတစ်ခုမှာ ရှိသင့်တဲ့ အကျယ်အဝန်းတွေထက် ပိုမိုကျယ်ဝန်းတဲ့ အခန်းတွေ ပါဝင်တဲ့အတွက် အခန်းကျယ်ကျယ်ကိုသာ ကြိုက်နှစ်သက်သူတွေ၊ မိသားစုများလို့ အခန်း ကျယ်ကျယ်လိုချင်သူတွေ စိတ်ကြိုက်တွေ့စေမယ့် နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီကွန်ဒိုမှာ အခန်းအမျိုးအစား စုစုပေါင်း ရှစ်မျိုးရှိပြီး အနည်းဆုံး စတုရန်းပေ ၉၈၀ ကနေ အများဆုံး စတုရန်းပေ ၂၂၉၅ အထိ ကျယ်ဝန်း တဲ့အခန်းတွေ ပါဝင်နေပါတယ်။ အိပ်ခန်းကျယ်တွေကို ရှုခင်းကြည့်လို့ကောင်းတဲ့ ဝရန်တာတွေနဲ့ တွဲဖက်ဖွဲ့စည်းထားတဲ့အတွက် ပြင်ပအလင်းရောင်ရော၊ လေဝင်လေထွက်ပါ ကောင်းမွန်စွာရရှိမှာဖြစ်ပါတယ်။

အခန်းထဲကို ဝင်ဝင်ချင်းမှာ သံပန်းတံခါးတစ်ချပ်ကို တပ်ဆင်ထားပြီး တံခါးမကြီးဆီ မရောက်ခင်မှာ ခြောက်ပေခန့်ရှည်တဲ့ လျှောက်လမ်းလေးတစ်ခုကို ဖန်တီးပေးထားပါတယ်။ ဖိနပ်စင်နဲ့ အလှပန်းအိုး စတာတွေ ထားရှိနိုင်အောင် နေရာလွတ်တစ်ခုအဖြစ် ဖန်တီးပေးထားတာဖြစ်ပါတယ်။ 

ကျွန်းသစ်နဲ့ ပြုလုပ်ထားတဲ့ တံခါးမကြီးကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါမှာတော့ အရှေ့ဘက်မှာ ဧည့်ခန်း၊ ဘယ်ဘက်ခြမ်းမှာ ၆ ပေ _ ၂၀ ပေ ခန့် ကျယ်ဝန်းတဲ့ လျှောက်လမ်းတစ်ခုနဲ့ မာစတာ အိပ်ခန်းနှစ်ခန်းကို တွေ့ရမှာဖြစ်ပါတယ်။ အိမ်ခန်းရဲ့ညာဘက်ခြမ်းမှာတော့ မီးဖိုချောင်၊ စတိုခန်း၊ အဝတ်လှန်းတဲ့ အခန်းနဲ့Maid Roomတို့အပြင် နောက်ထပ် မာစတာအိပ်ခန်းတစ်ခန်းကို ဧည့်ခန်းနဲ့ ကပ်လျက်မှာ တွဲလျက်ဖွဲ့စည်းထားပါတယ်။ 

တစ်အိမ်လုံးကို ြွေကပြားခင်းထားပြီး အိပ်ခန်းတွေထဲမှာတော့ ကျွန်းပါကေးခင်းထားပါတယ်။ အတွင်းပိုင်းဒီဇိုင်းတွေက လက်ရာသေသေသပ်သပ်နဲ့ ပြင်ဆင်ထားတဲ့အတွက် ကြည့်လိုက်တာနဲ့ အဆင့်မြင့် ကွန်ဒိုတစ်ခုမှန်း သိသာ စေပါတယ်။

စုစုပေါင်း အထပ်အမြင့် ၁၈ ထပ်ရှိတဲ့ အဆောက်အအုံနှစ်လုံးနဲ့ အခန်းစုစုပေါင်း ၂၀၁ ခန်းပါဝင်ပြီး ကားပါကင် လေးထပ်ပါရှိပါတယ်။ လက်ရှိမှာတော့ အခန်းစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ရောင်းချပြီးဖြစ်ပါတယ်။ အဆောက်အအုံရဲ့ ငါးလွှာမှာတော့Gym၊ ရေကူးကန်၊Jacuzzi (ဂျာကူစီ)၊Spa၊ ကော်ဖီဆိုင်နဲ့ အပန်းဖြေဥယျာဉ်တွေအပြင် ပါတီတွေ၊ ပွဲအခမ်းအနားတွေပြုလုပ်နိုင်တဲ့ Function Hall  တွေလည်း ပါဝင်ပါတယ်။ 

Grand Myakanthar  ရဲ့ အနီးအနားမှာတော့ အမျိုးအစားစုံလင်တဲ့ စားသောက်ဆိုင်တွေ၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ အစိုးရကျောင်း၊ ပုဂ္ဂလိက ကျောင်းတွေ တည်ရှိတဲ့အပြင် အိမ်ရှင်မတွေအတွက် ရပ်ကွက်ဈေးကလည်း နီးနီးနားနားမှာပဲ ရှိနေပါတယ်။

လှိုင်မြို့နယ်ထဲမှာ စိန်ဂေဟာ၊ ဂမုန်းပွင့်တို့လို ရှော့ပင်းစင်တာတွေအပြင် ၂၄ နာရီဖွင့်လှစ်တဲ့City Mart  တွေနဲ့ABC, One Stop Mart  တို့လည်း အများအပြား တည်ရှိပါတယ်။ ဒါ့ပြင် အများပြည်သူ အနားယူအပန်းဖြေနိုင်တဲ့ ပန်းခြံတွေနဲ့ အင်းလျားကန် စတဲ့ အထင်ကရနေရာတွေလည်း တည်ရှိနေပါတယ်။

ကျန်းမာရေးအတွက်လည်း ဆေးရုံဆေးခန်းတွေ အများအပြားရှိနေတဲ့အတွက် အထူးစိတ်ပူစရာ မလိုတော့ပါဘူး။ ပါရမီကလေးဆေးရုံ၊ သုခကမ္ဘာဆေးရုံ အစရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံတွေလည်း တည်ရှိနေပါတယ်။ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းတွေကလည်း ကွန်ဒိုရဲ့ အနီးအနားမှာရှိနေတဲ့အတွက် ကလေးတွေ ကျောင်းကိစ္စအတွက် စိတ်အေးရမှာဖြစ်ပါတယ်။ 

လှိုင်မြို့နယ်ဟာ ရန်ကုန်ရဲ့ စီးပွားရေးအရ အရေးပါတဲ့မြို့နယ်တစ်ခုဖြစ်တဲ့ အပြင် ပညာရေးအရလည်း လှိုင်တက္ကသိုလ်နယ်မြေအပြင်၊ISM  နိုင်ငံတကာ ပုဂ္ဂလိကကျောင်းအပါအဝင် အခြား ပြည်တွင်းနဲ့ နိုင်ငံတကာပုဂ္ဂလိကကျောင်း တွေလည်း အများအပြားတည်ရှိနေပါတယ်။

ဒါ့ပြင် စီးပွားရေးအရ အရေးပါတဲ့ ဈေးကြီးတွေဖြစ်တဲ့ သီရိမင်္ဂလာဈေး၊ လှိုင်ဈေးကြီး၊ ရွှေပိတောက်ငါးဈေး အစရှိတဲ့ ဈေးကြီးတွေကလည်း လှိုင်မြို့ နယ်ထဲမှာ ရှိနေတဲ့အပြင် ရန်ကုန်ရဲ့ မြို့နယ်အနည်းငယ်မှာသာ တွေ့ရတဲ့ သင်္ဘောဆိပ်ကိုလည်း လှိုင်မြို့နယ်မှာ တွေ့ရပါတယ်။ ဒါကတော့ ဘုရင့်နောင် သင်္ဘောဆိပ်ပဲ ဖြစ်ပါတယ်။

untitled-19.jpg

လှိုင်မြို့နယ်ဟာ မရမ်းကုန်း၊ သမိုင်း၊ လှိုင်သာယာနဲ့ ကမာရွတ်မြို့နယ်တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်မြေဧရိယာအားဖြင့် အတော်အတန်ကျယ်ဝန်း တဲ့ မြို့နယ်တစ်မြို့နယ်လည်း ဖြစ်ပါတယ်။

လှိုင်မြို့နယ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကားနဲ့သွားမယ် ဆိုရင် ၄၅ မိနစ်ကနေ တစ်နာရီခန့် ကြာမြင့်နိုင်ပါတယ်။ လေဆိပ်ကို တိုက်ရိုက်ရောက်ရှိနိုင်တဲ့ ြှ့ ကားတွေကို စီးမယ်ဆိုရင်တော့ ပြည်လမ်းကို သွားရောက်စီးနင်းရမှာ ဖြစ်ပါတယ်။ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကို သွားမယ်ဆိုရင်တော့ အချိန် တစ်နာရီကနေ တစ်နာရီဆယ့်ငါးမိနစ်လောက်အထိ အချိန်ယူရ ပါလိမ့်မယ်။ 

ရန်ကုန်မြို့တွင်းကို ကားနဲ့သွားမယ်ဆိုရင်တော့ မိနစ် ၅၀ မှ မိနစ် ၇၀ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့ပြင် လှည်းတန်းမီးပွိုင့်၊ မြေနီကုန်းခုံးကျော်တံတား စတဲ့ ကားပိတ်လွန်းတဲ့နေရာတွေကို ဖြတ်သန်းသွားရမှာဖြစ်တဲ့အတွက် အရေးကြီး ချိန်းဆိုထားတာတွေ ရှိရင်တော့ အိမ်ကနေ သတ်မှတ်ချိန်ထက်  

တစ်နာရီခွဲခန့် ကြိုပြီးထွက်သင့်ပါတယ်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.