ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

ရန်ကုန်မြို့တွင်းနဲ့ မနီးမဝေးမှာတည်ရှိပြီး သွားလာဆက်သွယ်ရေးလည်း  လွယ်ကူတဲ့အပြင် စည်ကားတဲ့နေရာမှာ အဆင့်မြင့် ကွန်ဒိုမီနီယံတစ်ခုကို ရှာဖွေနေတဲ့သူတွေအတွက် အချက်အချာကျတဲ့နေရာမှာ တည်ရှိပြီး လူကြိုက် များတဲ့ ကွန်ဒိုတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီကွန်ဒိုကတော့ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ဘူတာရုံလမ်းထဲမှာ တည်ရှိနေတဲ့Kanbae Towers Condominium ပဲ ဖြစ်ပါတယ်။ အဆောက်အအုံ လေးခုပါဝင်ပြီး လူနေအိမ်သီးသန့်အဖြစ် ဆောက်လုပ်ထားတဲ့ ကန်ဘဲ့တာဝါကွန်ဒိုမှာ ဆိုရင်တော့ ၂၅ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံသုံးလုံးနဲ့ ၂၁ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံတစ်လုံးတို့ ပါဝင်ပါတယ်။

လူနေအိမ်ခန်းတွေက အဆောက်အအုံရဲ့ သုံးလွှာကနေ စရှိမှာဖြစ်ပြီး အောက်နှစ်လွှာမှာတော့ ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါ တယ်။ သုံးလွှာမှာ လူနေအိမ်ခန်းတွေအပြင် Facilities  ဧရိယာဖြစ်တဲ့ ရေကူးကန်၊ အပန်းဖြေလမ်းလျှောက်စရာ ဥယျာဉ်တွေကိုပါ ထားပေးမှာဖြစ်ပါတယ်။

အဆင့်မြင့်ကွန်ဒိုမီနီယံတစ်ခုဖြစ်တာနဲ့အညီ ကွန်ဒိုတစ်ခုမှာ ရှိသင့်တဲ့ Facilities နဲ့ ဝန်ဆောင်မှုတွေကို အတိအကျ ထည့်သွင်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ကားပါကင်အနေနဲ့ အိမ်ခန်းတစ်ခန်းကို ကားပါကင်တစ်စီးစာ ငါးနှစ်အခမဲ့ ရပ်နားခွင့်ပေးမှာဖြစ်ပါတယ်။

အဆောက်အအုံD ရဲ့ သုံးလွှာမှာတည်ရှိတဲ့ ဒီအခန်းလေးက မာစတာအခန်းတစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်း တစ်ခန်းပါဝင်ပြီး သေသပ်လှပစွာ ဖွဲ့စည်းထားတဲ့ နေချင့်စဖွယ်အခန်းလေးတစ်ခန်းပဲ ဖြစ်ပါတယ်။ အိမ်ခန်းရဲ့ ပထမအဆင့် လုံခြုံရေးဖြစ်တဲ့ တံခါးမကြီးကိုတော့ လျှို့ဝှက်နံပါတ်စနစ်၊ ကတ်စနစ်နဲ့ လက်ဗွေစနစ်တို့လို ခေတ်မီနည်းပညာကို အသုံးပြုတပ်ဆင်ထားတာကို တွေ့ရပါတယ်။

အိမ်ထဲကို ဝင်ဝင်ချင်း ညာဘက်ခြမ်းမှာတော့ မီးဖိုခန်းကို တွေ့ရမှာဖြစ်ပြီး နံရံကပ်ဗီရို၊ မီးဖိုနဲ့ မီးဖို ချောင်သုံးပစ္စည်းတွေကို နေရာတကျ သပ်သပ်ရပ်ရပ်နဲ့ထည့်သွင်းဖွဲ့စည်းပေးထားပါတယ်။  မီးဖိုချောင်တစ်ခုရဲ့ အခြေခံပစ္စည်းတွေဖြစ်တဲ့ ပန်းကန်စင်၊ မီးဖို၊ ဘေစင်၊ ညှော်စုပ်စက်နဲ့ ပစ္စည်းထည့်ဗီရိုတွေကို လက်တစ်ကမ်းစာမှာ ရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။ 

အိပ်ခန်းနှစ်ခန်းကို မျက်နှာချင်းဆိုင်ဖွဲ့စည်းထားပြီး ရိုးရိုးအိပ်ခန်းနဲ့ ကပ်လျက်မှာတော့ ရေချိုးခန်းနဲ့ အိမ်သာကို သီးသန့်ခန်းတစ်ခုအဖြစ် တွဲလျက် ဖွဲ့စည်းထားပါတယ်။

ဧည့်ခန်းရဲ့ စိတ်ကျေနပ်စရာအချက်တစ်ခုကတော့ အရှေ့မျက်နှာစာတစ်ခု လုံးကို မှန်နံရံအဖြစ် တည်ဆောက်ထားတဲ့အတွက် ပြင်ပအလင်းရောင်ကို ကောင်းကောင်းရရှိနိုင်ပြီး ရေကူးကန်နဲ့ ဥယျာဉ်တို့ကိုလည်း အပေါ်စီးကမြင်ရတဲ့ အနေအထားဖြစ်ပါတယ်။ မာစတာအိပ်ခန်းရဲ့ အရှေ့ဘက်မြင်ကွင်းကလည်း ဧည့်ခန်းမြင်ကွင်းနဲ့ ထပ်တူပဲဖြစ်ပါတယ်။

မီးဖိုခန်းကထွက်ရင် ထမင်းစားခန်းအဖြစ် ဖန်တီးလို့ရနိုင်တဲ့ နေရာကျယ်တစ်ခုလည်းရှိပြီး ၎င်းရဲ့နောက်မှာတော့ ဧည့်ခန်းရှိပါတယ်။ မိသားစုသုံးယောက်စာ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်တဲ့ ဒီအခန်းလေးကတော့ စတုရန်းပေ ၈၅၄ ဒသမ ၄၃ ကျယ်ဝန်းပါတယ်။

အခန်းဈေးနှုန်းတွေအနေနဲ့ တစ်စတုရန်းပေကို ငွေကျပ် နှစ်သိန်းခွဲကနေ သုံးသိန်းဝန်းကျင်ထိရှိပြီးတော့ ငွေပေးချေမှုပုံစံတွေအရ ဈေးနှုန်းအပြောင်းအလဲတွေ ရှိပါတယ်။ ပထမအရစ် ၅၀ ရာခိုင်နှုန်း ပေးသွင်းပြီးတာနဲ့ အိမ်ခန်းရရှိမှာဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုတော့ နှစ်နှစ် အတိုးမဲ့ အရစ်ကျနဲ့ ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

နေထိုင်သူတွေအတွက် အားသာချက်တွေကတော့ ကွန်ဒိုရဲ့အောက်ထပ် မှာပဲ ဈေးဆိုင်ခန်းတွေရှိတာကြောင့် ဝေးဝေးလံလံကို ဈေးဝယ်ထွက်စရာမလိုတော့ပါဘူး။ ဒါ့ပြင် ကန်ဘဲ့ဘူတာရုံလမ်းတစ်လျှောက်နဲ့ ကန်ဘဲ့လမ်းတစ်လျှောက်ဟာ စားသောက်ဆိုင်၊ ဈေး၊ ကျောင်း၊ ဆေးရုံနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ အများအပြား တည်ရှိနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒီလိုစည်ကားတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ရုံးတက်ရုံးဆင်းချိန်တွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်တတ်တာကြောင့် ကားပိတ်တဲ့ဒဏ်ကို တော့ အနည်းငယ်ခံစားရနိုင်ပါတယ်။

ရန်ကင်းမြို့နယ်ဟာ ပြည်တွင်း ဝယ်ယူ/ငှားရမ်းလိုမှု မြင့်မားတဲ့  မြို့နယ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံခြားသား အငှားသွက်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်နေထိုင်မယ့်သူတွေအတွက်ရော ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်ပါ နေရာကောင်းတစ်ခုဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက် စီးပွားရေးအရ အရေးပါတဲ့ မြို့နယ်တစ်ခုဖြစ်တာနဲ့အညီ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ အများအပြားတည်ရှိ နေပြီး စီးပွားရေးလုပ်ကိုင်ရကောင်းမွန်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ 

ကျန်းမာရေးအတွက် ရန်ကင်းကလေးဆေးရုံ၊ လင်းပါရဂူဆေးရုံတို့ရှိပါတယ်။ ဒါ့ပြင် နံနက်စောစောနဲ့ ညနေခင်းတွေမှာ အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက် လမ်းနီ ကန်ဘောင်ကလည်း ရန်ကင်း မြို့နယ်ထဲမှာ တည်ရှိနေပါတယ်။ ရန်ကင်းမြို့နယ်ဟာ သွားလာဆက်သွယ်ရေးအရ လွယ်ကူချောမွေ့တဲ့ နေရာတစ်ခု၊ ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ မြို့နယ်တစ်ခုဖြစ်ရုံသာမက နာမည်ကြီးအစားအသောက်တွေလည်း ပေါများရာ မြို့နယ်တစ်ခုဖြစ်ပါတယ်။ 

ရန်ကင်းမြို့နယ်ကနေ ရန်ကုန်မြို့ထဲကို ကားနဲ့သွားမယ်ဆိုရင်တော့YBS  ယာဉ်လိုင်းတွေဖြစ်တဲ့ ၂၉၊ ၁၂၊ ၈၇ တို့ကို စီးပြီး သွားနိုင်ပါတယ်။ ယာဉ်စီးခကတော့ တစ်ဦးကို ကျပ် ၂၀ဝ ကျသင့်မှာဖြစ်ပြီး အချိန် မိနစ် ၃၀ မှ ၄၀ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။

ရန်ကင်းမြို့နယ်ကနေ လေဆိပ်နဲ့ မင်္ဂလာဒုံအဝေးပြေးကားဂိတ်ကို ကားနဲ့သွားမယ်ဆိုရင်တော့ မိနစ် ၄၀ ကနေ မိနစ် ၅၀ ခန့်အထိ ကြာမြင့် နိုင်ပါတယ်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.