A PHP Error was encountered

Severity: Warning

Message: count(): Parameter must be an array or an object that implements Countable

Filename: models/language_m.php

Line Number: 123

 ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

လုံးချင်းအိမ်တစ်အိမ်မှာ နေထိုင်သလို ခံစားမှုမျိုးပေးနိုင်မယ့် ကျယ်ဝန်းတဲ့ အဆင့်မြင့်ကွန်ဒို တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ လှိုင်မြို့နယ် ကန်လမ်းထဲမှာ တည်ရှိပြီး ထင်ရှားတဲ့ အိမ်ရာစီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီကွန်ဒိုမှာရှိတဲ့ အခန်းတွေရဲ့ ထူးခြားမှုကတော့ ပုံမှန်မြင်တွေ့နေကျ ကွန်ဒိုအခန်းတွေလို မဟုတ်ဘဲ ပိုသေသပ်ပြီး နေချင့်စဖွယ်ရှိပါတယ်။ ဧည့်ခန်းတွေကို အခန်းကျယ်တွေ အဖြစ် သီးသန့်ဖွဲ့စည်းထားပြီး ဧည့်ခန်းနဲ့ အခြားအခန်းတွေကို သီးခြားစီဖြစ်အောင် ဘေးဆွဲတံခါးတွေနဲ့ ခြားထားတာကို တွေ့ရပါတယ်။

တံခါးကိုဖြတ်ကျော်ပြီး ဝင်ရောက်လိုက်တာနဲ့ သီးသန့်ဧည့်ခန်းတစ်ခုပဲဖြစ်ဖြစ်၊ စာကြည့်ခန်းပဲဖြစ်ဖြစ် ပြုလုပ်လို့ရနိုင်တဲ့ နေရာကျယ်တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီရဲ့နောက်မှာတော့ ကျယ်ဝန်းပြီး နေချင့်စဖွယ်ကောင်းတဲ့ မာစတာအိပ်ခန်းသုံးခန်းကို တစ်ဆက်တည်း ဖွဲ့စည်းထားကို တွေ့ရမှာပါ။

မီးဖိုခန်းမှာလည်း မီးအပူကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ ကျောက်တွေနဲ့ တည်ဆောက်ထားပြီး ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင် နေရောင်နဲ့ လေကောင်းလေသန့်ရဖို့ ပြတင်းပေါက်လေးတွေ ထားပေးတာကိုလည်း တွေ့ရပါတယ်။ မီးဖိုခန်းရဲ့နောက်မှာတော့ သေသပ်ပြီး အတော်အတန်ကျယ်ဝန်းတဲ့ maid room နဲ့ ရေချိုးခန်း၊ အိမ်သာတို့ကို ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။

ထမင်းစားခန်းနဲ့ မီးဖိုခန်းကို မီနီဘားလေးတစ်ခုနဲ့ခြားပြီး နောက်ထပ် ထူးခြားတဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေအဖြစ် နံရံလွတ်တွေမှာ မှန်တွေ ထည့်သွင်းအလှဆင်ထား တာကို တွေ့ရပါတယ်။ အသုံးပြုထားတဲ့ အလှဆင်ပစ္စည်းတွေကို ကြည့်လိုက်ရုံနဲ့ သေသပ်လှပပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနဲ့ အလှဆင်ထားတာကို ခံစားရမှာ ဖြစ်ပါတယ်။

အိမ်ခန်းအပြင်ဘက် လျှောက်လမ်းပါတဲ့ အခန်းတွေမှာ လျှောက်လမ်းဘက်ကို အုတ်နံရံအပြည့် ကာရံထားတာကို မတွေ့ရဘဲ သံပန်းတံခါးတွေနဲ့ မှန်တွေကို ကာရံထားတာကို တွေ့ရပါတယ်။ ဒါကတော့ သာမန်ကွန်ဒိုတွေမှာ တွေ့ရခဲတဲ့ အခန်းဖွဲ့စည်းပုံ ဖြစ်ပါတယ်။

ဒီကွန်ဒိုမှာတော့ အရောင်းရော အငှားပါ ရရှိနိုင်မှာဖြစ်ပြီး အငှားဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၂ဝ၀ဝ ဝန်းကျင်ရှိပါတယ်။ အခန်းအမျိုးအစားနဲ့ ပါဝင်တဲ့ အိမ်သုံးပစ္စည်းတွေအပေါ် မူတည်ပြီး ဈေးနှုန်းတွေက ကွာခြားမှုရှိမှာ ဖြစ်ပါတယ်။

ဘိုးဘွားပိုင်မြေ ဝ ဒသမ ၄ ဧကအပေါ်မှာ တည်ဆောက်ထားတဲ့Lamin Luxury Condo  ဟာ စုစုပေါင်း ၁၂ ထပ်ခွဲ အမြင့်ရှိပြီး အခန်းတိုင်းဟာ စတုရန်းပေ ၂ဝ၀ဝ အထက်မှာရှိတာကြောင့် အခန်းအကျယ် အဝန်းကတော့ ဝယ်သူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အဝပေး နိုင်မှာ ဖြစ်ပါတယ်။

အဆောက်အအုံရဲ့အပေါ်ဆုံးထပ်မှာ စတုရန်းပေ ၃çဝ၀ဝ ကျော် ကျယ်ဝန်းတဲ့ Penthouse အခန်း နှစ်ခန်းပါဝင်ပြီး ကွန်ဒိုကနေ မြင်ရတဲ့ အင်းလျားကန်မြင်ကွင်းနဲ့ ရွှေတိဂုံဘုရားမြင်ကွင်းတွေက စိတ်ကျေနပ်စရာကောင်းမှာ အမှန်ပါပဲ။ 

လှိုင်မြို့နယ်၊ ကန်လမ်းထဲမှာ တည်ရှိနေတဲ့ Lamin Luxury Condo  ရဲ့အနီးအနားမှာတော့ အမျိုးအစားစုံလင်လှတဲ့ စားသောက်ဆိုင်တွေ၊ ကျောင်းတွေနဲ့ ဈေးတို့ တည်ရှိနေပြီး အလွန်စည်ကားလှတဲ့ လှည်းတန်းနဲ့လည်း မလှမ်းမကမ်းမှာ တည်ရှိနေတာကြောင့် နေထိုင်သူတွေ အဆင်ပြေစေမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

လှိုင်မြို့နယ်ဟာ ရန်ကုန်ရဲ့စီးပွားရေးအရ အရေးပါတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် ပညာရေးအရလည်း လှိုင်တက္ကသိုလ်နယ်မြေအပြင် တခြားနိုင်ငံတကာ ပုဂ္ဂလိကကျောင်းတွေလည်း အများအပြားတည်ရှိနေပါတယ်။ လှိုင်မြို့နယ်ထဲမှာ အများအားဖြင့် စားသောက်ဆိုင်တွေ၊ ဈေးတွေ ပေါပေါများများတည်ရှိနေပြီး နောက်ထပ်အများဆုံးကတော့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဘဏ်တွေနဲ့ ကုမ္ပဏီရုံးခန်းတွေပဲ ဖြစ်ပါတယ်။

ဒါ့ပြင် စီးပွားရေးအရ အရေးပါတဲ့ ဈေးကြီးတွေဖြစ်တဲ့ သီရိမင်္ဂလာဈေး၊ လှိုင်ဈေးကြီး၊ ရွှေပိတောက်ငါးဈေး အစရှိတဲ့ ဈေးကြီးတွေကလည်း လှိုင်မြို့နယ်ထဲမှာရှိနေတဲ့အပြင် ရန်ကုန်ရဲ့ မြို့နယ်အနည်းငယ်မှာသာ တွေ့ရတဲ့ သင်္ဘောဆိပ်ကိုလည်း လှိုင်မြို့နယ်မှာ တွေ့ရပါတယ်။ ဒါကတော့ ဘုရင့်နောင်သင်္ဘောဆိပ်ပဲ ဖြစ်ပါတယ်။ လှိုင်မြို့နယ်ဟာ မရမ်းကုန်း၊ သမိုင်း၊ လှိုင်သာယာနဲ့ ကမာရွတ်မြို့နယ်တို့နဲ့ နယ်နိမိတ် ချင်း ထိစပ်နေပြီး နယ်မြေဧရိယာအားဖြင့် အတော်အတန်ကျယ်ဝန်းတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

လှိုင်မြို့နယ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကားနဲ့သွားမယ်ဆိုရင် မိနစ် ၃၀ ကနေ မိနစ် ၄၀ ခန့် ကြာမြင့်နိုင်ပါတယ်။ ရန်ကုန်မြို့တွင်းကို ကားနဲ့သွားမယ်ဆိုရင်တော့ မိနစ် ၅၀ ကနေ မိနစ် ၇၀ ခန့်အထိ ကြာမြင့် နိုင်ပါတယ်။   

Facebook comments

https://www.estatemyanmar.com.mm/index.php/en/about/8">Terms and Conditions | 

A PHP Error was encountered

Severity: Warning

Message: Use of undefined constant id - assumed 'id' (this will throw an Error in a future version of PHP)

Filename: components/footer.php

Line Number: 32

https://www.estatemyanmar.com.mm/index.php/en/about/9">Privacy Policy
Biggest Real Estate Agency in Myanmar One-Stop Services Largest Real Estate Data Collection Registered Real Estate Firm
Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.