အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းအဝယ်မမှားစေဖို့

javascript
✉ ✉ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းအဝယ်မမှားစေဖို့ ✉ ✉
ကျွန်တော်တို့နေထိုင်ကြသော အိမ်နေရာ၊ မြေနေရာများကို ဘိုးဘွားပိုင်မြေ၊
ဂရန်မြေ၊ ပါမစ်မြေ၊ ဥယျာဉ်မြေစသည်ဖြင့် မြေအမျိုးအစားများ
ခွဲခြားထားကြပါတယ်။
ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေတို့ကို အရောင်းအဝယ်ပြုလုပ်ပါက
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်အရောင်း၊ အဝယ်စာချုပ်ချုပ်ဆိုခွင့်
ရပါသည်။ ကျန်သည့်မြေအမျိုးအစားများဖြစ်သော ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့မှာမူ စာချုပ်စာတမ်းမှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆို ခွင့်မပြုသည့်
မြေအမျိုးအစားတွင် ပါဝင်သဖြင့် အရောင်းအဝယ်၊ ကတိစာချုပ်ဖြင့်သာ
လွဲပြောင်းဝယ်ယူကြပြီး၊ ထိုမှ တစ်ဆင့် ဂရန်သစ်လျှောက်ထားကြရပေသည်။
တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ပါက ဝယ်ယူသည့် Customer က
ဝယ်ယူမည့်တိုက်ခန်း၏ ပိုင်ဆိုင်မှုစာချုပ်၊ စာတမ်းများကို သေချာစီစစ်
လာကြပါသည်။ မြေပိုင်ရှင်မရှိသောအခန်းများမှာ ဘယ်လောက်ပဲ
ကောင်းကောင်းဝယ်ယူမည့်သူမှာ လက်မှတ် ကို ပါစေချင်ကြပါသည်။
ထို့ကြောင့်လူကြီးမင်းတို့တိုက်ခန်းများ၊ အိမ်၊ ခြံ၊ မြေများကို ရောင်းမှား/ဝယ်မှားမဖြစ်ရအောင် အတွေ့အကြုံရှိ၍ ဥပဒေနားလည်သော ပညာရှင်များနှင့်
တိုင်ပင်ဆွေးနွေးပြီးမှ ဝယ်ယူသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ကိုဖြိုးအောင်ကျော်
မြန်မာ့အိမ်ခြံမြေသတင်းဌာန Myanmar Property News – MPN

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.