အိမ်ခြံမြေ အရောင်းအဝယ်ညှိနှိုင်းဆွေးနွေးမှု ထိရောက်စေရန်

javascript
အိမ်ခြံမြေ အရောင်းအဝယ်ညှိနှိုင်းဆွေးနွေးမှု ထိရောက်စေရန်
----------------------------------------------------------------------------
မိမိမြေကွက် (သို့) အိမ်ရောင်းချင်တယ်ဆိုလျှင် ဝယ်မည့်သူနှင့် ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်ကိစ္စကို စေ့စပ်ညှိနှိုင်းခြင်းသည် အိမ်တစ်လုံးရောင်းချရာတွင် အရှုပ်ထွေးဆုံးအပိုင်းဖြစ်သည်။ တီထွင်ဖန်တီးမှုအများဆုံးလုပ်ကိုင် ရသည့် အပိုင်းလည်းဖြစ်သည်။ ထို့ကြောင့် စေ့စပ်ညှိနှိုင်းရာတွင် အရေးကြီးသည် အချက်များဖြစ်ပြီး တတ်နိုင်သမျှအကောင်း ဆုံးဖြစ်ရန် မဟာဗျူဟာအချို့ကို တင်ပြအပ်ပါသည်။
(၁) တစ်ဖက်သားကို Respect ပေးခြင်းဖြင့် ဆက်ဆံရေးကောင်းမွန်လာအောင် ပြုစုပျိုးထောင်ပါ။
(၂) မိမိစိတ်ထဲတွင် စီးပွားရေးညှိနှိုင်းသူတွေဟာ မိတ်ဆွေဖြစ်တယ်။ ဦးတည်ချက်က အရောင်းအဝယ်ဖြစ်ရေးသဘော တူညီချက်ရရှိရေးဖြစ်တယ်။
(၃) မိမိအမြင်ကို အဓိကထားပြီး ညှိနှိုင်းရင် အချိန်ကုန်၊ လူပင်ပန်းဖြစ်လာမယ်။ လုပ်ငန်းတွင်ကျယ်မှုမရှိနိုင်ပါ။
(၄) ဝယ်သူရဲ့ရှုထောင့်က ကြည့်ရမယ်။ သူ့အမြင်၊ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။
(၅) တစ်ဖက်သားအမြင်ကို ပြောင်းလဲစေနိုင်တဲ့ နည်းတစ်နည်းက သူတို့မျှော်လင့်ချက်နဲ့ မကိုက်ညီတဲ့ အပြုအမူကို ပြုလုပ်ဖို့ဖြစ်တယ်။
(၆) ရောင်းသူနဲ့ ဝယ်သူဆက်ဆံရေး ပျော့ပြောင်းရမယ်။ သို့သော် ပြဿနာကိုင်တွယ်ရာတွင် တင်းမာမှုရှိရမယ်။
(၇) ပြဿနာနှင့် လူသားကို ခွဲခြားနိုင်ရမည်။
(၈) သင့်ရဲ့စိတ်ဝင်စားမှုကို လေးစားစေချင်ရင် တစ်ဖက်သားစိတ်ဝင်စားမှုကိုလည်း အလေးထားရမည်။
(၉) သဘောတူညီမှုရရှိရေးအတွက် ပြုလုပ်နိုင်သည့်နည်းလမ်းတစ်ခုကတော့ တစ်ဖက်လူရဲ့ဦးစားပေးမှုကို မေးမြန်း ရမယ်။ ဘယ်ဟာဆိုရင် လက်ခံနိုင်မလဲ မေးမြန်းတာထက် ဘယ်ဟာကို ပိုနှစ်သက်သလဲဟု မေးမြန်းခြင်းကို ပိုမို ထိရောက်မှုရှိပါတယ်။ သူနှစ်သက်တဲ့ အချက်ပေါ် အခြေခံပြီး ဆက်လက်ဆွေးနွေးရမည်။
(၁၀) မိမိဆန္ဒကို တက်ကြွစွာ ပြောဆိုရမည်။
(၁၁) နှစ်ဦးနှစ်ဖက်အကျိုးကိုကြည့်ပြီး၊ နှစ်ဦးနှစ်ဖက်စိတ်ဝင်စားမဲ့အဖြေကိုရှာရမည်။
အဆိုပါ အခြေအနေများသည် အိမ်ခြံမြေရောင်းဝယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် Win - Win situation အကောင်းဆုံးရလဒ်ဖြစ်သည်။
ကိုစံအောင်
မြန်မာ့အိမ်ခြံမြေသတင်းဌာန Myanmar Property News - MPN

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.